What's New




Wednesday, 22 November 2023 08:40

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှ ပိုးသတ်ဆေး ရေနဲ့ဆေး‌ကြောပေးနိုင်မလား????

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှ ပိုးသတ်ဆေး ရေနဲ့ဆေး‌ကြောပေးနိုင်မလား????

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ဆေးကြောတာက အ‌ပြင်မျက်နှာပြင်မှာရှိတဲ့ ပိုးသတ်ဆေးနဲ့ ဓာတုပစ္စည်းတွေကို အနည်းနှင့် အများ ဖယ်ရှားပေးနိုင်ပါတယ်။

 

ပိုးသတ်ဆေးများ ဟင်းသီးဟင်းရွက်နှင့် သစ်သီး အခွံပေါ်တွင် ရှိနေတတ်ပါတယ်။ ဒီတော့ အစိမ်း မစားခင်၊ ချက်ပြုတ်ခြင်း မပြုခင် ရေဖြင့် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ 

ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်းများဟာ အတွင်းဘက် အသားထဲအထိလည်း ရောက်နေနိုင်ပါတယ်။

အသားထဲ ရောက်ရှိနေရင် ရေဖြင့် ကုန်စင်အောင် ဆေးကြောပေးဖို့ မဖြစ်နိုင်ပါ။ 

 

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှ ပိုးသတ်ဆေး ရေနဲ့ဆေး‌ေကြာပေးနိုင်မလား ဆိုတဲ့ မေးခွန်းကို အမေးများကြပါတယ်။ 

အဖြေက အသားထဲ ဝင်နေရင် ရေဖြင့် ဆေးကြောဖို့ မဖြစ်နိုင်ပါ။ အပေါ်ယံမှာ ရှိနေတဲ့ ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်းများကိုတော့ ရေဖြင့် ထိထိရောက်ရောက် ဆေးကြောပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရေဖြင့် ဂရုတစိုက်ဆေးကြောခြင်းဟာ ၎င်းတို့ရဲ့ အပေါ်ယံမှာ ရှိနေတဲ့ ပိုးသတ်ဆေးများနှင့် အခြားဓာတုပစ္စည်းများကို ဖယ်ရှားရန် တစ်ခုတည်းသော  ထိရောက်သည့် နည်းလမ်းလို့ ယူဆနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရေဖြင့် ဆေးကြောတဲ့အခါ အနာအဆာ ဖြစ်နေတာတွေကို အရင်ဆုံး ဖယ်ရှားပါ။ အဲဒီနေရာတွေမှာ  ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်းများ အများဆုံး ဝင်နေတတ်ပါတယ်။ 

အနာအဆာတွေ ဖယ်ရှားပြီးရင် အမြစ်ပါနေရင် အမြစ်အပိုင်းကို ဖယ်ရှားပစ်ပါ။

ပြီးရင် ရေထဲ လုံးဝမြှုပ်နေအောင် ရေများများဖြင့် ရေစိမ်ပေးပါ။ ၅ မိနစ်မှာ ၁၀ မိနစ် စိမ်ပါ။ ၁၀ မိနစ်ထက် ပိုကြာလျှင် ဟင်းသီးဟင်းရွက် ပျက်စီးတတ်ပါတယ်။ 

မျက်နှာပြင်မှ  ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများ  ဖြည်းဖြည်းချင်း  ရေထဲ ရောက်သွားပါလိမ့်မယ်။

နောက်တဆင့်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရေထဲမှ ပြန်ဆယ်ယူပါ။ 

ရေလဲပါ။ ရေအသစ်ထဲ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို တခုချင်း ယူပြီး ရေထဲ နှစ်ထားရင်း လက်ချောင်းများဖြင့် ညှင်သာစွာ ပွတ်သပ်ပေးပါ။ 

 ဖုန်မှုန့်၊ အညစ်အကြေးများနှင့် ပိုးသတ်ဆေးများကို ဖယ်ရှားပေးတာဖြစ်ပြီး လိုအပ်လျှင် ရေအသစ်လဲလဲပြီး ဆေးကြောပါ။ 

ဟင်းသီးဟင်းရွက်က အစည်းလိုက် ဖြစ်နေရင် အစည်းဖြေပြီး ဆေးကြောပါ။ ထိရောက်စွာ ဆေးကြောနိုင်မှာ ဖြစ်တဲ့အပြင် မြက် အစရှိတဲ့ အခြားအပင်ငယ် ရောပါလာရင်လည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပွတ်သပ်ဆေးကြောရာတွင် ငြင်သာပါ။

မချက်မပြုတ် အစိမ်းအတိုင်း စားသုံးတဲ့  ဟင်းသီးဟင်းရွက်များကို ရိသွားခြင်း၊ ပုပ်သွားခြင်းမှ ရှောင်ရှားရန် ရေတွင် ၁၀ မိနစ်ထက် ပိုမစိမ်ထားဖို့ သတိပြုပါ။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 22 November 2023 08:41
Rate this item
(577 votes)