What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 November 2018 14:11

နှလုံးရောဂါနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်များ

နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ သေဆုံးနိုင်သောအကြောင်းအများစုတွင် နှလုံးရောဂါသည် တစ်ခုပါဝင်ဖြစ်ပါတယ်။

လူတစ်ဦးသည် အချိန်တစ်ခုအထိ နေမကောင်းဖြစ်နေရင်းကနေ ရုတ်တရက်သေဆုံးနိုင်သည်ကို ကိစ္စအများစုတွင် တွေ့ရတက်ပါတယ်။ ပြင်းထန်သော နှလုံးနှင့်သွေးကြောရောဂါရှိသည့် လူနာအများစုတွင် နှလုံးရပ်ခြင်း၊နှလုံးဖောက်ခြင်း ကိုတွေ့ရနိုင်ပါတယ်။

နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ ကြောက်စရာအကောင်းဆုံးမှာ အသိပေးခြင်းမရှိဘဲလျှင်မြန်စွာ ဖြစ်ပျက်တတ် သလို မည်သူမဆို ဖြစ်နိုင်ပါတယ်။ လူအများသည် နှလုံးရပ်ခြင်းကို ပို၍ ခံစားလာရတာကို တွေ့ရပါတယ်။ ကံမကောင်းစွာနှင့်ပင် အများစုမှာ လက္ခဏာများသတိမပြုမိဘဲ တွေ့ကြုံခံစားရတာ များပါတယ်။ ထိုကြောင့်နှလုံးရောဂါအား ဘယ်လို့ကာကွယ်ရမယ် သိဖို့ အရေးကြီးပါတယ်။

“နှလုံးရောဂါကိုဘယ်လိုကာကွယ်မလဲ” ဆိုသည့်မေးခွန်းအတွက် အလွယ်ဆုံးအဖြေမှာ “ဆရာဝန်ဆီသွားပါ” ဖြစ်မယ်။

လူအများစုသည် နှလုံးရောဂါခံစားနေရသော်လည်း နှလုံးရောဂါရှိ မရှိစစ်ရန် ငြင်းဆိုကြတယ်။ သို့သော်သင်နေလို့ကောင်းသည်ရှိ၊ မကောင်းသည်ရှိ၊ ဆေးခန်း(သို့)ဆေးရုံသို့ သွားခြင်းသည် လုပ်ကိုလုပ်ရမည့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နှလုံးရောဂါလက္ခဏာတွေကို သိရှိဖို့ ခက်ခဲလို့ပဲ ဖြစ်တယ်။ ပို၍အရေးကြီးသည်မှာ နှလုံးရောဂါလက္ခဏာများသည် မကုသဘဲနှင့် မပျောက်နိုင်ပါ။

သွေးကြောတွင်း အဆီဖုံးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းများတာတွေက နှလုံးရောဂါ ဖြစ်နိုင်ဖို့ များပါတယ်။ ထိုလက္ခဏာတွေ အခြေနေ ဆိုးလာခြင်း မသိရှိနိုင်ဘဲ ချက်ချင်းပင် ဖြစ်နိုင်ပါတယ်။ သင်သည် နှလုံးရောဂါအတွက် ပို၍ထင်ရှားသောလက္ခဏာများဖြစ်သည့် သွေးတိုးခြင်း၊ ကိုလက်စထရောဓာတ်များခြင်း စတဲ့ လက္ခဏာများခံစားနေရပါက ဆရာဝန်ကိုမည်မျှကြောက်ကြောက် သွားပြဖို့လိုပါတယ်။

သို့သော် ဆရာဝန်ဆီသွားသည့်လူနာတိုင်း နှလုံးရောဂါရှိမရှိ သိနိုင်မည်မဟုတ်ကြောင်း သိထားရန် အရေးကြီးသည်။ သိုသော်ဆရာဝန်မှ နှလုံးရောဂါမည်သို့ကာကွယ်ရမည့် တန်ဖိုးရှိသောညွှန်ကြားချက်များကို ပေးနိုင်သည်။

နှလုံးရောဂါနှင့်ပတ်သက်သည့် အရေးကြီးသည့်ကဏ္ဍများသိခြင်းအားဖြင့် နှလုံးရောဂါကိုမည်သို့ကာကွယ်မလဲပေါ်တွင် အာရုံစိုက်နိုင်ပြီး ရောဂါဖြစ်နိုင်သည့် အချက်များကို လျှော့ချလာနိုင်သည်။ ကံကောင်းစွာဖြင့် ကုသမှုနှင့် ကျန်းမာသောနေထိုင်မှုပုံစံများသည် နဂိုရှိပြီးသားလက္ခဏာများကို သက်သာစေကာ နှလုံးရုတ်တရက်ဖောက်ခြင်းကိုလည်း ကာကွယ်နိုင်မှာလဲ ဖြစ်ပါတယ်။

Source:hellosayarwon

Read times Last modified on Friday, 02 November 2018 14:22
Rate this item
(0 votes)