What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 March 2017 11:02

ဝက်ခြံပေါက်နေသူများအတွက် သက်သာပျောက်ကင်းစေယ့် အကောင်းဆုံး နည်းလမ်းများ

ဝက်ခြံပေါက်နေသူများအတွက် သက်သာပျောက်ကင်းစေယ့် အကောင်းဆုံး နည်းလမ်းများ Google.com

မျက်နှာပေါ်တွင် ဝက်ခြံပေါက်လာပြီဆိုလျှင် အမြန်ပျောက်ကင်းစေဖို့ နည်းအမျိုးမျိုးကို ကုသကြပါတယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက်ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်များ၊ အပူအစပ်များကို အလွန်အမင်း စားသုံးခြင်း၊ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်များကို ရှောင်သင့်ပါတယ်။ တစ်ချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖု ဖြစ်စေနိုင်ပါတယ်။

ဝက်ခြံ မပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ပျောက်ကင်းစေမယ့် ကုသနည်းလမ်း

- ရေခဲကပ်ပါ။

- ပင်လယ်ရေ စိမ်ပါ။

- အာလူး ကပ်ပါ။

- သခွားသီး ကပ်ပါ။

- ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

- တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

- သံလွင်ဆီ လိမ်းပါ။

- တရားထိုင်ပါ။

Source: healthplusmm

Read times Last modified on Tuesday, 14 March 2017 17:44
Rate this item
(1 Vote)