What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 December 2020 17:04

နှလုံးတိုက်ခိုက်မခံရခင် တစ်လအလိုမှာ ပြတတ်တဲ့လက္ခဏာများ

ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း (Heart Attack) ကြောင့် သေဆုံးမှုတွေများလာတဲ့နောက် အမေရိကန် နှလုံးအဖွဲ့အစည်းက ပြုလုပ်ထား စစ်တမ်းအရ နှလုံး တိုက်ခိုက်မခံရရင် တစ်လ လောက်အလိုမှာ ပြတတ်တဲ့ရောဂါလက္ခဏာတွေ ကြိုတင်သိထား နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။

 

ပင်ပန်းနွမ်းနယ်ခြင်း

ပင်ပန်း တယ်ဆိုတာမျိုးက ပုံမှန်လိုဖြစ် လေ့ရှိပေမယ့် နေ့စဉ်ပြုလုပ်နေကျကိစ္စတွေ လုပ်ရင်း သိသိသာ သာ ထူးထူးခြားခြားကြီးကို တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နုံးချည့်နွမ်းနယ်နေရင် သတိထား ဖို့ လိုလာပါပြီ။

 

အသက်ရှူကျပ်ခြင်း

နှလုံးတိုက် ခိုက်မခံရခင်မှာ လူတိုင်းလိုလိုကြုံ ရတာက အသက်ရှူကျပ်လာတာပါ။ အဆုတ်က လိုအပ်တဲ့သွေး မရတဲ့အတွက် သွေးကြောတွေ ပိတ်လာကာ အသက်ရှူကျပ်လာ တာမို့ ဒီလိုထူးခြားတဲ့ ခံစားမှုရတာနဲ့ ဆရာဝန်ဆီကို အမြန်ဆုံး သွားပါ။

 

ရင်ဘတ်တစ်ခုလုံး တင်းကျပ်၊ နာကျင်ခြင်း

နောက်ထပ်သိသာတဲ့ လက္ခဏာတစ်ခုက ရင်ဘတ် တစ်ခုလုံး တင်းကျပ်နာကျင်လာပြီး တစ်ခါတစ်ရံမှာ လက်မောင်းတွေ၊ လည်ချောင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျောနဲ့ အစာအိမ်တွေ တင်းပြီး နာကျင်တာမျိုးတွေ အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ် လေ့ရှိပါတယ်။

 

မောပန်းခြင်း

ကြွက်သားတွေဆီ သွေးအလုံအလောက်မရတဲ့အခါ မှာ အားနည်းပြီး မောပန်းတဲ့ခံစား မှုမျိုးကိုလည်း သတိထားပါ။

 

မူးဝေပြီး ချွေးစေးများ ပြန်ခြင်း

ဦးနှောက်ဆီကို သွေးကောင်းစွာ မရောက်တဲ့အတွက် မူးဝေတဲ့ခံ စားမှုဖြစ်စေသလို ချွေးစေးတွေ ပြန်တာဟာ နှလုံးတိုက်ခိုက်ခံရ ခြင်းရဲ့ အကြိုလက္ခဏာတစ်ခုပါ ပဲ။

 

အအေးမိ၊ တုပ်ကွေးဖြစ်ခြင်း

ချောင်းတွေ အရမ်းဆိုး အအေးမိ လိုက်၊ ဖျားနာလိုက်ဖြစ်တာဟာ ချက်ချင်းဒုက္ခပေးနိုင်တဲ့ လက္ခ ဏာရပ် မဟုတ်ပေမယ့် ပေါ့ပေါ့ ဆဆမလုပ်ဘဲ သတိထားပြီး ကုသဖို့လိုပါတယ်။အထက်ပါအချက်တွေဟာ နှလုံးတိုက်ခိုက်မခံရခင်မှာ ပြတတ်တဲ့လက္ခဏာတွေမို့ အမြဲ သတိထားနေဖို့ လိုအပ်ပါတယ်။

Read times
Rate this item
(0 votes)