What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 October 2017 15:12

အရိုးကျန်းမာစေဖို့အတွက် ရှောင်ကြဉ်သင့်သောအရာများ

အရိုးကျန်းမာစေဖို့အတွက် ရှောင်ကြဉ်သင့်သောအရာများ google.com

၁. ဆားများများစားခြင်း

ဆားများများစားလေလေ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်ဓာတ်တွေ များများ ပျက်စီးလေလေပဲဖြစ်ပါတယ်။

ပေါင်မုန့်၊ ဒိန်ခဲ၊ အာလူးကြော် စတဲ့အစားအစာတွေမှာ ဆားပါဝင်မှုများပါတယ်။ ဆားကို လုံးဝမစားရတာ မဟုတ်ပါဘူး။ တစ်နေ့လျှင်ဆား 2300 ဂရမ်အောက်စားနိုင်ပါတယ်။

၂. တီဗွီအကြာကြီးကြည့်ခြင်း

ကိုယ်ကြိုက်တဲ့ အစီအစဉ်တွေကို ကြည့်တာကောင်းပေမယ့် ဆိုဖာကိုမှီထိုင်ပြီး တီဗွီရှေ့မှာပဲနာရီပေါင်း များစွာ ထိုင်နေတာတော့မကောင်းပါဘူး။ ဒီလိုပျင်းတိပျင်းရွဲထိုင်တာက အကျင့်ဖြစ်လာတဲ့အခါမှာ ခန္ဓာကိုယ်နဲ့အရိုးတွေ လှုပ်ရှားသင့်သလောက်မလှုပ်ရှားတော့ပါဘူး။

မတ်တပ်ရပ်ပြီးလမ်းလျှောက်ခြင်းက ကျွန်ုပ်တို့ရဲ့ အရိုးငြမ်းအဖွဲ့အစည်းအတွက်အကောင်းဆုံးပါပဲ။ မတ်တပ်ရပ်ချိန်မှာ အရိုးနဲ့ကြွက်သားတွေက ကမ္ဘာမြေကြီးရဲ့ဆွဲအားကို ဆန့်ကျင်ပြီး အလုပ်လုပ်ရတဲ့ အတွက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အရိုးတွေကိုသန်မာစေပါတယ်။

၃. အိမ်ထဲမှာ (သို့) အရိပ်အောက်မှာပဲ အကြာကြီးနေခြင်း

နေအလင်းရောင်ရမှ ခန္ဓာကိုယ်က ဗီတာမင် D ကိုထုတ်လုပ်နိုင်ပါတဲ့အတွက် နေရောင်ရအောင် အိမ်ပြင်ထွက်ဖို့လိုပါတယ်။ တစ်ပတ်ကို တစ်ခါထွက်ရင် 10-15 မိနစ်လောက်နဲ့ မကြာခဏထွက်ပေးရင် ရပါတယ်။ သတိထားရမှာကတော့ နေရောင်နဲ့ထိတွေ့မှုများရင်လည်း အရေပြား ကင်ဆာဖြစ်တတ်တဲ့ အတွက် အလွန်အကျွံတော့မဖြစ်ပါစေနဲ့။

ကောက်ပဲသီးနှံ၊ သစ်သီးဖျော်ရည်၊ နို့စတာတွေစားပေးပါ။ ဗီတာမင် D ဆေးသောက်ဖို့လိုမလို ဆရာဝန်နဲ့တိုင်ပင်ပါ။

၎. မိုင်ပေါင်းများစွာ စက်ဘီးစီးခြင်း

နားရက်တွေမှာ စက်ဘီးအကြားကြီးစီးခြင်းက နှလုံးနဲ့အဆုတ်တွေကို သန်မာလာစေပေမယ့် အရိုးအတွက်တော့ သိပ်မကောင်းပါဘူး။ ဒါက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တောင်တက်ခြင်းတွေလို အရိုးသန်မာစေမှာမဟုတ်ပါဘူး။ စက်ဘီးစီးဖို့ အရမ်းစိတ်အားထက်သန်တယ်ဆိုရင်တော့ စက်ဘီး စီးတာအပြင် တင်းနစ်ရိုက်ခြင်း၊ တောင်တက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း စတဲ့လေ့ကျင့်ခန်းတွေပါ ရောပြီးလုပ်ပေးပါ။

