What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 17:02

မနက်စောစော ဆီးခဏခဏသွားချင်တာ ပြဿနာ ရှိပါသလား

မနက်စောစောကျရင် ကိုယ်ဝန်လည်းမရှိ၊ ရေလည်းနည်းနည်းပဲသောက်မိပေမယ့် ခဏခဏဆီးသွားချင်တာမျိုး ကြုံရဖူးပါသလား။ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ 

ကျား၊ မ မရွေးဆိုပါတော့။ ဒါက ဒီလိုရှိပါတယ်။ ညဘက်တွေမှာ ကျောက်ကပ်က ဆီးနည်းနည်းကိုသာ စစ်ထုတ်ပေးပါတယ်။ ပြီးတော့ ဆီးအိမ်ဟာလည်း လျော့နေပြီး ဆီးပမာဏအမြောက်အမြားကို သိုလှောင်ပြီးသား ဖြစ်နေတတ်ပါတယ်။ 

 

ဒါ့အပြင် ဗေဆိုပရက်ဆင် (Vasopressin) လို့ခေါ်တဲ့ ဟိုမုန်းက ဆဲလ်တွေကို ရေဆွဲထားဖို့ အားပေးနေပါသေးတယ်။ ဒီအချက်တွေကို ထည့်စဉ်းစားကြည့်ရင် မနက်ခင်းမှာ ဆီးအိမ်ဖောင်းတင်းနေမယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ 

 

တကယ်လို့ မနက်ခင်းမှာ ကော်ဖီတစ်ခွက်အရင်ဆုံးသောက်မိခဲ့ရင် ကက်ဖိန်းဓာတ်ဟာ ဆီးရွှင်တဲ့ဂုဏ်သတ္တိရှိတယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦး။ 

 

ဆိုခဲ့တဲ့အတိုင်း သာမန်ခန္ဓာကိုယ်ဖြစ်စဉ်တွေအပြင် ဆီးအသွားများရင် ထည့်သွင်းစဉ်းစားဖို့လိုတဲ့အချက်ကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ဆီးပူ၊ ဆီးကျဉ်ခံစားရနိုင်) သို့မဟုတ် လိုတာထက်ပိုပြီးတက်ကြွလှုပ်ရှားနေတဲ့ ဆီးအိမ်များ ဖြစ်နေခြင်း၊ ဆီးချိုရောဂါ (ရေမကြာခဏငတ်ခြင်းနှင့် တွဲဖြစ်လေ့ရှိ)၊ သားအိမ်အလုံး (ကင်ဆာမဟုတ်တဲ့အလုံးဖြစ်ပြီး ဗိုက်ထဲမှာဖိနေသလိုခံစားရနိုင် သို့မဟုတ် ရာသီလာလျှင် သွေးအဆင်းများနိုင်) တို့ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေ သံသယရှိရင်လည်း ဆေးခန်းပြဖို့ အရေးကြီးပါတယ်။

 

ဒေါက်တာချစ်ဆွေ M.B., B.S (YGN)

Additional Info

  • Top Banner: sample-banner
Read times Last modified on Thursday, 30 July 2020 16:23
Rate this item
(0 votes)