What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 January 2021 17:01

သွေးတိုးရောဂါရှင်များအတွက် ရှောင်ရန်၊ ဆောင်ရန်နှင့် စားသောက်ရန်များ

သွေးတိုးရောဂါရှင်တွေဟာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညိုကို များများစားပေးပါ။

စာသုံးရန် အစားအသောက်များမှာ ထောပတ်သီး၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ဂရိတ်ဖရုသီး၊ ပဲသီး၊ အဆီနည်းအသား၊ အဆီထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် မလိုင်ဖယ်ထားတဲ့ နွားနို့၊ လိမ္မော်သီး၊ ဆော်လ်မွန်ငါး၊ နေကြာစေ့နှင့် ခရမ်းချဉ်သီး စသည်တို့ကို စားသုံးသင့်ပါတယ်။

ရှောင်ကြဉ်သင့်သော အစားအသောက်များ

သွေးတိုးရောဂါရှင်တွေအနေနဲ့ ငန်တဲ့အစာတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာကိုတော့ အများသိကြပြီးသားပါ။ ဒါပေမယ့် သွေးတိုးရောဂါရှင်တွေဟာ ငန်တဲ့ အစာတွေတင်မကဘဲ တခြားရှောင်ကြဉ်သင့်တဲ့ အစာတွေရှိပါသေးတယ်။

သွေးတိုးရောဂါရှင်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများတဲ့အသား၊ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆားပါဝင်မှုများတဲ့ အဆင်သင့်စားစရာ နဲ့ အရက်ကို ရှောင်ကြဉ်ရပါ့မယ်။

သွေးတိုးရောဂါရှင်တွေအနေနဲ့ အိမ်မှာ ဟင်းချက်တဲ့အခါ ဆားလျှော့ထည့်ရုံနဲ့ မလုံလောက်ဘဲ အဆင်သင့် စားစရာဘူးတွေ၊ အထုပ်တွေကို ဝယ်တဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကိုပါ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ သွေးတိုးရောဂါရှင်တွေအနေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပြီး စားစရာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ပါ။

ရှောင်ကြဉ်သင့်သော အစားအသောက်များမှာ ငါးပိ၊ ငါးခြောက်နဲ့ ဆားနယ်ထားတဲ့ တခြားအသားခြောက်များ၊ ဆိုဒီယမ်ပါဝင်မှုများတဲ့ အဆင်သင့်စားစရာများ၊ ကြက်အရေခွံ၊ အမြန်စာများ၊ ပြည့်ဝဆီ ဒါမှမဟုတ် ထပ်ပြန် ကြော်ဆီပါဝင်မှုများတဲ့ အစာများ၊ သကြားပါဝင်မှုများတဲ့ အစာများ တို့ ဖြစ်ပါတယ်။

Read times Last modified on Thursday, 21 January 2021 17:05
Rate this item
(0 votes)