What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 September 2017 16:38

ရာသီလာချိန်မမှန်စေတဲ့ အကြောင်းရင်းများ

ရာသီလာချိန်မမှန်စေတဲ့ အကြောင်းရင်းများ google.com

ပျိုမေတို့အနေနဲ့ ကိုယ်ဝန်မရှိပါဘဲနှင့် တခါတရံမှာ ရာသီလာချိန်နောက်ကျတာ ဒါမှမဟုတ် လပေါင်းများစွာ ကြာရာသီသွေးလုံးဝ မဆင်းတော့တာမျိုးတွေကြုံတွေ့ရခြင်းဟာ မိမိရဲ့ ဘ၀နေထိုင်မှုပုံစံ အပေါ်မှာ များစွာမူတည် နေပါတယ်။

ဒါကြောင့် ဘယ်လိုအကြောင်းရင်းတွေက လစဉ်ရာသီလာချိန် မမှန်စေရသလဲဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁. ကိုယ်အလေးချိန်ကျသွားခြင်း (သို့) လေ့ကျင့်ခန်းလွန်ကဲစွာလုပ်ခြင်း

ပိန်ချင်လွန်းလို့ အစာရှောင်ပြီး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တာကြောင့် ခန္ဓာကိုယ်မှာရှိ သင့်တဲ့ အဆီတွေ မရှိတော့တဲ့အတွက် ဟော်မုန်းမထုတ်နိုင်ဘဲ ဖြစ်ကာ ရာသီမလာတော့ပါဘူး။ ကိုယ် အလေးချိန်လွန်စွာ နည်းသူတွေ၊ မိမိမှာရှိတဲ့ပေါင်ချိန်ထက် ရုတ်တရက် လျော့ကျသွားသူတွေ၊ ပိန်ဖို့၊ ၀ဖို့၊ လှဖို့ အတွက်ရည်ရွယ်ပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးနောက် အာဟာရပြည့်မီစွာ မစားသူတွေ အနေနဲပလည်း လစဉ်ရာသီ ပုံမှန်မလာတာမျိုး တွေဖြစ်တတ်ပါတယ်။ ၀လွန်းသူတွေအနေနဲ့လည်း ရာသီ မှန်မှန်မလာတတ်ပါဘူး။

၂. စိတ်ဖိစီးမှုများခြင်း

ဦးနှောက်အစိတ်အပိုင်း ဟိုက်ပိုသဲလမတ်မှာ မီးယပ်သွေးမှန်အောင်ပြုလုပ်ပေးနိုင်တဲ့ ဟော်မုန်းများ စွာရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ ယင်းဟော်မုန်းတွေမထွက်တော့ပါဘူး။ ဒါကြောင့် သွေးထိမ်သွား တတ်ပါတယ်။

၃. သားဥအိမ်တွင် ရေအိတ်တည်ခြင်း

ဝဖိုင့်ဖိုင့် အမျိုးသမီးတွေအနေနဲ့ သားဥအိမ်မှာ ရေအိတ်တည်တဲ့ရောဂါဖြစ်နိုင်ခြေ များပါတယ်။ ဟော်မုန်းမမှန်ဘဲ သားဥမကြွေတာကြောင့်ဖြစ်စေပြီး ယင်းရောဂါခံစားနေရသူများတွင် မျက်နှာနှင့်ရင်ဘတ်တွင် အမွေးပေါက်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရ ခက်ခဲခြင်း၊ ကလေးရဖို့ခက်ခဲခြင်းစတဲ့ လက္ခဏာ တွေတွေ့ရတတ်ပြီး မီးယပ်သွေးလုံးဝမပေါ်တော့တာ ဒါမှမဟုတ် ရာသီပုံမှန်မလာ တာတွေ ဖြစ်စေနိုင်ပါတယ်။

၎. သိုင်းရွိုက်မညီမျှခြင်း

လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေတာကြောင့် ယင်းသိုင်းရွိုက်ဂလင်းမှ ဟော်မုန်းလွန်ကဲစွာထွက်လာပါက ဒါမှမဟုတ် သိုင်းရွိုက်ဟော်မုန်း မညီမျှတော့ပါက ရာသီစက်ဝန်း မမှန်စေတော့ပါဘူး။

၅. သန္ဓေတားဆေးမှီဝဲခြင်း

သန္ဓေတားဆေးမှီဝဲနေချိန်မှာ ဆေးရပ်လိုက်ခြင်း၊ ဆေးအမျိုးအစားပြောင်းသောက်ခြင်း၊ သန္ဓေ တားဖို့ နည်းလမ်းများစွာ အသုံးပြုခြင်း၊ သွေးဆုံးခြင်း ဒါမှမဟုတ် အရွယ်မတိုင်ခင် သွေးဆုံးခြင်း၊ တခြား ဆေးဝါးများ မှီဝဲနေရခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။

READ - ပျိုမေတို့သိမှတ်ဖွယ်ရာ ရာသီလာချိန်အတွင်း စားသင့်သောအစားအစာ

Source: drmyanmar.com

Read times
Rate this item
(0 votes)