What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 December 2017 10:08

နားဖာချေးရဲ့ လက္ခဏာရပ်တွေက ညွှန်ပြနေတဲ့ သင့်ကျန်းမာရေး

နားဖာချေးရဲ့ လက္ခဏာရပ်တွေက ညွှန်ပြနေတဲ့ သင့်ကျန်းမာရေး google.com

၁. အစိမ်းရောင် သို့မဟုတ် အ၀ါရောင်ဖြစ်နေခြင်း

သာမန်နားဖာချေးက အ၀ါဖျော့ဖျော့ကနေ အရောင်ရင့်ရင့်အထိ ရှိပါတယ်။ ဒါပေမယ့် အ၀ါ၊ အစိမ်း၊ အဖြူနဲ့ လုံးဝ ရင့်မှောင်နေတယ်ဆိုရင်တော့ ဒါဟာ ကူးစက်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ရေကူးသမားတွေ နားထဲရေ၀င်တာမျိုးကတော့ အိမ်မှာပဲ နားသန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။

၂. အလွှာလေးတွေ ကွာကျနေခြင်း

နားဖာချေးစီးဆင်းရာတစ်လျှောက် နားတွင်းအရေပြားက ခြောက်သွေ့ပြီး အလွှာလေးတွေ ကွာကျနေတယ်ဆိုရင်တော့ နှင်းခူနာ ဖြစ်နိုင်ပါတယ်။ နှင်းခူနာကို ကုသမှုခံယူရတာက လွယ်ကူပါတယ်။ ဒါပေမယ့် နာကျင်မှုကိုပါ ခံစားရတယ်ဆိုရင်တော့ Psoriasis ခေါ် အရေပြားရောဂါရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

၃. အနံ့ထွက်ခြင်း

နားဖာချေးတွေမှာ အနံ့တစ်ခုခုထွက်နေတာဟာ ကူးစက်ရောဂါရဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နားဖာချေးအနံ့ထွက်ရင် ကိုယ်တိုင်သတိထားမိနိုင်သလို တခြားသူတွေက သတိပေးခြင်းဖြင့်လည်း သိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ဆရာဝန်နဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် နားအူခြင်းကိုပါ ခံစားနေရရင် အန္တရာယ်ရှိတဲ့ အခြေအနေမို့ အမြန်ကုသမှု ခံယူသင့်ပါတယ်။

၎. နားပြည်ယိုခြင်း

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ နားမှာ စွတ်စိုနေတာက ချွေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်ရာက နိုးလာချိန်မှာ ခေါင်းအုံးပေါ် နားဖာချေးတွေရှိနေရင် ဒါမှမဟုတ် နားဝမှာ စွတ်စိုနေရင် နားမှာ ကူးစက် ရောဂါ ဖြစ်နေတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးကုသသင့်ပါတယ်။

၅. နားဖာချေးအမြဲပိတ်နေခြင်း

သာမန်ထက်ပိုပြီး နားဖာချေးအမြဲပိတ်နေတာက ကောင်းတဲ့ လက္ခဏာတစ်ရပ် မဟုတ်ပါဘူး။ တစ်ချို့လူတွေ လုပ်သလို နားကို ဂွမ်းနဲ့ သန့်စင်တာမျိုး အမွှေးအတောင်တစ်ခုခုနဲ့ ကလော်တာမျိုးတွေကို လုံးဝမပြုလုပ်ပါနဲ့။ အဲလိုပြုလုပ်ခြင်းက ပွန်းပဲ့နာကျင်မှုကို ဖြစ်ပေါ်စေပြီး အကြားအာရုံကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၆. ယားယံခြင်း

မကြာခဏ ဖြစ်တာမျိုးမဟုတ်ဘဲ နားကို အမြဲတမ်းကုတ်နေရတယ်ဆိုရင် နားမှာ ကူးစက်ရောဂါ တစ်ခုခုဖြစ်ဖို့ များတာကြောင့် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကုသမှု ခံယူသင့်ပါတယ်။

၇. ခြောက်သွေ့နက်မှောင်နေခြင်း

နားဖာချေးက သာမန်ထက်ခြောက်သွေ့နေတာကို သတိပြုမိတယ်ဆိုရင် ဒါဟာ အသက်အရွယ်ရလာခြင်းရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ရလာတဲ့အခါ နားဖာချေးတွေက ပိုခြောက်သွေ့ပြီး အလွှာလေးတွေ ဖြစ်လာတာက သဘာဝပါပဲ။

Source: gandawin

Read times Last modified on Wednesday, 13 December 2017 10:10
Rate this item
(1 Vote)