What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 December 2020 15:52

ပိန္နဲသီးစားခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ

ပိန္နဲသီးစားခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ ကို ကျန်းမာရေးအသိတိုးပွားစေရန် တင်ဆက်ပြသလိုက်ပါတယ်။

 

၁. ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေ

ပိန္နဲသီးမှာ anti-oxidants နဲ့ phytonutrient တို့ပါရှိတာကြောင့် အဆုတ် ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

 

၂. ကိုယ်အလေးချိန်ကျစေ

အဝလွန်သူတွေအတွက် ပိန္နဲသီးက ကူညီပေးနိုင်ပါတယ်။ သူ့မှာ free of fat နဲ့ ကယ်လိုရီနည်းပါးတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူဖြစ်စေပါတယ်။

 

၃. သွေးပေါင်ချိန်ကျစေ

potassium အများကြီးပါတာကြောင့် သွေးဖိအားကို လျော့ကျစေကာ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ ဖြစ်ပွားခြင်း တွေကို လျော့ကျစေပါတယ်။

 

၄. အစာချေစနစ်ကို ကောင်းမွန်စေ

အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သူ့မှာ အမျှင်ဓါတ် (fibers) တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အူမကြီးနဲ့ အစာအိမ်တို့မှာရှိတဲ့ ကင်ဆာဖြစ်စေနို င်တဲ့ ဒြပ်ပေါင်းတို့ကို ဖယ်ရှားပေးနိုင်ပါတယ်။

 

၅. အိပ်မပျော်တာတွေကို သက်သာစေ

အိပ်မပျော်တာတွေကို သက်သာစေပါတယ်။ magnesium နဲ့ iron ပေါကြွယ်ဝစွာပါဝင်တာကြောင့် အိပ်မပျော်တာတွေကို ကာကွယ်၊ သက်သာစေပါတယ်။

 

၆. ဆီးချိုအတွက် ကောင်းမွန်စေ

သွေးထဲမှာရှိတဲ့ သကြားကို စုပ်ယူပေးနိုင်စွမ်းရှိတာကြောင့် ဆီးချိုရောဂါအတွက် ကောင်းပါတယ်။

 

၇. မျက်လုံးနဲ့အသားအရေကို ထိန်းသိမ်းပေးနိုင်

vitamin A ပါရှိတာကြောင့် မျက်လုံးအမြင်အာရုံနဲ့အသားအရေပျက်စီးတာ (ပါးရေ၊ နားရေတွန့်) တာတွေကို သက်သာစေပြီး အရိုးတွေကိုသန်မာစေကာ အာရုံကြောစနစ်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။

Read times
Rate this item
(0 votes)