အစာရေမျို ပြွန်ထဲကို အစာအိမ်ထဲကအက်ဆစ်တွေဆန်တက်ပြီး ရင်ညွန့်မှာ ပူပူလောင်လောင် ဝေဒနာခံစားရသူတိုင်းအတွက် အာဟာရဆိုင်ရာအကြံကောင်းများကို တင်ပြပေးလိုက်ပါတယ်။
အစာရေမျိုပြွန်ရဲ့အောက်ပိုင်း ကြွက်သားက အဆို့ရှင်ကို အားနည်းပြီးပျော့ပြောင်းစေတဲ့ အကြောင်းတွေထဲမှာ အရက်၊ ဆေးလိပ်နဲ့အပူအစပ်တွေ ပါဝင်ပါတယ်။
ရင်ပူနာဆိုတဲ့နေရာမှာ အစာအိမ်ထဲကအက်ဆစ်တွေ အပေါ်ကိုဆန်တက်ပြီး ရင်ညွန့်မှာပူစပ်ပူလောင်ဖြစ်တတ်တာဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ရင်ပူနေပြီဆိုရင်တော့ ဒီလိုအစားအစာလေးတွေကို ဆောင်ဖို့ရှောင်ဖို့လိုအပ်လာပါပြီ။
ရင်ပူတက်သူများအနေဖြင့် ရှောင်ရှားသင့်တဲ့ အရည်များကတော့ နွားနို့ ၊ ခရင် ၊ ကော်ဖီကြမ်း ၊ လက်ဖက်ရည်ချို ၊ ဆော်ဒါပါဝင်သောအသင့်သောက်အချိုရည်များ ၊ လိမ္မော်ရည် ၊ သံပရာရည် နဲ့ ကမ္ဗလာရည် တို့ ဖြစ်ပါတယ်။ သောက်သင့်သောအရည်အမျိုးအစားများကတော့ အဆီထုတ်ထားသောနွားနို့ ၊ အသီးဖျော်ရည်များ ၊ ကဖိန်းဓာတ်မပါဝင်သောအချိုရည်များ တို့ဘဲ ဖြစ်ပါတယ်။
Read More : ခါးနာခြင်းကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်း ၃ ချက်
စားနိုင်သောအဆီအမျိုးအစားများကတော့ ထောပတ် မာဂျရင်း ၊ အသီးအရွက်ဆီ ၊ ကြက်ဥဖောက်ချဉ် မယောနိစ် ၊ ဒိန်ခဲ များဖြစ်ပြီး ရှောင်ရှားဖို့ လိုအပ်တဲ့အရာများကတော့ စပျစ်သီး ခြောက် ၊ အစပ်နှင့်အငံများသောဆော့များ ၊ အသားပြား ၊ ငါးပိငါးခြောက်များ နှင့် အစေ့အဆန်တွေဘဲ ဖြစ်ပါတယ်။
စားသင့်သောအချိုအမျိုးအစားများကတော့ သကြား ၊ ပျားရည် ၊ ယို ၊ ကိတ်မုန့် ၊ အဆီနည်းသောကွတ်ကီးများ ဖြစ်ပြီး ရှောင်ရှားဖို့ လိုအပ်တဲ့ အချိုများကတော့ ချောကလက် ၊ ပူရှိန်း ၊ ချိုပျစ်သော ချိုချဉ်လုံးများ ၊ ပီကယ် တို့ဘဲ ဖြစ်ပါတယ်။
ရင်ပူတတ်သူများအနေဖြစ် အသားတွေကို ကြိုက်တက်တယ်ဆိုရင် စားသင့်သောအသားအမျိုးအစားများကတော့ ဝက်သား ၊ ကြက်သားအကင် ၊ အပြုတ် ၊ ပဲနှပ် ၊ မြေပဲထောပတ် ၊ ကြက်ဥ ၊ ဘဲဥ တို့ဖြစ်ပြီး ရှောင်ရှားသင့်တဲ့ အသား နှင့် ငါး များကတော့ အမဲသားကြော် ၊ ကြက်ကြော် ၊ ကြက်ဥကြော် ၊ ဘေကွန်အသားပြား ၊ ဝက်အူချောင်းကြက်အူချောင်း ၊ ဆီပြန်ဟင်း ၊ ချဉ်စပ်ပြုတ် ၊ အာပူလျှာပူ တို့ဘဲ ဖြစ်ပါတယ်။
ဒါပြင် အသီးအရွက်ဆိုရင်တော့ ခရမ်းချဉ်သီးကလွဲလို့အကုန်စားနိုင်ပါတယ်။
Source: drmyanmar
Health Products Directiry