What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 November 2020 13:59

ရန်ကုန် ကိုဗစ်ရောဂါ ဆိုးဆိုးရွားရွားပျံ့နှံ့နေချိန်တွင် လေထုညစ်ညမ်းမှု ၈ ဆကျော် ဆောင့်တက်

ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါ ဆိုးဆိုးရွားရွားပျံ့နှံ့နေချိန်တွင် အကျိုးဆက်အနေဖြင့် တစ်လအတွင်း လေထုညစ်ညမ်းမှု ၈ ဆကျော် ဆောင့်တက်ပြီး ကမ္ဘာ့အဆိုးရွားဆုံး အဆင့် ၄ အထိတိုးတက်ရောက်ရှိ။ အလားတူ လေထုညစ်ညမ်းသောမြို့များတွင် ပြုလုပ်ခဲ့သော သုသေသနများအရ ရောဂါပိုးကူးစက်မှုနှုန်း အဆ ၄၀၊ သေဆုံးမှု ၁၅ % ထိ ထပ်တက်နိုင်သည်။

 

ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီ အချိန် ရန်ကုန်မြို့၏ လေထု ညစ်ညမ်းမှုသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသည့် အနီရောင်အဆင့်အပေါ်မှ အရေးပေါ်အခြေအနေ ခရမ်းရောင်အဆင့် အနီးသို့ရောက်ရှိ၊ လေထုညစ်ညမ်းမှုတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော ဘေဂျင်း၊ မွန်ဘိုင်းတို့ကို ကျော်လွန်ပြီး ကမ္ဘာ့အဆိုးရွားဆုံး အဆင့် ၄ အထိတိုးတက်ရောက်ရှိ၊ ယနေ့တွင်လည်း အနီရောင်အဆင့်တွင် ဆက်တိုက်ရှိနေသည်။

 

 

မဆင်မခြင် အမှိုက်နှင့် သစ်ရွက်ခြောက်များ မီးပုံရှို့သူများကြောင့် တစ်လအတွင်း ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု 8 ဆကျော်ဆောင့်တက်သွားသည်။ လွန်ခဲ့သော ၃ ရက်အတွင်း လေထုအရည်အသွေးသည် WHO မှ သတ်မှတ်ထားသော အန္တရာယ်ကင်းသည့် စံနှုန်းထက် (c. PM 2.5 = 10 ug/m3) ၆ ဆမှ ၁၁ ဆခန့် အထိမြင့်တက်နေသည်။

 

လက်ရှိ ရန်ကုန်မြို့ လေထုအတွင်း PM2.5 ပါဝင်နှုန်းသည် ရှုမိသူတို့အား တစ်ရက်လျှင် ဆေးလိပ် ၄- ၅ လိပ်သောက်သည့် ပမာဏနှင့် ညီမျှသော ဆိုးကျိုးကို ခံစားရစေသည်။ အိမ်တွင်ပိတ်မိနေချိန် ရန်ကုန်သူ၊ ရန်ကုန်သားတို့ စံချိန်တင် ညစ်ညမ်းသောလေကို မလွဲမရှောင်သာ မဖြစ်မနေရှုရှိုက်နေရသည့်အတွက် အသက်ရှူလမ်းကြောင်း ထိခိုက်၊ ကိုယ်ခံအားကျဆင်းပြီး လာမည့်ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်ခံရနှုန်း ၄၀ ဆ (၄၀၀၀%) ခန့်ထိထိုးတက်လာနိုင်သည်။

 

 

ညစ်ညမ်းသောလေကို ရှုရှိုက်မိသည့် ရောဂါပိုးကူးစက်ခံထားရသူများ ရောဂါလက္ခဏာမပြသေးသူ၊ ရောဂါပြ၊ ပြပြီးသူ ရောဂါလက္ခဏာပိုမိုပြင်းထန်လာပြီး ဆိုးရွားသူများအကြား သေဆုံးမှုနှုန်း ၁၅% ထိတိုးနိုင်ကြောင်း အခြား နိုင်ငံများရှိ အလားတူ လေထုညစ်ညမ်းသော မြို့များတွင် ဆောင်ရွက်ခဲ့သော သုသေသန လေ့လာချက်များအရသိရသည်။

 

 

(အဆုတ်ထိခိုက်ပျက်စီးပြီး အောက်ဆီဂျင် ကောင်းကောင်းမရဘဲ ရေမဲ့ငါးပမာ ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေသည့် အိမ်တွင်းပုန်းကြိတ်ကုနေသော ကိုဗစ်ဝေဒနာရှင်ကို ဆေးလိပ် ၅ လိပ် အတင်းတိုက်လိုက်ပါက မည်သို့ဖြစ်သွားမည်ကို စိတ်ကူးနှင့်သာ ပုံဖော်ကြည့်လိုက်ပါ)

