What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 November 2021 01:59

နေ့လယ်တမှေးအိပ်ခြင်း၏ အကျိုးကျေးဇူးများ

နေ့လယ်နေ့ခင်း တစ်မှေးအိပ်ခြင်းက စိတ်ကို အနားရစေတယ်။ မှတ်ဉာဏ် ထက်သန်စေတယ်။

စိတ်တည်ငြိမ်မှု ရစေပြီး နိုးနိုးကြားကြား ဖြစ်နေစေတယ်။ လုပ်ကိုင်တာတွေ ပီပြင်စေတယ်။
မနက်ခင်းမှာ လေ့လာသိရှိထားတာတွေ စိတ်ထဲ ကြေကြေညက်ညက် ဖြစ်ဖို့ အချိန်ရသွားတယ်။
ဆက်စပ်မှုတွေ မြင်သွားစေတယ်။
ငြီးငွေ့နေရင် နေ့လယ် တမှေးအိပ်ပေးလိုက်ပါ။ စိတ်ထဲ အားပြန်ပြည့်သွားပြီး လုပ်ကိုင်တာတွေမှာ စိတ်ပါလက်ပါ ဖြစ်နေမယ်။

နေ့လည်စာ စားပြီးချိန်မှာ တမှေး အိပ်ပါ။ မအိပ်ဘူးဆိုရင် ငိုက်ပေးပါ။ မိနစ် ၂၀ မှ ၃၀ အထိ အိပ်ပါ။ အစာစားပြီး အိပ်ငိုက်လာချိန် တမှေးအိပ်ပေးပါ။ မွန်းလွဲ ၁ နာရီမှ ၂ နာရီကြား အသင့်တော်ဆုံး ဖြစ်ပါတယ်။ ၃ နာရီနောက်ပိုင်း တမှေးအိပ်ခြင်း ရှောင်ကြဉ်ပါ။
တမှေးအိပ်တဲ့အခါ နာရီဝက်ထက် ပိုမကြာစေနဲ့။ အကျင့်လုပ်ပေးထားပါ။
နာရီဝက်ထက် ပိုကြာရင် အိပ်ရေးမဝ ဖြစ်နေတတ်တယ်။ အိပ်တဲ့အရှိန်မသေဘဲ ပြန်အိပ်ချင်နေလိမ့်မယ်။ လန်းလန်းဆန်းဆန်း မဖြစ်တော့ဘူး။
ညကျ အလုပ်လုပ်ဖို့ ရှိနေတယ်ဆိုရင် နေ့ခင်းမှာ တမှေး အိပ်ပေးပါ။။ မွန်းလွဲ ၂ နာရီမှ ၃ နာရီအတွင်း တမှေးအိပ်ပါ။
တမှေးအိပ်ခြင်းက စိတ်ဒဏ်ကို လျော့ကျစေတယ်။ စိတ်အေးစေတယ်။ တရေးနိုးသော် အကြံပေါ် ဆိုတဲ့အတိုင်း စိတ်ကူးအသစ် အကြံကောင်းတွေ ရစေပါတယ်။
တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေပြီး လင်းထိန်မနေတဲ့အခန်းမှာ သက်သောင့်သက်သာ အနေအထားဖြင့် တမှေးအိပ်ပါ။

 

 

a

Read times
Rate this item
(0 votes)