What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 June 2022 12:05

ကိုယ်အလေးချိန် လျော့ကျခြင်းက ကင်ဆာဖြစ်နိုင်ကျဆင်းခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှုအသစ် ဖော်ပြ

ကိုယ်အလေးချိန် လျော့ကျခြင်းက ကင်ဆာဖြစ်နိုင်ကျဆင်းခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှုအသစ် ဖော်ပြ (Photo: iStock/Mongkolchon Akesin)

ကြီးမားတဲ့ လေ့လာမှုအသစ်တစ်ခုအရ အဝလွန်သူများ ခွဲစိတ်ကုသမှုဖြင့် ကိုယ်အလေးချိန် လျော့ကျခြင်းသူများက ကင်ဆာဖြစ်ပွားနိုင်ခြေ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရပါတယ်။

ဇွန် ၃ ရက်က JAMA တွင် ထုတ်ပြန်ခဲ့သည့်အဆိုအရ လေ့လာမှုတစ်ခုတွင် အဝလွန်သူ ၃၀,၀၀၀ ကျော်ကို ဆယ်စုနှစ်တစ်ခုခန့် လေ့လာခဲ့ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတဲ့ ခွဲစိတ်မှု ခံယူသူတွေ ကင်ဆာဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျော့ကျသွားပြီး ခွဲစိတ်မှု မပြုလုပ်သော အလားတူ အုပ်စုများနှင့် နှိုင်းယှဉ်လိုက်ရင် ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၈ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ခဲ့ရပါတယ်။

ကိုယ်အလေးချိန်လျှော့ချတဲ့ ခွဲစိတ်မှု မပြုလုပ်ရသေးတဲ့ သူတွေက ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်းပိုများပြီ ကိုယ်အလေးချိန် ပိုများလာလေလေ ကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ အဝလွန်ခြင်းသည် ကင်ဆာဖြစ်နိုင်ခြေကို တွန်းအားပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။

ကျန်းမာရေး အဖွဲ့အစည်းတွေက ကိုယ်အလေးချိန်ပိုများတာက ကင်ဆာရောဂါ အများအပြားနဲ့ ဆက်စပ်နေတယ်။ လေ့လာမှုအသစ်တစ်ခုတွင် ကမ္ဘာ့ပေါ်မှာ ကိုယ်အလေးချိန် လျှော့ချလာသူများလာလေလေ ဖြစ်ပေါ်လာမယ့် ရောဂါအန္တာရယ်တွေကို ခိုင်ခိုင်မာမာ ပြောင်းပြန်လှန်နိုင်လို့ လေ့လာမှုတွင် တွေ့ရှိခဲ့ပါတယ်။

အဝလွန်ခြင်းက ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်မသိရသေးပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အချက်တစ်ခုက ရောင်ရမ်းခြင်းဖြစ်ပါတယ်။

အဝလွန်သူတွေက အစာအိမ် ၊ ရင်သား ၊ ကျောက်ကပ် ၊ အသည်း ၊ အစားမျိုပြွန် နဲ့ အူမကြီး အပါအဝင် ကင်ဆာအမျိုးအစား ၁၃ မျိုးအထိ ဖြစ်ပွားနိုင်ချေရှိပြီး ကင်ဆာအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန် CDC က နှစ်စဉ် ခန့်မှန်းထားပါတယ်။

ဒီအဆီဆဲလ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်းတွေက COVID-19 ရဲ့ နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာတဲ့ အကြောင်းရင်တွေက တစ်ခုလို့ သိပ္ပံပညာရှင်များက ယုံကြည်နေကြပါတယ်။

CDC ၏ အဆိုအရ အဝလွန်သူများသည် အူမကြီး၊ ကျောက်ကပ်၊ ဆီးကျိတ်နှင့် သားအိမ်ကင်ဆာများ ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်သည့် အင်ဆူလင်နှင့် အင်ဆူလင်ကဲ့သို့သော growth factor-1 သို့မဟုတ် IGF-1 ကဲ့သို့သော ဟော်မုန်းများ ပိုမိုမြင့်မားစွာ ရှိနေတက်ပါတယ်။

၂၀၁၃ ခုနှစ်မှာ Yale မှ Dr Jastreboff က American Medical Association မှာ အဝလွန်းခြင်းကို နာတာရှည်ရောဂါတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ဖူးပါတယ်။

နာတာရှည်ရောဂါများကဲ့သို့သော အဝလွန်းသူများကို ဘေးကင်းဖို့အတွက် ထိရောက်တဲ့ ကုသမှုများပေးနိုင်တဲ့ ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင်ရှောက်မှုပေးတဲ့စင်တာတွေမျာ အကူအညီရသင့်ပါတယ်။ ဆီးချို နဲ့ သွေးတိုး လူနာတွေကို အပြစ်မတင်သလို အဝလွန်းနေတဲ့ သူတွေကို အပြစ်မတင့်ဘူး။ ဒါက သူတို့အမှားလဲ မဟုတ်သလို သူတို့ ရွေးချယ်မှုလဲ မဟုတ်ဘူးလို့ နာလူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Written By Aung Win (Myanmnar Helath Products Guide)

Ref: New York Times/bk

Read times
Rate this item
(1 Vote)