 

သိကျွမ်းနားလည်သည့် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၊ မိုးလေဝသပညာရှင်များကလည်း ကိုယ်တိုင်ပို့စ်တင်ပြီး အမှိုက်များ မဆင်မခြင် open air မီးမရှို့ရန် အသိပညာမျှဝေပေးပါ။

 

အသေးစိတ် သတင်းအချက်အလက်များ

ယခုလို ကိုဗစ်ကာလ အသွားအလာကန့်သတ်ထားချိန်တွင် အခြားလေထုညစ်ညမ်းစေသော လုပ်ငန်းများ (မော်တော်ယဉ်၊ စက်ရုံ၊ တည်ဆောက်ရေးလုပ်ငန်းများ) သိသိသာသာတိုးတက်လုပ်ဆောင်ခြင်းမတွေ့ရဘဲ မြို့တွင်း လေထုညစ်ညမ်းမှု အဆမတန်ထိုးတက်လာခြင်းမှာ ရပ်ကွက်တိုင်း နေရာအနှုံ့ အမှိုက်ခြောက်၊ သစ်ရွက်ခြောက်များ စုပုံမီးမီးရှို့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းကြသည်။

 

လွန်ခဲ့သော အောက်တိုဘာလက ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် ကျန်းမာရေးနှင့် ညီညွတ်သော အစိမ်းရောင်၊ အဝါရောင် အဆင့်တွင်သာရှိခဲ့သည်။ ပြီးခဲ့သော ရက်သတ္တပတ်နှစ်ပတ်အတွင်း မိုးနည်းသွားပြီးနောက် ဆောင်းဝင်လာသည့်အချိန်တွင် အကျင့်ဆိုးစွဲနေသော မြန်မာလူမျိုးတို့ အမှိုက်မီးရှို့သည့် အလေ့အထကို ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။ လေထုအရည်အသွေးသည် October 22 ရက်တွင် AQI = 21 အစိမ်းရောင်အဆင့်တွင် ရှိခဲ့ရာမှ အဆိုးဆုံးအနေအထားအဖြစ် November 19 နံနက် ၈ နာရီအချိန်တွင် 191 အထိ ၉ ဆကျော်တိုးမြင့်သွားခဲ့သည်။

 

ထို အချိန် လေထုအတွင်း ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့် PM2.5 အမှုန်ပါဝင်မှုနှုန်း 110 ug/m3 ရှိခဲ့သည်။ WHO မှ ကျန်းမာရေးနှင့် သင့်တော်သည့် စံနှုန်း 10ug/m3 ထက် ၁၁ ဆများနေသည်။ AQI = 200 သို့ရောက်ရှိပါက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျောင်းပိတ်ရသည့် အရေးပေါ်အခြေအနေ ခရမ်းရောင်အဆင့် ဟုသတ်မှတ်သည်။

 

ရန်ကုန်မြို့အမေရိကန်သံရုံးမှ လေထုအရည်အသွေးတိုင်းတာသည့် ကိရိယာမှ data အရ လွန်ခဲ့သည့် ၂ ရက်အတွင်း တစ်နာရီခြား တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် အသွားအလာအများဆုံး မွန်းတည့်ချိန်တွင် အနည်းဆုံးဖြစ်ပြီး ညသန်းခေါင်နှင့် မနက်အာရုံတက်တွင် အဆိုးဆုံး ဖြစ်နေသည်ကို ထောက်ခြင်းဖြင့် ညဘက်နှင့် မနက်မိုးမလင်းမီ တိတ်တဆိတ် အမှိုက်မီးရှို့သူများကြောင့်ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

 

ရန်ကုန်မြို့ အမေရိကန်သံရုံးမှ တရားဝင်ထုတ်ပြန်ထားသော လေထုအရည်အသွေးတိုင်းတာချက်ကို အောက်ပါ link မှ သွားကြည့်နိုင်သည်။ ပညာရှင်များအနေဖြင့်လည်း ထို website မှတစ်ဆင့် data set download ဆွဲပြီး အသေးစိတ်လေ့လာကြည့်နိုင်သည်။

 

https://www.iqair.com/us/myanmar/yangon

 

ညစ်ညမ်းသောလေကို ရှုရှိုက်ခြင်းကြောင့် ကိုဗစ်ကူးစက်မှုနှုန်း၊ လူသေမှုနှုန်းတိုးတက်နိုင်ကြောင်း အရင်လမှ ထုတ်လွှင့်ခဲ့သည့် အောက်ပါ WHO အဖွဲ့ကြီး၏ ပညာပေး video တွင် သွားရောက်လေ့လာနိုင်သည်။

 

Nature Advocacy Page

Read times
Rate this item
(1 Vote)