What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 September 2022 10:20

စင်္ကာပူတွင် ရင်သားကင်ဆာ စောစီးစွာ သိရှိနိုင်မယ့် သွေးစစ်ဆေးမှုအသစ် ပြုလုပ်နိုင်ပြီ

စင်္ကာပူတွင် ရင်သားကင်ဆာ စောစီးစွာ သိရှိနိုင်မယ့် သွေးစစ်ဆေးမှုအသစ် ပြုလုပ်နိုင်ပြီ (Photo: iStock/BongkarnThanyakij)

စင်္ကာပူနိုင်ငံတွင် ပြီးခဲ့တဲ့ တနင်္လာနေ့ (စက်တင်ဘာ ၂၆ ရက်) က Raffles Medical Group မှ ရင်သားကင်ဆာရောဂါရှာဖွေရေး အသစ် Mastocheck ကိုအသုံးပြုပြီး ၎င်း၏ကျန်းမာရေးစစ်ဆေးမှုဝန်ဆောင်မှုစာရင်းတွေ မှာ ရင်သားကင်ဆာ သွေးစစ်ဆေးခြင်းကို ထည့်သွင်းလာခဲ့ပါတယ်။

 

တောင်ကိုးရီးယားကုမ္ပဏီ Bertis မှတီထွင်ထားတဲ့ Mastocheck က ရင်သားကင်ဆာလက္ခဏာများကို စောစီးစွာသိရှိနိုင်ခြေကို တိုးတက်ကောင်းမွန်လာစေရန် အသုံးပြုနိုင်ပြီး ထိုစစ်ဆေးမှုအတွက် သွေးကို စစ်ဆေးခြင်းက အခြေခံဖြစ်ပါတယ်။ ရင်သာကင်ဆာရောဂါကို ရှာဖွေဖို့အတွက် သွေးအနည်းသာလိုတယ်လို့ Raffles Medical Group က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ်တုန်က Mastocheck ကို လူများအသုံးပြုရန်အတွက် ကိုးရီးယားနိုင်ငံ FDA မှ ခွင့်ပြုချက်ရထားပြီးဖြစ်ပါတယ်။ "စင်္ကာပူနိုင်ငံရဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ အဖြစ်များဆုံးဖြစ်ပြီး နှစ်စဉ် အမျိုးသမီး 2,000 ကျော်ကို ရောဂါရှာဖွေတွေ့ရှိနေဆဲပါပဲ။ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်မှုက အသက်ရှင်နိုင်ခြေ ပိုများလာတဲ့အတွက် ရင်သားကင်ဆာကို စောစီးစွာသိရှိဖို့ အရေးကြီးပါတယ်" ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပါတယ်။

 

“အစောပိုင်း ရင်သားကင်ဆာရှိတဲ့ အမျိုးသမီး အတော်များများမှာ ဘာလက္ခဏာမှ မရှိပါဘူး။ အထူးသဖြင့် အသက် 40 နှင့်အထက်ရှိသူများအတွက် ရင်သားကင်ဆာကို ပုံမှန်စစ်ဆေးခြင်းက အလွန်အရေးကြီးပါတယ်။ ရင်သားကင်ဆာ သွေးစစ်ဆေးမှုကိုအသုံးပြုခြင်းဖြင့် ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်စေရန် အထောက်အကူဖြစ်လိမ့်မည်” ဟု Raffles ဆေးရုံမှ ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူး ပါမောက္ခ Walter Tan က ပြောကြားခဲ့ပါတယ်။

 

ရင်သာကင်ဆာကို စောစီးစွာ သိရှိနိုင်တဲ့ သွေးစစ်ဆေးခြင်း Mastocheck စမ်းသပ်မှု တစ်ကြိမ်ကို S$168 ကျပ်သာ ရှိပါတယ်။

 

Source : CNA News

Aung Win (Myanmar Health Products Guide)

Read times
Rate this item
(0 votes)