What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 09 January 2017 13:33

ကျန်းမာရေးအတွက် ခြေလက်ထုံကျင်တာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ

ကျန်းမာရေးအတွက် ခြေလက်ထုံကျင်တာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ Google.com

ကျန်းမာရေးအတွက် ခြေလက်ထုံကျင်တာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ

အလုပ်မှာ အနေအထားတစ်မျိုးတည်းနဲ့ မလှုပ်ရှားဘဲ အချိန်ကြာကြာနေမိတဲ့အခါ ခြေတွေလက်တွေ ထုံကျဉ်တာဖြစ်တတ်ပါတယ်။

ဒါတွေမဖြစ်အောင် ဒါမှမဟုတ် ဖြစ်လာခဲ့ရင်အမြန်ဆုံးပျောက်ကင်းသက်သာအောင် လုပ်ဆောင်ဖို့နည်းလမ်းလေးတွေ ရှိပါတယ်။

ကိုယ်ဟန်အနေအထား မှန်ကန်အောင်နေပါ။

ထုံကျဉ်မှုဖြစ်ရတဲ့အဓိက အကြောင်းရင်းက သွေးလည်ပတ်မှု မမှန်တာကြောင့်ဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် မှန်ကန်တဲ့ နေပုံထိုင်ပုံ ကိုယ်နေဟန်ထားကိုထားရှိဖို့က အကောင်းဆုံးပါပဲ။

ခြေချောင်းတွေကို လှုပ်ရှားပေးပါ။

အလုပ်စားပွဲမှာ အချိန်အကြာကြီးထိုင်နေရသူဆိုရင် မကြာခဏ ခြေထောက်ကို ဆန့်ထုတ်ပြီး ခြေချောင်းတွေကို ကစားပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းမွန်စေပါလိမ့်မယ်။

ခေါင်းလေ့ကျင့်ခန်း လုပ်ပေးပါ။

လက်မောင်းမှာ ကျက်နေတာကို ခံစားရရင်တော့ ဘယ်ညာလှည့်ရတဲ့ ဦးခေါင်းလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။

လက်မောင်းမှာကျဉ်တာဟာ လည်ပင်းတစ်ဝိုက်က အာရုံကြောတွေကို ဖိမိတာကြောင့်ဖြစ်လာတာပါ။

ခေါင်းလေ့ကျင့်ခန်းလုပ်ပေးတဲ့အခါ လည်ပင်းအကြောတွေကို ဖြေလျှော့ပေးပါလိမ့်မယ်။

လက်သီးဆုပ်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

လက်တွေထုံကျဉ်နေပြီဆိုရင်တော့ လက်သီးဆုပ်ပြီးတဖြည်းဖြည်းပြန်ဖြေလျှော့ပေးပါ။

ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အာရုံကြောတွေကို ဖြေလျှော့ပေးနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေကာ

ထုံကျဉ်မှုကို မြန်မြန်သက်သာသွားစေနိုင်ပါတယ်။

လမ်းလျှောက်ပါ။

ခြေလက်တွေ ထုံကျဉ်လာတဲ့အခါ အကောင်းဆုံးက လှုပ်ရှားပေးဖို့ပါ။

လမ်းလျှောက်ခြင်းနဲ့ ခြေထောက်တွေ လှုပ်ရှားပေးခြင်းက သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး

ထုံကျဉ်မှုဝေဒနာကို အမြန်ဆုံးသက်သာစေမှာဖြစ်ပါတယ်။

Source: kumudra

Read times Last modified on Monday, 09 January 2017 13:39
Rate this item
(0 votes)