What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 November 2017 14:23

အသည်းအရွတ်ရောဂါနှင့်ပတ်သက်၍ သိထားသင့်သော အချက်အလက်များ

အသည်းအရွတ်ရောဂါနှင့်ပတ်သက်၍ သိထားသင့်သော အချက်အလက်များ google.com

အသည်းပြန်မကောင်းနိုင်သော အနာဖြစ်ပြီး အသည်းဆဲလ်များ အမြဲတမ်း ဆုံးရှုံးသော အခြေအနေကို အသည်းအရွတ်ရောဂါဟုခေါ်သည်။

ယင်းရောဂါဖြစ်စေသည့် အဓိကအကြောင်းရင်းများတွင် အသည်းရောဂါဘီနှင့် စီတို့ရှိခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်း တို့ ပါဝင်သည်။

သို့သော် အရက်ကြောင့်မဟုတ်သည့် အသည်းအဆီဖုံးရောဂါလည်း ဖြစ်နိုင်သည်။

အစာစားချင်စိတ်မရှိခြင်း၊ အားနည်းခြင်း၊ အလွယ်တကူထိ ခိုက်ပွန်းပဲ့ခြင်း၊ အသားအရေ ၀င်းဝါခြင်း၊ မူးမေ့ခြင်း၊ ယားယံခြင်း စသော လက္ခဏာများသည် အသည်းအရွတ် ရောဂါလက္ခဏာများ ဖြစ်သည်။

သို့သော် လူနာသုံးဦးတွင် တစ်ဦးသည် ရောဂါလက္ခဏာ ပြသလေ့မရှိဘဲ အသည်း အသားစ ထုတ်ယူစစ်ဆေးမှသာ ရောဂါရှိ၊ မရှိ သိနိုင်သည်။

အသည်းထိခိုက်ပျက်စီးသူများအနေဖြင့် အသည်းအစားထိုး ကုသရန်လိုသည်။

အရက်ကို နေ့စဉ်လွန်ကဲစွာသောက်ပါက အသည်းရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုမြင့်မားသည်။

သို့သော် လူတစ်ဦးနှင့် တစ်ဦး အရက်သောက်နိုင်သည့် ပမာဏကွာခြားသည်။

အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် အရက်တစ်ပက်ထက် ပိုမသောက်သင့်ဘဲ အသက် (၆၅) နှစ်အောက် အမျိုးသားများ တစ် နေ့ကို နှစ်ပက်ထက် ပို မသောက်သင့် ကြောင်း လေ့လာမှုများက ဖော်ပြသည်။

အရက်ကို တာရှည်စွဲသောက်ခြင်းကြောင့် အသည်းအဆီဖုံး ခြင်းအပြင် အခြားသော အသည်း ရောဂါများ ဖြစ်နိုင်သည်။

 အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါသည် ဆီးချိုရောဂါရှိခြင်း၊ အ၀လွန် ဖြစ်ခြင်း၊ သွေးတိုးရှိခြင်းတို့နှင့် ဆက် စပ်နေသည်။

ယင်းရောဂါကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီသော ကိုယ် အလေးချိန်ကို ထိန်းသိမ်းပြီး အကာအကွယ်မပါသော လိင်ဆက်ဆံမှုကို ရှောင်ရှားကာ ဆရာဝန်နှင့်တိုင်ပင်၍ ကာကွယ် ဆေးထိုးသင့်သည်။      

READ - အသည်းရောင် ဘီပိုး ရှိမရှိနှင့် ဆေးကုသမှု လိုမလို

Source: 7day daily

Read times
Rate this item
(2 votes)