What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 January 2021 12:11

အသည်းကင်ဆာကို ကာကွယ်ပေးတဲ့ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ လေ့လာမှုတွေအရ ဂေါ်ဖီထုပ် မျိုးနွယ်ဝင် အသီးအရွက်တွေဟာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာ တွေကို ကာကွယ်ပေးနိုင်စွမ်းရှိသလို နောက်ထပ်လေ့လာမှုအသစ်တစ်ရပ်အရ အသည်းရောဂါကို ပါ ကာကွယ်ပေး နိုင်ကြောင်းသိရပါတယ်။

ပျော်ဝင်ဆီအများအပြားနဲ့ သကြားပါတဲ့ အစားအစာစားသုံးတဲ့အခါ အဲ့ဒီပါဝင်ပစ္စည်းတွေကို အသည်းက သိမ်းဆည်းထားပြီး ခန္ဓာကိုယ်အဆီအဖြစ် ပြောင်းလဲပေးပါတယ်။

ဒါကြောင့်ဒီလိုအစားအစာတွေနှစ်ရှည်လ များစားပြီး ခန္ဓာကိုယ်အလေးချိန်များတဲ့သူတွေဟာ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုခံစားရုနိင်ပါတယ်။ ဒီအသည်းအဆီဖုံးတဲ့ဖြစ်ရပ်ကို မကုသဘူးဆိုရင် သေပျောက်နှုန်းမြင့်တဲ့ အသည်းဆဲလ်ကာစီနိုမာ (HCC) ကင်ဆာတစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။

ဒီရောဂါဟာ ပုံမှန်အားဖြင့် ရောဂါလက္ခဏာ မပြတတ်ပေမဲ့လည်း တစ်ခါတလေမှာ မောပန်းတာ၊ ဝမ်းဗိုက်အပေါ်ပိုင်း ညာဘက်က နာကျင်တာ၊ ခန္ဓာကိုယ်အလေးချိန်လျော့ကျလာတာတွေ ဖြစ်တတ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း နဲ့အတူ ပန်းဂေါ်ဖီ (သို့) ပဲပင်ပေါက်တို့လို အသီးအရွက်မျိုးတွေဟာ အသည်းထဲက အဆီစုပုံတာကို ဟန့်တားနိုင်စွမ်းရှိပြီး အသည်းအဆီဖုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Read times Last modified on Wednesday, 20 January 2021 12:14
Rate this item
(0 votes)