What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 16 October 2017 13:57

အံဆုံးနုတ်ပြီးရင် သတိထားသင့်တဲ့ အချက် (၁၀) ချက်

အံဆုံးနုတ်ပြီးရင် သတိထားသင့်တဲ့ အချက် (၁၀) ချက် google.com

၁. ဂွမ်းစလေးကို ကိုက်ထားပါ။

အံဆုံးဖယ်ရှားပြီးတဲ့အခါ အနာပေါ်မှာ ဂွမ်းစကို ဖိကိုက်ထားပါ။

အနာက သွေးတိတ်စေဖို့ ဖြစ်ပါတယ်။ ဂွမ်းမှာ သွေးတွေများနေရင် နောက်တစ်ခုလဲပေးနိုင်ပါ တယ်။ ပုံမှန်အားဖြင့်တော့ အံဆုံးနုတ်ပြီး ၂၄ နာရီအတွင်းမှာ သွေးတိတ်လေ့ရှိပါတယ်။ သည်ထက်ကျော်ပြီး သွေးထွက်နေရင် ဆရာဝန်ပြန်ပြပါ။

၂. ရေခဲကပ်ပေးပါ။

အရောင်ကျစေဖို့အတွက် ပါးအပြင်ကနေ ရေခဲအိတ် သို့မဟုတ် ရေအေးဝတ်နဲ့ ကပ်ပေးပါ။ အံဆုံးနုတ်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာအောင်ကပ်ပေးရမှာဖြစ်ပါတယ်။ သည်ကာလကျော်လွန်သွားရင်တော့ ရေခဲအိတ်ထက် အနွေးဓာတ်ပေးတာက အရောင်ပိုကျစေနိုင်ပါလိမ့် မယ်။ နောက်နှစ်ရက်သုံးရက်ကြာရင် ရေနွေးဆွတ်ထားတဲ့ပဝါတစ်ထည်ကို ရေညှစ်ပြီး ပါးမှာ ခပ်ဖွဖွကပ်ပေးနိုင်ပါတယ်။

၃. အိပ်တဲ့ ဦးခေါင်းကို မြှင့်ထားပါ။

ကြမ်းပေါ်မှာ တစ်ပြေးတည်း အိပ်တာက သွေးထွက်ခြင်းကို တာရှည်စေပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ခေါင်းအုံးတစ်လုံး ထပ်ဆင့်ပြီး ဦးခေါင်းကိုမြှင့်ထား ပေးပါ။

၎. ၂၄ နာရီနောက်ပိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပါ။

အံဆုံးနုတ်ပြီး ၂၄ နာရီကျော် ရင် ပိုးသတ်ဆေးနဲ့ ဖြည်းဖြည်းချင်းပလုတ်ကျင်းပါ။ ပလုတ်ကျင်းတာ ကြမ်းရင် သွားပေါက်ထဲမှာ အနာကျက်စေတော့ မယ့်သွေးခဲတွေကို ပြန်ပွင့်သွားစေနိုင်တာကြောင့် အသာအယာလုပ်ပါ။ ဆားရည်နဲ့ပလုတ်ကျင်းရင်နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေး ၂၅၀ မီလီဂရမ်မှာ ဆားတစ်ဇွန်းထည့်ပြီး တစ်နေ့ကို သုံးကြိမ်လောက်ပလုတ်ကျင်းပါ။

၅. အစာပျော့ပျော့စားပါ။

သွားနုတ်ပြီး ရက်ပိုင်းအတွင်း အစာပျော့ပျော့ သို့မဟုတ်အရည်ပဲစားတာပိုကောင်းပါတယ်။ ပူတင်း၊ ဒိန်ချဉ်၊ စွတ်ပြုတ်ကျဲကျဲတို့စားပေးတာ အာဟာရပြည့် နိုင်ပါတယ်။ အနာကျက်စေမယ့် သွေးခဲလေးတွေ ထွက်သွားစေနိုင်တာကြောင့် အပူမသောက်ပါနဲ့။

READ - သွားတိုက်ရာတွင် မှားယွင့်လေ့ရှိသော အချက် (၁၀) ချက်

၆. ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။

ပဋိဇီဝဆေးဝါးတွေသောက်ဖို့ ဆရာဝန်ကညွှန်ကြားထားရင် ဆေးပတ်လည်အောင်သောက်ပါ။ နာကျင်မှုနဲ့ ရောင်ရမ်းမှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေး ပေးထားမှာ ဖြစ်ပေမဲ့သွေးထွက်များလာရင် အရမ်းနာကျင်ကိုက်ခဲလာရင် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေဖြစ်လာရင်ဆရာဝန်နဲ့ပြပါ။

၇. ပလုတ်ကျင်းတာ

သွားနုတ်ထားတဲ့နောက်ပိုင်းမှာ သွားအခေါင်းပေါက်ထဲ သွေးစတင်ခဲလာပါတယ်။ ဒါမှအနာကျက်စေမှာပါ။ ဒါကြောင့် သွားနုတ်ပြီး ၂၄ နာရီအတွင်း တံတွေးထွေးတာ၊ ပလုတ်ကျင်းတာ မလုပ်ဖို့ အရေးကြီးပါတယ်။

၈. ပိုက်နဲ့မသောက်ပါနဲ့။

အအေးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် ပိုက်နဲ့စုပ်သောက်တဲ့အခါ သွေးခဲဖြစ်ပေါ်မှုပျက်ယွင်းစေပြီး အနာကျက်ဖို့ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ရက်ပိုင်းလောက် အတွင်း ပိုက်နဲ့မသောက်ပါနဲ့။

၉. အားစိုက်ရတဲ့အလုပ်တွေ

အားစိုက်လှုပ်ရှားရတဲ့အလုပ်တွေက သွေးထွက်များစေပါတယ်။ ရက်ပိုင်းလောက်လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။ အနာကျက်စေဖို့ သက်သောင့်သက်သာနားနေပါ။

၁၀. အရက်နဲ့ ဆေးလိပ်မသောက်ပါနဲ့။

စုပ်ယူ၊ ရှိုက်ယူရတဲ့လှုပ်ရှားမှုက သွေးခဲပျက်ယွင်းစေပြီး အနာကျက်နှေးစေတာကြောင့် ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင်အဲသည်နေရာကိုသွေးရောက်ရှိမှု လျော့နည်းစေတာကြောင့် အနာကျက်နှေးစေပါတယ်။ နောက်တစ်ချက်က ဆေးလိပ်သောက်ခြင်းဟာ အနာပေါ်ပိုးမွှားတွေ ဝင်ရောက်စေနိုင်ပါ တယ်။ အနာကျက်တဲ့အထိအရက်နဲ့ ဆေးလိပ်ကိုရှောင်သင့်ပါတယ်။

READ - သွားဖြူအောင်၊ သွားကောင်းအောင် ဘာတွေစားမလဲ

Source: kumudranews

Read times
Rate this item
(0 votes)