What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 26 October 2019 17:25
သင်အိပ်နေတဲ့ ခေါင်းအုံးတွေကို သတိထားပါ.. ဒီညပဲ မအိပ်ခင် အပေါ်ဖုံးကို ချွတ်ကြည့်ကြပါနော်
ဒေါက်တာဖြိုးကိုကို Professional Development Coach
{Unicode}
======
သင့်အသည်းအတွက် ကောင်းသော အစားအစာများနှင့် မကောင်းသော အစားအစာများ
သင် တစ်နေ့ စားနေသလောက် ဆားဓာတ် တွေကို ခန္ဓာကိုယ်က မလိုအပ်ပါဘူး။ လေ့လာချက်တွေအရ ဆားများများစား ခြင်းက သင့်အသည်း အတွက် မကောင်းပါဘူး။ Fibrosis လို့ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ခြင်း တွေ ဖြစ်တတ်ပြီး အသည်းရောဂါ တွေဖြစ်လာ စေပါတယ်။
ဒါကြောင့် ဆားလျှော့စား ပေးသင့်ပါတယ်။ ဆားကလည်း နေ့စဉ် စားနေတဲ့ အစားအစာတွေ အာလုံးနီးပါးမှာ ပါဝင်တဲ့ အတွက် လျှော့ချဖို့ ခက်ခဲ တတ်ပါတယ်။ အထူးသဖြင့် အကင်တွေ၊ အသင့်စားသုံး လို့ရတဲ့ အစားအစာ တွေကို ရှောင်လိုက်ပါ။ စည်သွပ်ဘူးတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာ တွေ အစား လတ်လတ် ဆတ်ဆတ် အစားအစာတွေကို စားပေးပါ။ အငံများတဲ့ အစားအစာတွေကို လည်း လျှော့စားပေးပါ။
ဟင်းနုနွယ် ဟင်းနုနွယ်က ဆေးဖက်ဝင် တယ်လို့ လူကြီး တွေ ပြောကြစမြဲပါ။ ဟုတ်ပါတယ်။ အသည်းအတွက် လည်း glutathione လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ကိန်း များစွာ ပါဝင်တဲ့ ဒီ ဟင်းနုနွယ် ရွက် က အလွန် အကျိုးရှိတဲ့ အစားအစာ လို့ ပြောလို့ရပါတယ်။ နောက်ပီး ဟင်းနုနွယ်ရွက် ကိုချက်ပြုတ်ရတာ လည်း အလွန်လွယ်ပါတယ်။
သင်အိပ်နေတဲ့ ခေါင်းအုံးတွေကို သတိထားပါ.. ဖတ်ရှုရန် နှိပ်ပါ။
သင်အိပ်နေတဲ့ ခေါင်းအုံးတွေကို သတိထားပါ.. ဒီညပဲ မအိပ်ခင် အပေါ်ဖုံးကို ချွတ်ကြည့်ကြပါနော်
အကောင်းဆုံး အရသာ ရှိဆုံး ဖြစ်အောင် လွယ်ကူစွာ ချက်ပြုတ်နိုင်ပါတယ်။ သုတ်စားတာ ဖြစ်ဖြစ်၊ ကြော်စားတာ ဖြစ်ဖြစ် စားပေးခြင်းဖြင့် သင့်အသည်းအတွက် ကောင်းမွန်တဲ့ ဟင်းတစ်ခွက် ကို ရစေမှာပါ။ ကြက်သွန်ဖြူ၊ သံလွင်ဆီ လေးနဲ့ စိမ်ထားပြီး စားပေးလို့လည်း ရပါတယ်။ ဘယ်ရီသီး ဘယ်ရီ သီးတွေက လည်း polyphenols လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့ အတွက် အသည်းအတွက် ကောင်းပါတယ်။
ဘယ်ရီသီးတွေက လူတိုင်းနီးပါး ကြိုက်ကြပြီး အဆီကြောင့် ဖြစ်တတ်တဲ့ အသည်းရောဂါတွေ အတွက်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် လူနဲ့ တည့်တဲ့ အစားအစာ တစ်မျိုးပါပဲ။ သွေးထဲမှာ အဆီများခြင်း၊ အဝလွန်ခြင်းတွေအတွက် လည်း အလွန်ကောင်းပါတယ်။
သင့်အနေနဲ့ ဘယ်ရီ သီးတွေကို မကြိုက်ဘူး ဆိုရင်လည်း polyphenols ဓာတ်တွေ များများ ပါဝင်တဲ့ အခြားသော အစားအစာ တွေ . ဥပမာ - ချောကလက်၊ သံလွင်သီး၊ ဆီးသီး စတာ တွေကိုလည်း စားသုံး နိုင်ပါတယ်။ ဆက်လက်ဖော်ပြပါမည်။
Read times Last modified on Saturday, 26 October 2019 17:39
Rate this item
(0 votes)