What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 October 2017 15:50

မိခင်နို့ချို တိုက်ကျွေးခြင်းကြောင့် ဖြစ်ရသော နာကျင်မှုကို ကာကွယ်နိုင်မည့် နည်းလမ်းများ

မိခင်နို့ချို တိုက်ကျွေးခြင်းကြောင့် ဖြစ်ရသော နာကျင်မှုကို ကာကွယ်နိုင်မည့် နည်းလမ်းများ google.com

၁. ကလေးကို အနေအထား မှန်ကန်စွာ ချီမပါ။

မိခင်နို့ချို စတင်တိုက်ကျွေးတဲ့အခါ နို့သီးခေါင်း နာကျင်မှု ဝေဒနာမရစေဖို့အတွက် မွေးကင်းစ ကလေးငယ်ကို အနေအထားမှန်မှန် ချီမပါ။

ကလေးရဲ့ ပါးစပ်က နို့သီးခေါင်းကို ငုံအုပ်မိစေမယ့် အနေအထား ဖြစ်ဖို့ လိုပါတယ်။ ကလေးက အနေအထား မမှန်ဘဲ နို့စို့နေရင် နို့စို့တာကို ခဏရပ်နားပြီးမှ ပြန်လည် ကြိုး စားပေးသင့်ပါတယ်။

၂. ဂရုစိုက်ပြီး ရပ်နားပါ။

သင့်အနေနဲ့ ကလေးကို မိခင်နို့ချို တိုက်ကျွေးတဲ့ အနေအထား ပြောင်းပေးဖို့ လိုအပ်ရင် ဒါမှမ ဟုတ် ရင်သားတစ်လှည့်စီ ပြောင်းချင်ရင် ကလေးကို နို့သီးခေါင်းကနေ မဖယ်ခင် နို့စို့တာကို ခဏ ရပ်နား လိုက်ပါ။ ကလေးရဲ့ သွားဖုံးကြားမှာ သန့်ရှင်းတဲ့ လက် ချောင်းလေးကို ထည့်တဲ့ နည်းနဲ့ ကလေး နို့စို့တာကို ခဏတာ ရပ်နားနိုင်ပါတယ်။

၃. တစ်လှည့်စီ ပြောင်းပေးပါ။

နို့ဂလင်းတွေမှာ နို့ရည်တွေ ပြည့်နေတဲ့အခါ ရင်သားတွေ မာကျော တင်းမာလာတတ်ပါတယ်။ အဲဒီလို နာကျင်မှု ဝေဒနာ သက်သာ လျော့ပါးစေဖို့ ကလေး ကို ရင်သားတစ်ဖက်စီ ပြောင်းပြီး မိခင်နို့ချိုကို တိုက် ကျွေးပေးသင့်ပါတယ်။

၎. လှုပ်ရှားမှု လုပ်ပါ။

သင့်နို့သီးခေါင်းတွေ နာကျင်နေရင် ကလေးငယ် ကို နို့ချိုတိုက်ကျွေးတဲ့ အနေအထား ပြောင်းပေး သင့်ပါတယ်။

၅. နို့သီးခေါင်းခြောက်သွေ့မှုကို တွန်းလှန်ပါ။

နို့သီးခေါင်းက ခြောက်သွေ့နေရင် မိခင်နို့ အ စက်အနည်းငယ် ချပြီး သုတ်လိမ်းကာ နှိပ်နယ်ပေး တာကြောင့် အနာကျက်တဲ့ ဖြစ်စဉ်ကို အားကောင်း စေပါတယ်။

၆. ကြက်သီးနွေးရေ ချိုးပါ။

နိုပြွန် ရောင်ရမ်းတာ၊ ပိတ်တာတို့ ဖြစ်နေရင် နို့သီးခေါင်း နီမြန်းနာကျင်မှု ဖြစ်တတ်ပါတယ်။ တုပ်ကွေး လို ဖျားတာ၊ ကိုက်ခဲတာနဲ့ နုံးချည့်ညောင်းညာတာတို့ ဖြစ်ရင်လည်း ရင်သား နာကျင်ရောင်ရမ်းမှု ဖြစ်တတ် ပါတယ်။ ဒီလို ဖြစ်နေရင် ကြက်သီးနွေးရေ ချိုးတာ ဒါမှမဟုတ် နို့သီးခေါင်းပေါ်မှာ ရေနွေးဝတ်ကပ်ပေး တာတို့ လုပ်ဆောင်ပြီး နို့သီးခေါင်း နာကျင်မှုဝေဒနာ သက်သာစေနိုင်ပါတယ်။

READ - နို့တိုက်မိခင်များအတွက် နို့ရည်အထွက်များစေသည့် အစားအစာများ

Source: Pregnacare

Read times
Rate this item
(1 Vote)