What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 October 2018 14:15

ကမ္ဘာတဝှမ်းက ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံများ

ကမ္ဘာပေါ်မှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံတွေရဲ့စာရင်းကို ကျန်းမာရေးညွှန်းကိန်းတွေအရ Bloomberg Global ကနေ စစ်တမ်းထုတ်ပြန်ခဲ့ပြီး ဒီထဲကမှ ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အီတလီ

Image result for Italy hospital

ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံတွေထဲမှာ နံပါတ် (၁) နေရာကနေ ရပ်တည်နေတာကတော့ အီတလီနိုင်ငံပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံသားတွေဟာ ပျမ်းမျှအားဖြင့် အသက် ၈၀ ကနေ ၉၀ အထိ အသက်ရှည်ကြပြီး နေထိုင် စားသောက်မှု ပုံစံမှာဆိုရင်လည်း သံလွင်ဆီနဲ့ အသီးအရွက်တွေကိုသာ အဓိကထား စားသောက်ကြတာကြောင့် ကျန်းမာရေး ကောင်းမွန်ကြပါတယ်။

(၂) ဆွစ်ဇာလန်

Image result for hospital in Switzerland

ကမ္ဘာပေါ်မှာ နေထိုင်ဖို့အကောင်းဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံဟာ ဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ ကမ္ဘာ့အကောင်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသုတေသနစစ်တမ်းတွေအရ သိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံသူ၊ နိုင်ငံသားတွေဟာ အသက်ရှည်ကြပြီး နိုင်ငံရဲ့ ကျန်းမာရေးညွှန်းကိန်းဟာဆိုရင်လည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

(၃) စင်ကာပူ

Related image

စင်ကာပူနိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံတနိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အဆင့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေဟာ နိုင်ငံသားတွေ တတ်နိုင်တဲ့ ငွေကြေးအနေအထားမှာပဲ ရှိတာကြောင့်လည်း အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

(၄) ဂျပန်

Image result for hospital in japan

ဂျပန်နိုင်ငံဟာဆိုရင်တော့ စစ်တမ်းတွေအရ သက်ကြီးရွယ်အို လူဦးရေ အများဆုံးရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဂျပန်လူမျိုးတွေဟာ ပျမ်းမျှအားဖြင့် အသက်ရှည်ကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာဆိုရင်လည်း အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နေပြီး ဂျပန်လူမျိုးတွေရဲ့ နေထိုင် စားသောက်မှု ပုံစံကလည်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာပဲ ဖြစ်ပါတယ်။

(၅) စပိန်

Related image

စပိန်လူမျိုးတွေဟာ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်၊ ဝိုင်နဲ့ လတ်ဆတ်တဲ့ အသားငါးတွေကိုသာ အဓိကထား စားသောက်ကြတာကြောင့် ကျန်းမာကြံ့ခိုင်ကြပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ အသင့်စားအစားအစာ စားသုံးမှု အနည်းပါးဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့အပြင် နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ငွေကြေးအလုံအလောက် သုံးစွဲတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

Source:burma.irrawaddy

ဒီလိုလက္ခဏာတွေဖြစ်နေရင် သင့်မှာ နှလုံးရောဂါ ရှိနေပါပြီ

ဒီလိုလက္ခဏာတွေဖြစ်နေရင် သင့်မှာ နှလုံးရောဂါ ရှိနေပါပြီ

Read times Last modified on Saturday, 27 October 2018 14:27
Rate this item
(1 Vote)