What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 July 2018 11:26

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၃)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၃) Google.com

နာတာရှည်ရောဂါတွေက ရာသီအပြောင်းအလဲမှာ ပိုဆိုးရွားနိုင်ပါသလား

ရင်ကျပ်နဲ့ ပန်းနာလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေက ပတ်ဝန်ကျင်မှ ရာသီဥတု အပြောင်းအလဲကြောင့် အခြေအနေပိုဆိုးရွားနိုင်ပါတယ်။ ဒါတွေက ရောဂါပိုးဝင်ရောက်တာကြောင့် ဖြစ်တာမဟုတ်ပေမယ့် ပတ်ဝန်ကျင်ရာသီဥတုအပြောင်းအလဲကြောင့် ရောဂါထလာတတ်တာဖြစ်တဲ့အတွက် ဒီလိုရောဂါရှိနေရင် ရောဂါအတွက် ဆရာဝန်ညွှန့်ကြားချက်ပေးထားတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ (သုံးနေကျသောက်ဆေးတွေ ၊ ရှူးဆေးတွေ) လိုအပ်ပါတယ်။ အဆစ်ရောဂါနဲ့ ကြွက်သားရောင်ရောဂါလိုမျိုး နာတာရှည်နာကျင်မှု ဝေဒနာခံစားနေရသူတွေအနေနဲ့လည်း အေးလွန်းတဲ့ ရာသီဥတုတွေမှာ အခြေအနေပိုမိုဆိုးရွားနိုင်ပါတယ်။

တင်းတိပ်ကင်းစေဖို့ နည်းလမ်းတချို့ သိချင်ပါတယ်

ပျားရည်က တင်းတိပ်အတွက် အကောင်းဆုံးအိမ်သုံးနည်းတစ်မျိုးပါ။ ပျားရည်ထမင်းတစ်ဇွန်းကို ရှောက်ရည်အနည်းငယ်နဲ့ ရောပြီးလိမ်းပါ။ ၁၀ - ၁၅ မိနစ်ထားပြီးမှ ခပ်နွေးနွေးရေနဲ့ သန့်စင်ဆေးကြောပါ။ တစ်ရက်ခြားစီလိမ်းပါ ။ ကြက်သွန်နီထဲမှာ ဆာလာဖာဒြပ်ပေါင်းပါဝင်ပြီး ကြေးချွန်အာနိသင်ရှိလို့ မျက်နှာပေါ်က အမည်းစက်တွေနဲ့ တင်းတိပ်တွေကို လျော့နည်းစေပါတယ်ဒ။ ကြက်သွန်နီကို အခွံနွှာပြီး ထပ်ခြမ်းခြမ်းကာ တင်းတိပ်ရှိတဲ့ အရေပြားပေါ် တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ နောက်တစ်နည်း အနေနဲ့ ကြက်သွန်နီကို အရည်ညှစ်ပြီးနောက် ရှာလကာရည်နဲ့ ဆတူရောကာ တင်းတိမ်ရှိတဲ့ အရေပြားပေါ် တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။

ဝက်ခြံကင်းတဲ့ အရေပြားဖြစ်စေဖို့ ဘာလုပ်ဖို့လိုပါလဲ

ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်တွေ ပေါပေါများများပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်က သဘောဝနေရောင်ခြည်ဒဏ်ကာကွယ်ဆေးတစ်မျိုးလိုပဲ သင့်အရေပြားကို ကာကွယ်ပေးနိုင်းစွမ်းရှိပါတယ်။ အရေပြားအတွက် အကျိုးပြုတဲ့ အင်တီအောက်ဆီဒင့်တွေက သင့်အရေပြားမှာ ဝက်ခြံ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပြီး အရေပြားကိုလည်း ပိုမိုဖွံဖြိုးလာစေပါတယ်။

ပါရာစတီမောဆေးအကြောင်း သိချင်ပါတယ်

ယခုနောက်ပိုင်း ပါရာစတီမောပါဆေးရည်များကို ကလေးများကြိုက်တဲ့ အနံ့အရသာနဲ့ ထုတ်လုပ်လာကြပါတယ်။ ကလေးမျာအတွက် ကိုယ်ပူကျဆေးအဖြစ်သုံးတာပါ။ ကလေးတွေက ထိုဆေးဘူးကို ယူသောက်မိတာ ၊ မိဘအုပ်ထိန်းသူတွေက မလိုအပ်ဘဲ မကြာခဏတိုက်တာကြောင့် ပါရာစတီမောဆေးက အဆိပ်သင့်တာကို ချက်ချင်းမသိနိုင်ပေမယ့် အသည်းကိုထိခိုက်ကာသေဆုံးတဲ့ အထိ ဖြစ်စေတက်ပါတယ်။

source:ပြည်မြန်မာ

Read:သတိပြုမိရန် ခက်ခဲသည့် နှလုံးရောဂါလက္ခဏာများ

သတိပြုမိရန် ခက်ခဲသည့် နှလုံးရောဂါလက္ခဏာများ

Read times Last modified on Wednesday, 11 July 2018 11:46
Rate this item
(0 votes)