What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 November 2022 15:43

ရေနွေးသောက်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးအာနိသင် (၇) မျိုး

ရေနွေးသောက်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးအာနိသင် (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. ချွဲပျော်ဆေး

နွေးထွေးတဲ့ အရည်တိုင်းက နှာခေါင်း၊ လည်ချောင်းနဲ့ အစာလမ်းကြောင်းက ချွဲတွေ ပျော်စေတာမို့ ရောဂါပိုးမွှားတွေ ဝင်ရောက်ပြီး ပေါက်ပွား ကူးစက်တာမျိုးကို ကာကွယ်ပါတယ်။  ရေနွေးသောက်လိုက်ရင် နှာရည်တွေ ပျော်ကျဖယ်ရှားမှုက ပိုပြီး မြန်ဆန်တာမျိုး ဖြစ်စေပါတယ်။

 

၂. အစာခြေအားကောင်း

ရေနွေးက သွေးကြောလေးများ ကျယ်စေတဲ့ အာနိသင်ရှိပါတယ်။ အဲဒါကြောင့် သွေးတိုးကျစေတာတွေ့ရသလို အစာကြေညက်မှုကိုလည်း လွယ်ကူမြန်စေပါတယ်။ အစာအိမ်ထဲက အပူချိန်က မြင့်မားနေတာမို့ အစားအသောက်များကို ဘယ်လို အရည်နွေးနွေးလေးနဲ့ မဆို မျှောချတာမျိုးက လွယ်လွယ်ကူကူ အစာကြေ မြန်စေပါတယ်။


၃. ဇီဝဖြစ်ပျက်မှု မြန်စေတယ်

ရေနွေးသောက်ရင် ကိုယ်အပူချိန်က မြင့်တက်လာပြီး ကိုယ်တွင်းဇီ၀ ဖြစ်ပျက်မှုကို မြန်စေပြီး ကျောက်ကပ်နဲ့ အစာလမ်းကြောင်းကို လုပ်ငန်းဆောင်တာ ချောမွေ့စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချချင်များအတွက် ရေနွေးသောက်ပေးပါ။

 

၄. ဝမ်းချုပ်တဲ့အခါ

ရေနွေးကို ဝမ်းချုပ်သူများ သောက်သုံးသင့်ပါတယ်။ မနက်အိပ်ရာထမှာ ဘာမှ မစားခင် ပျားရည်၊ သံပုရာရည်လေးများနဲ့ ရေနွေးလေး ရောသောက်တာက ဝမ်းချုပ်သက်သာစေပါတယ်။

 

၅. သွေးသန့်ဆေးကြော

အိပ်ရာထ ရေနွေးတစ်ခွက်သောက်သုံးခြင်းက သွေးကြောများကို ဆေးကြောသန့်စင်တာမျိုးကို ဖြစ်စေပါတယ်။ တစ်နေ့တာလုံး ရေနွေးသာ သောက်သုံးတာကလည်း ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပြီး စွန့်ပစ်ပစ္စည်းများ ထုတ်ဖယ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

 

၆. အဝလွန် အဆီများသူ

နံနက်ခင်းမှာ ရေနွေးတစ်ခွက်ထဲ သံပုရာရည် လက်ဖက်ရည်တစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်တစ်ဇွန်း ထည့်သောက်သုံးခြင်းက အဝလွန်တာ၊ ကိုလက်စထရော များတာတွေ ပြေလျော့စေပါတယ်။ ရေနွေးသောက်ခြင်းက အဆီတွေ ဖြိုဖျက်ပေးသလိုလည်း ဖြစ်ပါတယ်။

 

၇. တခြားအကျိုးအာနိသင်များ

ရေနွေးသောက်ခြင်းက လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။ ရေနွေးသောက်လိုက်တဲ့အခါ ပါးစပ်နဲ့ လည်ချောင်း၊ အစာအိမ်နဲ့ အူက အာရုံခံ အစိတ်အပိုင်းများက ဦးနှောက်ကို စိတ်ကျေနပ်မှု ရစေပါတယ်။

Read times
Rate this item
(0 votes)