What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 October 2017 10:40

အစာစားချင်စိတ်မရှိရင် ဘာတွေစားမလဲ

အစာစားချင်စိတ်မရှိရင် ဘာတွေစားမလဲ google.com

တုတ်ကွေးမိနေချိန်၊ အစာအိမ်ရောဂါ (သို့) အစာအဆိပ်သင့်ခြင်းမှ ပြန်ကောင်းခါစအချိန်၊ ကိုယ်ဝန်ရှိပြီး အော့အန်နေချိန်တွေမှာ အစာစားချင်စိတ်မရှိ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အာဟာရရှိဖို့အတွက် တစ်ခုခုစားဖို့တော့လိုအပ်ပါတယ်။

ဒီလိုအချိန်တွေမှာ စားသင့်တဲ့ ဗိုက်ပြည့်စေပြီးတော့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

၁. ငှက်ပျောသီး

အဆီပါဝင်မှု နည်းပြီး နူးညံ့တဲ့ အစားအစာတွေက ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ အက်ဆစ်ပါ ဝင်မှု နည်းတဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ ငှက်ပျောသီးစားသုံးခြင်းဖြင့် ပျို့အန်ခြင်းကို မဖြစ်စေဘဲ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေကြွယ်ဝတဲ့ အတွက် အန်ပြီးတော့ ရေဓာတ်ခမ်းခြောက်သွားသူတွေအတွက် အထူးသင့်လျော်ပါတယ်။

၂. ပန်းသီးဆော့စ်

ငှက်ပျောသီးလိုပဲ ဒါကလည်း ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ ပန်းသီးဆော့စ်မှာ ပါဝင်တဲ့ pectin က ဝမ်းကို ပျစ်စေပြီးတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူတွေအတွက်သင့်တော်ပါတယ်။

၃. အမျှင်ဓာတ်နည်းသော ကောက်ပဲသီးနှံများ

အကင်နဲ့ ဆန်ဖြူတွေအစား ကာဗိုဟိုက်ဒရိတ်ဓာတ်ရဖို့အတွက် အမျှင်ဓာတ်နည်းတဲ့ ကောက်ပဲ သီးနှံတွေကို စားသုံးနိုင်ပါတယ်။

၎. ကြက်ဥပြုတ်

ကြက်ဥပြုတ်မှာ ပရိုတင်းဓာတ်ပြည့်ဝပြီး အမျှင်ဓာတ်ပါဝင်မှု မရှိတဲ့အတွက် အူကို အနားရစေပါတယ်။

၅. စွပ်ပြုတ်

အရိုးစွပ်ပြုတ်တွေက ကယ်ဆီယမ်စုပ်ယူမှုကို ကောင်းစေပါတယ်။ အမဲရိုးကို ကြိုက်နှစ်သက်ရာ အသီးအရွက်များ ထည့်ပြီးတော့ စွပ်ပြုတ်လုပ်သောက်ကြည့်ပါ။

READ - အစားစားပြီးတိုင်း ရှောင်ကြဉ်သင့်တဲ့ အချက် ၆ ချက်

Source: drmyanmar.com

Read times Last modified on Tuesday, 24 October 2017 10:43
Rate this item
(1 Vote)