What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 November 2017 11:22

သွေးအမျိုးအစားအလိုက် စားသင့်သော အစာများ

သွေးအမျိုးအစားအလိုက် စားသင့်သော အစာများ google.com

သင်ရဲ့ သွေးအမျိုးအစားပေါ်မူတည်ပြီး သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအသောက် တွေ ရှိပါတယ်။

အိုသွေးပိုင်ရှင်တို့အတွက် သင့်တော်သော အစာ

ပရိုတင်းများပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အသားကိုစားပါ။ အေရိုးဗစ် လေ့ကျင့်ခန်း ပြုလုပ်ပါ။ ဂျုံထက်တခြားကောက်နှံစာ အများစုကို စားသင့်ပါတယ်။ သွေးအမျိုးအစား အလိုက် သင့်တော်မှန်ကန်စွာ မစားသောက်ရင် အစာအိမ်နာနဲ့ အဆစ်ရောင်နာလို ရောင်ရမ်းမှု ဝေဒနာတွေ ဖြစ်နိုင်ခြေ တိုးစေပါတယ်။

အေသွေးပိုင်ရှင်တို့အတွက် သင့်တော်သော အစာ

ကာဗိုဟိုက်ဒရိတ်များပြီး အဆီနည်းတဲ့ အစာ၊ အထူးသဖြင့် သက်သတ်လွတ် အစာကို စားသင့်ပါတယ်။ ယောဂကျင့်တာ၊ ဂေါက်သီးရိုက်တာ စတဲ့ ညင်သာတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်သင့်ပြီး စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ဖို့ တရားထိုင်သင့်ပါတယ်။ တကယ်လို့ အစားအသောက်ကို သင့်သွေးအုပ်စု အလိုက် သင့်တော်ညီညွတ်အောင် မစားနိုင်ရင် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဘီသွေးပိုင်ရှင်တို့အတွက် သင့်တော်သော အစာ

ဘီသွေးပိုင်ရှင်တွေ အနေနဲ့အသားများကို များများစားသင့်သလို နို့နဲ့ နို့ထွက်ပစ္စည်း များကိုလည်း စားသင့်ပါတယ်။ ရေကူးတာ၊ လမ်းလျှောက်တာတို့လို လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ သွေးအုပ်စုအလိုက် မှန်မှန်ကန်ကန် မစားသောက်ရင် အာရုံကြော စနစ်ကို တွန်းလှန်ပေးနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုးစေနိုင်ပါတယ်။

အေဘီသွေးပိုင်းရှင်တို့အတွက် သင့်တော်သောအစာ

အေဘီသွေးပိုင်ရှင်တွေ အနေနဲ့ သွေးအမျိုးအစား အေနဲ့ ဘီ အတွက် စားသင့်တဲ့ အစား အသောက်များကို စားနိုင်ပါတယ်။ ပြီးရင် အပန်းပြေ အနားရနိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။ ကိုယ်ခံစွမးအား စနစ် ကောင်းမွန်နေပါလိမ့်မယ်။

Source: lyhealthcare

Read times
Rate this item
(2 votes)