၅. အရက်သောက်ခြင်း

သူငယ်ချင်းတွေနဲ့အပြင်ထွက်တဲ့အခါ အပျော်အနေနဲ့ အသောက်အစားတွေ ပါလာမှာပါ။ အရိုး ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့အတွက် အရက်သောက်တဲ့ပမာဏကို ကန့်သတ်ထားရပါမယ်။ အမျိုးသမီးတွေအတွက် တစ်နေ့တစ်ခွက်၊ အမျိုးသားတွေဆို တစ်နေ့နှစ်ခွက်ထက်ပိုမသောက်သင့်ပါဘူး။ အရက်က ကယ်လ်ဆီယမ်စုပ်ယူမှုကို ထိခိုက်စေပါတယ်။

၆. အချိုရည်အလွန်အကျွံသောက်သုံးခြင်း

က်ာဖီ၊ လက်ဖက်ရည်၊ ကိုလာ စတဲ့ အချိုရည်တွေ အလွန်အကျွံသောက်သုံးခြင်းက အရိုးကို ထိခိုက်စေပါတယ်။ ဒီအချိုရည်တွေမှာ ပါဝင်တဲ့ ကဖင်းနဲ့ ဖော့စ်ဖရပ်ဓာတ်တွေက အရိုးပျက်စီးစေပါတယ်။ ဒါ့အပြင် နောက်တစ်ချက်ကတော့ ဒီအချိုရည်တွေသောက်များတဲ့အတွက် ကယ်ဆီယမ်ပါတဲ့ နို့နဲ့ အခြားဖျော်ရည်တွေကို မသောက်ဖြစ်တော့ပါဘူး။

၇. ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ငွေ့တွေကို ပုံမှန်ရှူသွင်းခြင်းဖြင့် ကျန်းမာတဲ့အရိုးတွေ ဖြစ်ပေါ်မှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်ချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အရိုးကျိုးလွယ်ပြီး အရိုးပြန်ဆက်ဖို့လည်းပုံမှန်ထက်ပိုကြာပါတယ်။ ဒါပေမယ့် ဆေးလိပ်ဖြတ်လိုက်ရင် တော့ ဒီပြဿနာတွေလျော့ကျပြီး အရိုးကျန်းမာလာစေနိုင်ပါတယ်။

၈. ဆေးအကြာကြီးစွဲသောက်ခြင်း

အချို့သောဆေးဝါးတွေ အထူးသဖြင့် အချိန်ကြာမြင့်စွာ စွဲသောက်တဲ့အခါ အရိုးကို ထိခိုက်စေပါတယ်။ အတက်ကျဆေးအချို့နဲ့ prednisone, cortisone စတာတွေက အရိုးဆုံးရှုံးစေပါတယ်။

၉. ပိန်လွန်းခြင်း

BMI 18.5 နဲ့အောက်ဆိုရင် အရိုးကျိုးလွယ်ပြီး အရိုးဆုံးရှုံးမှုများပါတယ်။ အရိုးသေးတဲ့သူတွေ အတွက် လေ့ကျင့်ခန်း (weight bearing exercise) တွေပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ကယ်ဆီယမ်များများ စားဖို့လိုမလို ဆရာဝန်နဲ့တိုင်ပင်ပါ။ ဘာကြောင့် အရမ်းပိန်နေရတယ်ဆိုတာ မသိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးစစ်ကြည့်ပါ။

၁၀. အမြင့်မှပြုတ်ကျခြင်း

ကလေးတစ်ယောက်ပြုတ်ကျပြီး အရိုးကျိုးသွားရင် အရိုးပြန်ဆက်ဖို့မြန်ပါတယ်။ အသက်ကြီး လာတာနဲ့အမျှ လိမ့်ကျခြင်း၊ ချော်လဲခြင်းတွေက အန္တရာယ်ပိုများလာပါတယ် (အထူးသဖြင့် အရိုးအားနည်းသူများတွင်)။ ကျိုးသွားတဲ့အရိုးပြန်ဆက်ဖို့အတွက် အချိန်ကြာသလို လုံးဝ ပြန်မဆက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လူကြီးတွေဆိုရင် လမ်းလျှောက်ရင် လက်ကိုင်ဘား တွေ၊ မချော်တဲ့နေရာတွေရွေးပြီး ဖြည်းဖြည်းလျှောက်ပါ။ လမ်းတစ်လျှောက်ခလုတ်တိုက်နိုင်တဲ့ အရာတွေကို ရှင်းလင်းထားပါ။

Source: drmyanmar.com

Read times
Rate this item
(1 Vote)