What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 December 2020 17:27

ဒူးနာဝေဒနာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နဲ့ လုပ်ဆောင်ရမယ့် အချက်များ

အသေးစား ဒူးနာကျင်မှု ဝေဒနာသက်သာအောင် တစ်ရက်ကနေ နှစ်ရက်လောက်အထိ အနားယူပေးသင့်ပါတယ်။

 

ဒါပေမယ့် ဒူးနာတဲ့ဝေဒနာ ပြင်းထန်ခဲ့ရင်တော့ ရက်အတော်ကြာတဲ့ အထိ အနားယူပေးရမှာဖြစ်ပါတယ်။ ရက်နည်းငယ်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ဆွေးနွေးပေးပါ။

 

ရှောင်ရမယ့်အချက်

- ကုတင်ပေါ်မှာ ကြာရှည်မနေပါနဲ့။ လေ့ကျင့်ခန်းတွေလုပ်ပေးတာက အဆစ်တွေနားက ကြွက်သားတွေကို သန်စွမ်းစေသလို အဆစ်တွေထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရေထဲမှာ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တဲ့ ကုထုံးနဲ့ထိုက်ကျိ ကစားပေးတာတွေက ဒူးနာဝေဒနာကို သက်သာစေပါတယ်။ အလွန်အကျွံလုပ်ဆောင်မိပါက ဒူးနာဝေဒနာကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။

 

ဆောင်ရမယ့်အချက်

- RICE ဖော်မြူလာကို အသုံးပြုပေးပါ။ R- rest ဒူးနာဝေဒနာ သက်သာစေဖို့ တစ်ရက်ကနေ နှစ်ရက်အထိ အနားယူပေးပါ။ I- ice ဒူး ရောင်ရမ်းတာကို သက်သာစေဖို့ ရေခဲ ကပ်ပေးပါ။ C- compress အဆစ်အမြစ်မှာ အရည်တွေ စုတာကို ဟန့်တားဖို့နဲ့ ဒူးနာသက်သာစေဖို့ ဖြည်းညင်းစွာနှိပ်ပေးပါ။ E-elevate ဒူးနာတဲ့ဝေဒနာသက်သာစေဖို့ ခြေထောက်ကို ခြေခု ဒါမှမဟုတ် ခွေးခြေခုံပေါ် တင်ထားပေးပါ။

 

ရှောင်ရမယ့် အချက်
- ချော်လဲတာ၊ ခလုတ်တိုက်တာနဲ့ လဲကျတာတွေ၊ ချော်လဲမကျစေဖို့ ခြေကုပ်အားကောင်းတဲ့ ဖိနပ်ကို ဝတ်ဆင်ပေးပါ။ ပျော့ပျောင်းတဲ့ ရော်ဘာဖိနပ်ပါးကိုပဲ စီးပါ။ ကြမ်းပြင်ပေါ်က ချော် လဲစေ နိုင်တဲ့အရာတွေကို ရှင်းလင်းသိမ်း ဆည်းထားပါ။

 

ဆောင်ရမယ့်အချက်

- လိုအပ်ရင် ဝါးလုံးကို အသုံးပြုပြီး လမ်းလျှောက်ပေးပါ။ ခြေထောက်တွေမမြဲဘူးလို့ ယူဆနေရတယ်ဆိုရင် လမ်းလျှောက်တဲ့ နေရာမှာ မြဲမြဲမြံမြံ ဖြစ်စေဖို့ ထောက်ကူလို့ရမယ့် တောင့်တင်းရှည်လျားပြီး ပေါ့ပါးတဲ့ဝါးလုံးကို ရော်ဘာ အစွပ်စွပ်ပြီး အသုံးပြုပါ။ ကိုယ်အလေးချိန်ကို စစ်ဆေးစောင့်ကြည့်ပါ။ ကိုယ်အလေးချိန် ပုံမှန်ထက်များတာက ဒူးတွေကို ဝန်ပိစေသလို၊ အဆစ်တွေ နာကျင်စေသလို ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြေလည်း များစေပါတယ်။

 

- အပ်စိုက်ကုထုံး ကုသမှုခံယူဖို့ စဉ်းစားပါ။ သေးငယ်တဲ့ အပ်လေးတွေကို နာကျင်နေတဲ့ အဆစ်တစ်ဝိုက်ကို ထိုးစိုက်ကုသတာ ဖြစ်ပါတယ်။ သည်ကုထုံးက ဒူးနာဝေဒနာကို သက်သာစေသလို အဆစ်အမျက်တွေ နာကျင်မှုကို လျော့ပါးစေနိုင်ပါတယ်။ ခြေထောက်ကို နေ့စဉ်ဆန့်ထုတ် လှုပ်ရှားပေးခြင်းဖြင့် ကြွက်သားနာကျင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

- ကုသမှုမှာ အပူ၊ အအေးနှစ်မျိုးစလုံး အသုံးပြုပါ။ ဒူးနာဝေဒနာ ပြန်ဖြစ်လာပြီဆိုရင် ကုသမှုမှာ အပူနည်း သို့မဟုတ် အအေးနည်းကို သုံးပါ။ နာကျင်မှုသက်သာစေဖို့အတွက်က ပူနွေးနွေး အစိုဓာတ်ပေးခြင်းက ခြောက်သွေ့တဲ့နည်းထက်ပိုကောင်းပါတယ်။ အဝတ်စတစ်ခုကို ရေနွေးနွေးဆွတ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒူးခေါင်းရောင်ရမ်းမှုကို သက်သာစေဖို့ ကတော့ အေးခဲနေတဲ့ အသီးအနှံတွေထည့်ထားတဲ့ အိတ်ကို ပုဝါနဲ့ပတ်ပြီး ဒူးဆစ်နေရာမှာ ကပ်ထားပေးနိုင်ပါတယ်။

 

- အိပ်စက်ရာမှာ ကိုယ်နေဟန်ထား မမှားပါစေနဲ့။ အိပ်စက်မှု အနေအထားမမှန်ရင် ဒူးနာဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။ တစ်ပုံစံတည်းမအိပ်ဘဲ ပုံစံအမျိုးမျိုးပြောင်းပေးပါ။ ဘေးစောင်းအိပ်တဲ့အခါ ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်လုံးထားပေးပါ။ ဒူးစွပ် စွပ်ထားပါ။ နာကျင်နေတဲ့ ဒူးကို ဒူးစွပ်၊ ဒါမှမဟုတ် ဆေးစည်းထားပါ။ ဒူးကိုဆေးစည်းဖို့အတွက် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းအကြံ ပြုချက်ယူပါ။

 

ရှောင်ရမယ့်အချက်

- ဖိနပ်တွေဟာ အချိန်ကြာမြင့်စွာ စီးတဲ့အခါ ခြေထောက်ကို သက်တောင့်သက်သာ မဖြစ်စေတော့ပါဘူး။ ဖိနပ်က တအားဟောင်းလာခဲ့တာမျိုးတွေ ဖြစ်လာရင်ပဲဖြစ်ဖြစ်၊ ဖိနပ်ပန်းကုန် သွားရင်ပဲဖြစ်ဖြစ် မစီးသင့်တော့ပါဘူး။ ဒူးနာသက်သာစေပြီး ခြေဖဝါးနဲ့အဆစ်တွေကို အထောက်အပံ့ပေးနိုင်မယ့် ဖိနပ်အသစ်ကို ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။

Read times
Rate this item
(0 votes)