နှလုံးထိခိုက်စေသည့် အကျင့်ဆိုး (၇) ချက်
၁. အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တာကြောင့် ဟော်မုန်း ဟန်ချက်မညီမျှမှုဖြစ်ကာ အစာကို ပိုစား ဖြစ်စေပြီး နှလုံးကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ ထွက်လာတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကလည်း နှလုံးကို ထိခိုက်စေနိုင် ပါတယ်။
၂. အရက် အလွန်အမင်း သောက်ခြင်း
အရက်ကို အလွန်အမင်း သောက်တာကြောင့် နှလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေရုံသာမက အရက်ကို ကြာရှည် သောက်သုံးတဲ့အတွက် နှလုံးမှာ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။
အရက်သောက်တာကြောင့် အသည်း၊ အရိုး၊ မှတ်ဉာဏ်တို့ကို ထိခိုက်စေရုံသာမက နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေတို့ကို တိုးမြင့်စေပါတယ်။ အရက်ဖြတ်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
၃. ဆားအလွန်အမင်း စားခြင်း
ဆားစားသုံးမှု များတာကြောင့် သွေးတိုးစေပြီး သွေးတိုးတာဟာ နှလုံးရောဂါထစေတဲ့ အန္တရာယ်ပါပဲ။ ထို့ကြောင့် သင် စားတဲ့ ဟင်းလျာတွေမှာ ဆားကို လျော့စားပါ။
၄. အလွယ် စားသောက်ခြင်း
အစာနဲ့ ဆားကဲတဲ့ အစာတွေဟာ ကျန်းမာရေးအတွက် အဓိက အန္တရာယ်ပါ။ ဒီ အစာတွေက လူတွေကို ဝစေတဲ့အပြင် နှလုံးရောဂါအတွက် အဓိက အန္တရာယ် လည်း ဖြစ်စေပါတယ်။
၅. လေ့ကျင့်ခန်း လုံးဝ မလုပ်ခြင်း
လှုပ်ရှားမှု မရှိတာက နှလုံးရောဂါ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတစ်ခု ပါပဲ။ ပုံမှန် လေ့ကျင့်ခန်း မလုပ်ရင် အမျိုး အစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပို များစေပါတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့ အတွက် ကိုယ်အလေးချိန်များတာဟာ နှလုံးကို အနှေးနဲ့ အမြန် ဆိုသလို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှု၊ နှလုံးနဲ့ ဦးနှောက် ကျန်းမာရေး၊ သွေးစီးဆင်းမှု၊ ဆဲလ်အတွင်း အောက်ဆီဂျင်ရောက်ရှိမှုတို့ကို ကောင်းမွန်စေပါတယ်။
၆. စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကကို ကုသမှု မခံယူဘဲ နေခြင်း
ပှုပင်သောက၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးမှုတွေက အထွေထွေ ကျန်းမာရေးကို ထိခိုက်စေပြီး နှလုံးကို အားနည်း စေပါတယ်။
စိတ်ဝေဒနာတို့ကို ကုသမှု မခံယူဘဲနေရင် ကိုယ်ခံစွမ်းအား အဆင့်နဲ့ စွမ်းအင်အဆင့်ကို လျော့ကျစေသလို အစာစားချင်စိတ်နဲ့ နာ့ဗ်ကြောစနစ်ကိုလည်း ထိခိုက်စေပါတယ်။ မကောင်းတဲ့ စိတ်ခံစားမှုဟာ နှလုံးကျန်းမာရေးအတွက် မကောင်းပါဘူး။
၇. ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် နှလုံး ရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးမှု ၃၀ ရာ ခိုင်နှုန်းနီးပါးကို ဖြစ်စေကြောင်း အမေရိ ကန်လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ ဆေးလိပ်သောက်တာက ခံတွင်း၊ လည်ချောင်းနဲ့ အဆုတ်ကင်ဆာတို့လို ကင်ဆာ အမျိုးအစား တစ်ချို့အတွက် အန္တရာယ်ပါ။