What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 November 2018 10:46

ပိုးသတ်ဆေးပြားကို အကိုက်အခဲပျောက်ဆေးထင်ပြီး သောက်မိတဲ့ အမျိုးသမီးသေဆုံး

ပဲပိုးသတ်ဆေးပြားအား အကိုက်အခဲပျောက်ဆေးဟု

ထင်မှတ်ကာ မှားယွင်း သောက်မိသော အသက် ၂၀အရွယ် အမျိုးသမီးတစ်ဦး တောင်တွင်းကြီးမြို့နယ်အတွင်းတွင်သေဆုံးခဲ့သည်။

ယမန်နေ့(အောက်တိုဘာလ ၃၁ ရက်)မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်ဝယ် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာတွင် ပိုးသတ်ဆေးသောက်မိ၍ အမျိုးသမီး တစ်ဦးသေဆုံးသွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် အဆိုပါကျေးရွာနေ မဇင်နွယ်ထွန်း(၂၀)နှစ်သည် နေထိုင် မကောင်းသဖြင့် "ကြူဖော့မတ်'' ပဲပိုးသတ်ဆေးပြားအား အကိုက်အခဲပျောက်ဆေးဟု ထင်မှတ်ကာ မှားယွင်းသောက်မိခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် တောင်တွင်းကြီးမြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၇/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဒါကြောင့် မိမိကိုယ်တိုင်အသုံးပြုတဲ့ သောက်ဆေးတွေကို နေရာတကျထားဖို့လိုအပ်ပါသလို အသုံးပြုလို့ ရတဲ့ ဆေးတွေကို အမှတ်သားများဖြင့် မှတ်ထားခြင်းဖြင့် ဘေးအန္တာရယ် ကင်းစေနိုင်ပါတယ်။ ဆေးဝါးများတွင်လဲ အရွယ်နှင့် လိုက်၍ သောက်သင့်တဲ့ ဆေးဝါးများကို သတိရှိရှိထားဖို့လဲ လိုပါတယ်။

ဆေးဝါးများနှင့် ထင်မှတ်မှားနိုင်သော ပိုးသတ်ဆေးများ(အရာဝတ္ထုသုံးပိုးသတ်ဆေး) ကို သောက်သုံးသော ဆေးဝါးများနှင့် နေရာ အတူတူထားခြင်းများကို ရှောင်ကျဉ်ဖို့လိုပါတယ်။ ဆေးဝါးများဖြစ်စေ တခြားသော ပိုးသတ်ဆေးများ(အရာဝတ္ထုသုံးပိုးသတ်ဆေး) များကို မှားယွင်းအသုံးပြုမိခဲ့လျှင် အမြန်ဆုံး ဆရာဝန်များထံ သွားရောက်ပြသင့်ပါတယ်။ အခြေနေပေါ်မူတည်၍ အရေးပေါ်သို့သွားဖို့ လိုပါတယ်။

Ref:

မျက်နှာကို ရေခဲနှင့်ပွတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

မျက်နှာကို ရေခဲနှင့်ပွတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

 

Read times
Rate this item
(1 Vote)