What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 May 2017 13:34

သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ဆုံးခြင်းကြောင့် ပြသသော လက္ခဏာ (၈) ရပ်

သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ဆုံးခြင်းကြောင့် ပြသသော လက္ခဏာ (၈) ရပ် Google.com

၁. အကြောတက် ဇက်ကြောထိုးခြင်း

ကြွက်သားအရွတ် နာကျင်ခြင်းက သင့်ကို ရေဓာတ် ၈၀ ရာခိုင်နှုန်း လျော့နည်းနေလို့ ဖြစ်ပါတယ်။ ရေဓာတ်လျော့နည်းခြင်းကြောင့် အရိုးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိခြင်းကြောင့် နာကျင်ခြင်းများ ဖြစ်စေပါတယ်။

၂. အစာစားချင်စိတ် ပြင်းပြခြင်း

အလွန်အမင်း ဆာနေတယ်ဆိုရင် ရေကို နည်းနည်းခြင်းစီ သောက်ပေးပါ။ ခန္ဓာကိုယ်မှ ဦးနှောက်သို့ သတင်းပေးပို့တာကြောင့် အစားစာချင်စိတ် ပေါ်လာတာဖြစ်ပါတယ်။

၃. ခံတွင်း အနံဆိုးထွက်ခြင်း

ခံတွင်းအနံဆိုးထွက်ခြင်းက ရောဂါလက္ခဏာ တစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်မျ တံတွေးအလုံအလောက် မရှိခြင်းကြောင့် ဘက်တီးရီးယားပိုးမွှားတွေ ဖြစ်ပေါ်စေပြီး အနံဆိုးများ ဖြစ်ပေါ်စေပါတယ်။ ခံတွင်းထဲရှိတံတွေးက သွားများပျက်စီးခြင်းနှင့် သွားကြားရှိ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။

၎. နှလုံးရောဂါ

ရေဓာတ်လျော့နည်းခြင်းကြောင့် နှလုံးအားနည်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ သွေးလည်ပတ်မှု လျော့ချစေခြင်းဖြင့် နှလုံးခုန်နှုန်းက လျော့နည်းစေပါတယ်။

၅. မောပန်းနွမ်းနယ်ခြင်း

အရည်ဓာတ် လျော့နည်းလည်း သွေးဖိအားလျော့နည်းခြင်းနှင့် သွေးတိုးခြင်းများ ဖြစ်ပေါ်စေပါတယ်။ ထို့အပြင် နှလုံးစွမ်းအင်က ဦးနှောက်၊ ကြွက်သားနှင့် အရေပြားတွေဆီကို ပို့ပေးရပါတယ်။

ထို့ကြောင့် အောက်စီဂျင်နှင့် အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာပြီး ပင်ပန်းနွမ်းနယ်မှုတွေ လုပ်ချင်ကိုင်ချင်စိတ်မရှိမှုတွေ ဖြစ်ပေါ်စေပါတယ်။

၆. ခေါင်းကိုက်ခြင်း

ရေဓာတ်လျော့နည်းသောအခါ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းတာကြောင့် ဦးနှောက်တစ်သျူးအလုပ်လုပ်မှု သက်တောင့်သက်သာ မရှိတော့ပါဘူး။

ဦးနှောက်က ရေခမ်းခြောက်သောအခါ ဦးခေါင်းခွံကို ဆွဲထားသလိုဖြစ်တာကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

၇. ၀မ်းချုပ်ခြင်း

ရေဓာတ်လျော့နည်းခြင်းက အစာချေမှုကို လျော့နည်းစေပြီး ၀မ်းချုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

၈. နှုတ်ခမ်းနှင့် အသားအရေ ခြောက်ခြင်း

ရေဓာတ်ကုန်ဆုံးတာနှင့်အတူ အသားအရေများကလည်း ခြောက်သွေ့လာပါတယ်။ အရေးပြားအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားမပေးနိုင်ခြင်း၊ အရေပြားအဆီများကိုလည်း ဖယ်ရှားပေခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

Source: health care

Read times
Rate this item
(3 votes)