ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးတစောင်းအိပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
အထူးသဖြင့် ဘယ်ဖက်ကို စောင်းအိပ်ခြင်းသည် ကလေးထံသို့ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါသည်။
ထို့ အတူ မိခင်၏အချင်းမှတစ်ဆင့် ကလေးထံသို့ အဟာရ ဓာတ်များ ပိုမိုရောက်ရှိစေပါသည်။
ဘယ်ဖက်သို့ တစောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်အတွင်းမှ အညစ်အကြေးများ နှင့် အရေများကို ပိုမိုထိရောက်စွာ ဖယ်ရှားပေးခြင်းအားဖြင့် ခြေလက် အဆစ်အမြစ်များရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
ကိုယ်ဝန်ရှိစ အချိန်မှစတင်ကာ တတ်နိုင်သမျှ ဘယ်ဘက်သို့ စောင်းအိပ်တဲ့ အလေ့အကျင့် ကို လေ့ကျင့်ထားသင့်ပါတယ်။
တစ်ညလုံး ပုံစံတစ်မျိုးထဲ အိပ်ရမှာကတော့ဘယ်လိုမှ သက်တောင့်သက်သာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်ညာ တလှည့်စီ စောင်းအိပ်လည်းရတာပါပဲ။ အကောင်းဆုံးကတော့ဘယ်ဖက်ကိုစောင်း အိပ်ခြင်းပဲပေါ့။
ကိုယ်ဝန်ဆောင်နေတဲ့ တစ်လျှောက်လုံးမှာတော့ ပက်လက်လှန် အိပ်ခြင်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ ပိုမိုဂရုစိုက်သင့်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ပက်လက်လှန် အိပ်တဲ့အခါ သားအိမ်၏ အလေးချိန်ဟာ ကျောရိုး၊ အနောက်ဖက်ကြွက်သား၊ အူများ နှင့် ပင်မသွေးကြောများပေါ်တွင် ကျရောက်သွားပါတယ်။
ထို့ကြောင့် မိခင်လောင်းတွေအနေနဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ သွေးလိပ်ခေါင်းရောဂါ၊ သွေးလည်ပတ်မှု ချို့ယွင်းခြင်းတွေဖြစ်စေသည့်အပြင် ကလေးထံသို့လည်း သွေးလည်ပတ်မှု လျော့ကျစေပါသည်။
ပက်လက်လှန်အိပ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ သွေးပေါင်ကျစေသလို တစ်ချို့သောကိုယ်ဝန်ဆောင်မိခင်များ အတွက် သွေးပေါင်တက် ကာ မူးဝေခြင်းကိုဖြစ်စေတတ်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့ ကတော့ ပက်လက်လှန်အိပ်ခြင်းကြောင့် ဟောက်ခြင်း၊ ကိုယ်ခန္ဓာ အလေးချိန်တက်ခြင်း များဖြစ်ပေါ်လာပြီး အိပ်နေရင်းအသက်ရှူ ရပ်တတ်သော Sleep Apnea
ကဲ့သို့သော ရောဂါများ ဖြစ်ပေါ်စေပါသည်။
Ref: May Dim’s Note Book