What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 August 2020 13:54

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း​၏ ၂၀၂၀-၂၀၂၂ သက်တမ်းအတွက် ဗဟိုအလုပ်မှူဆောင်နှင့် အလုပ်မှူဆောင်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း​၏ ၂၀၂၀-၂၀၂၂ သက်တမ်းအတွက် ဗဟိုအလုပ်မှူဆောင်နှင့် အလုပ်မှူဆောင်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပခြင်း MCCPMD

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း​၏ ၂၀၂၀-၂၀၂၂ သက်တမ်းအတွက် ဗဟိုအလုပ်မှူဆောင်နှင့် အလုပ်မှူဆောင်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Image may contain: 5 people, people standing and indoor

ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှူကော်မရှင်လူကြီးများအဖြစ်

(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးလင်းနိုင်မြင့်၊

(၂) ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်​ဒေါက်တာထွန်းမြင့်၊


(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်၊
(၄) မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှူလက်မှူလုပ်ငန်းရှင်များအသင်း​၏ ဘဏ္ဍာရေးမှူး ဦးမြဟန်၊


(၅)မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း​၏ အကြံပေး ဦးကျော်ဝင်း တို့မှဆောင်ရွက်ပေးခဲ့ကြပါသည်။

Image may contain: 2 people, people sitting, table and indoor

အခမ်းအနားအစီအစဉ်အရ

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း​၏ဥက္ကဌ ဦးဇော်မိုးခိုင်မှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားခြင်း၊

အလုပ်မှူဆောင်အသစ်ရွေးချယ်ပွဲ ဖြစ်မြှောက်ရေးကော်မတီမှ အလုပ်မှူဆောင်အသစ်ရွေးချယ်တင်မြှောက်ခြင်းစနစ်ကိုရှင်းလင်းတင်ပြခြင်း၊

ဆန္ဒမဲပေးလွှာများအား ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှူကော်မရှင်ထံသို့လွှဲပြောင်းပေးအပ်ခြင်း၊

ဆန္ဒမဲပေးလွှာများအား ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှူကော်မရှင်မှ အတည်ပြုစစ်ဆေးပေးခြင်း၊

အသင်းဝင်များမှ လွတ်လပ်စွာဆန္ဒမဲပေးခြင်းတို့ ပြုလုပ်ကြပါသည်။

Image may contain: 1 person, sitting, table and indoor

ထို့နောက် ၂၀၂၀-၂၀၂၂ သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခံရသော အလုပ်အမှူဆောင် (၃၅)ဦးစာရင်းအား ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှူကော်မရှင်မှ အတည်ပြုဖတ်ကြားကြေငြာခဲ့ပါသည်။

Image may contain: screen

ဆက်လက်၍၂၀၂၀-၂၀၂၂ သက်တမ်းအတွက် တာဝန်ယူဆောင်ရွက်မည့် ဗဟိုအလုပ်မှူဆောင်များအားရွေးချယ်တင်မြှောက်ခြင်း၊ ရွေးချယ်တင်မြှောက်ခံရသော ဗဟိုအလုပ်အမှူဆောင် (၁၇)ဦးစာရင်းအား ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှူကော်မရှင်မှ အတည်ပြုဖတ်ကြားကြေငြာခြင်းကိုဆက်လက်ဆောင်ရွက်ပါသည်။

Image may contain: screen

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များအားရွေးချယ်တင်မြှောက်ခြင်း၊ ရွေးချယ်တင်မြှောက်ခံရသော စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဥက္ကဌ၊ ဒုတိယဥက္ကဌ(၁)၊ ဒုတိယဥက္ကဌ(၂)၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)၊
တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တို့ကို ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှူကော်မရှင်မှ အတည်ပြုဖတ်ကြားကြေငြာခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ညနေ (၄)နာရီခနိ့တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ 

 

MCCPMD

Read times
Rate this item
(0 votes)