What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 May 2018 14:33

မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ

မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ Google.com

မနက်စောစောမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နိုးကြားစေတဲ့ အကျင့်ဟာ အမြဲတမ်း ကောင်းပါသလား။

ကော်ဖီခါးခါးလေးဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် ဒီကော်ဖီလေးထဲကို နွားနို့တွေ ရော၊ နို့ဆီတွေ ထည့် ၊ သကြားတွေ ရောမွှေလိုက်တဲ့အခါ အဆီများပြီး ဝိတ်တက်စေတဲ့ အချိုရည်တစ်ခု ဖြစ်သွားမှာလည်းဖြစ်ပါတယ်။

မြန်မာတွေ အလွယ်တကူ ဝယ်သောက်နေကျ ကော်ဖီမစ်ဟာ အဲဒီလို ခပ်ဆင်ဆင်ပါပဲ။ ကော်ဖီမစ်ထဲကို သကြားတွေ ၊ နို့ဆီတွေ ထပ်ထည့်မှ သောက်တတ်သူတွေကလည်းရှိပါတယ်။

မနက်ခင်း ကော်ဖီသောက်ပြီးရင် လေပွသလို ခံစားရတတ်ပါတယ်။ ဒါဟာကော်ဖီကြောင့် မဟုတ်ပါဘူး။

ကော်ဖီနဲ့ ရောဖျော်လိုက်တဲ့ နွားနို့ သို့မဟုတ် Creamer တွေကြောင့်ဘဲဖြစ်ပါတယ်။

ကော်ဖီသောက်လို့ အဝမလွန်ချင်ဘူး ဆိုရင်တော့ ကေိာဖ်ီကို လျှော့သောက်ရမှာဘဲ ဖြစ်ပါတယ်။

ကော်ဖီ နဲ့ နို့ဆီ၊ သကြား ရောဖျော်ထားရင် ပေါင်မုန့်တစ်ချပ် သို့မဟုတ် ဆင်းဒဝ်ခ်ျတစ်ခု နဲ့ ကယ်လိုရီရရှိမှု သဘောတရား တူသွားပါတယ်။

ကော်ဖီမစ် သောက်မယ့်အစား ကော်ဖီမှုန့်စစ်စစ်ကို ဝယ်ပါ။

ဖျော်တဲ့အခါ သကြားနဲ့ နို့ဆီ၊ နို့မှုန့် လျှော့ပါ။ အစတော့ ခါးသက်သက်နဲ့ အရသာပြင်းပြီး မျိုရခက်ပေမယ့် နောက်ပိုင်း ခါးခါးသောက်တာ အကျင့်ဖြစ်သွားရင် ပါးစပ်ထဲမှာ အရသာ ရှိသွားတာပါပဲ။

ချိုချိုသောက်တာထက် ခါးခါးသောက်တာက ပိုလို့ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

ကော်ဖီကြိုက်တာ ကောင်းသောအကျင့်ပါ။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ကဖိန်းဓာတ်ဟာ လူကို လန်းဆန်းသွားစေပြီး စွမ်းအင်မြင့်တက်စေပါတယ်။ ဒါပေမဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေ ဖျော်တဲ့အခါ ရောပါလာမယ့် နို့နဲ့ သကြား creamer တွေက ဗိုက်ထွက်၊ ခါးတုတ်လာစေပြီး အလှပျက်စေတာပါကြောင်း အသိပေးလိုက်ပါတယ်။

Source:’shangyimm”

Read:ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေနိုင်

ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေနိုင်

Read times Last modified on Friday, 25 May 2018 15:01
Rate this item
(2 votes)