What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 12 November 2020 17:43

ငှက်ပျောသီးစားရင် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူး (၅) ခု

နေ့စဉ် စားသောက်နေကြတဲ့ အစားအစာများထဲမှာ ငှက်ပျောသီးက လွယ်လွယ်ကူကူ ရယူစားသောက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။

ငှက်ပျောသီး စားပေးခြင်းကြောင့် အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၅ ခုကို အလွယ်တကူ ရရှိနိုင်ပါတယ်။

အင်အားရှိခြင်း

ငှက်ပျောသီးနှစ်လုံး စားလိုက်ရင် တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်လိုက်တဲ့ စွမ်းအင်တွေကို ပြန်လည်ရရှိနိုင်ပါတယ်။ ဗီတာမင်ဓာတ် မြင့်မားစွာ ပါဝင်ပြီး သတ္ထုဓာတ်လည်း ရရှိနိုင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

သွေးဖိအား ပုံမှန်ဖြစ်စေ

လူကြီးတွေ သတိထားရမယ့် သွေးဖိအား မငြိမ်တဲ့ ပြဿနာကိုလည်း ငှက်ပျောသီးက ထိန်းညှိပေးပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် ရတဲ့အတွက် အဲဒီလို သွေးဖိအားကို ထိန်းညှိပေးနိုင်တာပါ။

ကိုယ်တွင်း လည်ပတ်မှု ကောင်းမွန်စေ

ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6 က သင်ရဲ့ခန္ဓာကိုယ် ဇီဝဖြစ်စဉ် တစ်ခုလုံး ကောင်းမွန်လာအောင် ထိန်းညှိပေးပါတယ်။ နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ဝမ်းမှန်စေ

ဝမ်းချုပ်နေသူတွေဟာ ငှက်ပျောသီး ပုံမှန်စားပေးသင့်ပါတယ်။ ဝမ်းချုပ်နေမယ်ဆိုရင် အခြားဓာတုဆေးဝါးတွေ သောက်တာထက် ငှက်ပျောသီး စားတာက ပိုထိရောက်ပါတယ်။

ဝိတ်ကျစေ

ဒါကလည်း ငှက်ပျောသီးက ပေးတဲ့သဘာဝလက်ဆောင်ပါ။ ဗီတာမင် မြင့်မားစွာရခြင်း ၊ သတ္ထုဓာတ်တွေပါဝင်ခြင်းက သင့်ကိုယ်တွင်း အဆီတွေကို ဖယ်ရှားပေးပါတယ်။

၄ အောင်စကနေ ၆ အောင်စရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ ကယ်လိုရီ ၄၀ လောက်ပါဝင်ပြီး ကာဗွန်ဟိုက်ဒရိတ်ဓာတ် ၃၆ ဂရမ် ပါဝင်ပါတယ်။

The voice

Read times
Rate this item
(0 votes)