What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 August 2020 00:58

အမလေးလေး သွားကျိန်းလိုက်တာ (သို့) သွားကျဉ်လိုက်တာ လို ညည်းဖူးလား

အမလေးလေး သွားကျိန်းလိုက်တာ (သို့) သွားကျဉ်လိုက်တာ လို ညည်းဖူးလား Sensodyne Myanmar

တစ်ခုခု စားမိရင် အမလေးလေး သွားကျိန်းလိုက်တာ (သို့) သွားကျဉ်လိုက်တာလို့ သင့်အနေနဲ့ ဖြစ်ဖူးပါသလား။

 

ဒါဆိုရင် ဒီလိုဖြစ်တာ သင့်ရဲ့သွားမှာ အပေါက် ဒါမှမဟုတ် သွားပိုးစားတာ ဖြစ်နိုင်ပါတယ်။ သင်ပေါ့ဆနေလေ့ရှိတဲ့ သွားကျဉ်တာ (သို့) သွားကျိန်းတာက နာတာရှည်ရောဂါ ဖြစ်နိုင်တယ်ဆိုတာ သင့်သိပါသလား။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းအများကြီးရှိပေမယ့် သင့်ကိုယ် သင့်ရဲ့သွားနှင့် ခံတွင်း ကို သန့်ရှင်းရေး ကို ဂရုတစိုက်ပြုလုပ်မယ်ဆိုရင် သက်သာသွားနိုင်တယ်ဆိုတာ သင်သိပါသလား။

 

16715874_2254546414770872_5679127320971442411_o.png

 

ဟုတ်ပါတယ်။ သွားကျဉ်တာ (သို့) သွားကျိန်းတာက သင်မတည့်တဲ့ အစားအစာ တစ်ခုခုကို စားလိုက်တာနဲ့ ဖြစ်လေ့ရှိပါတယ်။ သွားကျဉ်တာ (သို့) သွားကျိန်းတာကနေတဆင့် တခြားဖြစ်နိုင်တဲ့ သွားနှင့်ခံတွင်းရောဂါတွေကတော့ သွားများပျက်စီးခြင်း ၊ ရေစီးကမ်းပြိုခြင်း ၊ သွားရောဂါများ နှင့် အက်စစ်ကြောင့် သွားကြွေလွှာများ ပျက်စီးသည်ထိ ဖြစ်ပွားနိုင်ပါတယ်။

 

သဘာဝ လက်ဆောင်တစ်ခုအနေနဲ့ ရရှိထားတဲ့ ကျနော်တို့ရဲ့သွားတွေကို ကောင်းမွန်းစွာ ဂရုစိုက်ခြင်းတွေ မရှိဘူးဆိုရင် သွားရောဂါ နှင့် သွားဖုံးရောင်ခြင်းစတဲ့ ပြဿနာများနှင့်အတူ ကျနော်တို့ရဲ့ လှပတဲ့သွားတွေကို ဆုံးရှုံးလိုက်ရမှာဖြစ်ပါတယ်။

Image may contain: 1 person, smiling, text that says 'SENSODYNE သဘာဝအတိုင်း ပြန်လည်ဖြူဖွေးစေမည် SENSODYNE ithwdaybrushig CHBAN/CHSENO/0049/1'


ဒီလိုဆို ဘယ်လိုမျိုးကာကွယ်နိုင်မလဲ.....?

သွားကျဉ်တာကိုဖြစ်စေတဲ့ အကြောင်းအရင်း ကို သွားတိုက်ဆေးနဲ့ကာကွယ်နိုင်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ သွားတိုက်ဆေးက ဘယ်လို ကာကွယ်ပေးတာလဲဆိုတာ မသိသေးဘူးဆိုရင်တော့ ဒီပို့စ်ကို အဆုံးထိရောက်အောင် ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။

 

အပူ အအေး တွေစားသောက်တဲ့ အခါ သွားထဲက နာ့ဗ်ကြောလေးတွေကိုလှုံ့ဆော်ပေးသလိုဖြစ်ပြီး သွားထဲမှာ စူးရှတဲ့ ခံစားမှုကိုခံစားရတက်ပါတယ်။ သွားကျဉ်တက်တဲ့လူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးမှာပါဝင်တဲ့ Potassium nitrate က သွားထဲကိုတိုက်ရိုက်ဝင်ရောက်ပြီး ကျဉ်နေတဲ့ နာ့ဗ်ကြောလေးတွေကိုသက်သာစေခြင်းဖြင့် သွားကျဉ်တာကိုကာကွယ်ပေးပါတယ်။

 

ကွဲပြားတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးမျိုးစုံကိုလည်း ဈေးကွက်ထဲမှာ တွေ့နိုင်ပါတယ်။ Potassium nitrate က သွားတိုက်ဆေးတွေက သွားတွေကိုသန့်ရှင်းစေပြီး ခံတွင်းရနံ့ကိုလဲ သင်းပျံံ့စေပါတယ်။ သွားကျဉ်ခြင်းကိုသက်သာစေတဲ့ Sensodyne သွားတိုက်ဆေးမှာ ဘယ်လို ပါဝင်ပစ္စည်းတွေပါဝင်နေလဲ လေ့လာကြည့်လိုက်ရအောင် …။

Image may contain: food

သွားကျဉ်ခြင်းကိုသက်သာစေဖို့ Sensodyne သွားတိုက်ဆေးမှာ ပိုတက်စီယမ် နိုက်ထရိတ် ၅% ပါဝင်ပါတယ်။ ပိုတက်စီယမ် နိုက်ထရိတ်က အပြင်ကစားသောက်လိုက်တဲ့ အပူ၊အအေးကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို သွားအတွင်းမှ အာရုံကြောတွေဆီကနေတစ်ဆင့် ဦးနှောက်ဆီသို့ ပို့ပေးခြင်းကိုတားဆီးပေးလို့ သွားကျဉ်ခြင်းကို သက်သာစေပါတယ်။

Image may contain: 2 people

သွားကျဉ်ခြင်းကို ခံစားနေရပြီဆိုရင်တော့ သွားဆရာဝန်ဆီဖို့ အကြံပေးချင်ပါတယ်။ သွားဆရာဝန်မှ သွားကျဉ်ရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြပေးနိုင်ပြီး သင့်အတွက်အသင့်တော်ဆုံး သွားတိုက်ဆေးကိုလည်း ညွှန်ကြားပေးနိုင်ပါတယ်။

 

By Aung Win (Health Products Directory)

Read times Last modified on Wednesday, 19 August 2020 01:23
Rate this item
(2 votes)