What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 May 2022 07:25

သွေးလွန်တုပ်ကွေး ကာကွယ်ရေးနဲ့ ပုံမှန်ကုသရေးအကြောင်း

သွေးလွန်တုပ်ကွေး ကာကွယ်ရေးနဲ့ ပုံမှန်ကုသရေးအကြောင်း

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက ကူးစက်စေတဲ့၊ ခြင်ကျားတွေ မပေါက်ဖွားအောင် ပိုးလောက်လန်းနှိမ်နင်းတာပါလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခြင်ကျားမပေါက်ဖွားအောင် ပိုးလောက်လန်း နှိမ်နင်းနည်းတွေကတော အတိုကောက်အားဖြင့် “ဖုံး-သွန်-ခပ်-စစ်၊ လောင်း-ထောင်-လဲ-ဖွင့်၊ မြုပ်-ရှင်း-မှုတ်” ဆိုတာတွေပါ။ အသေးစိတ်ရှင်းပြရလျှင်တော့ ရေစည်၊ ရေအိုး၊ ရေကန်တွေကို “ဖုံး” ထားဖို့၊ ရေသိုလှောင်ပစ္စည်းတွေကို မကြာခဏ ရေလဲ “သွန်” ပြီး ဆေးကြောဖို့၊ အုတ်ကန်က ရေမျိုးကို “ခပ်” ထုတ်ဆေးကြောပေးဖို့၊ ရေရှားလို့ သွန်မပစ်ချင်လျှင် ရေစစ်သုံးပြီး ပြောင်းထည့်ကာ ပိုးလောက်လန်းတွေ “စစ်” ထုတ်ပစ်ဖို့၊ ရေတင်နိုင်တဲ့ ခွက်တွေမှာ (ဥပမာ နို့ဆီခွက်) အင်ဂျင်ဝိုင်လို ပိုးသတ်ဆေး “လောင်း” ပေးထားဖို့၊ နေ့အချိန်မှာလည်း ခြင် “ထောင်” နဲ့ အိပ်ဖို့၊ ပန်းအိုး၊ ညောင်ရေအိုးတွေကို (၂) ရက် (၃) ရက် တစ်ကြိမ် “လဲ” ပြီး ဆေးကြောပေးဖို့၊ ပြတင်းပေါက်တွေ “ဖွင့်” ထားပြီး အလင်းရောင်နဲ့ ခြင်မခိုနိုင်အောင် လုပ်ပေးဖို့၊ ရေတင်ကျန်နေနိုင်တဲ့ အိုးခြမ်းပဲ့၊ ဘက်ထရီအိုးဟောင်းနဲ့ တာယာတွေကို မြေထဲ “မြုပ်” ပစ်ဖို့၊ ခြင်ပေါက်နိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို “ရှင်း” လင်းပစ်ဖို့နဲ့ ခြင်ဆေးဖျန်း “မှုတ်” ပေးတာတွေပါ။


ဒါ့အပြင် ဒီပိုးလောက်လန်းနှိမ်နင်းရေး အခုနောက်ပိုင်းမှာ ထပ်တိုး (၃) ခုက “ထည့်-စိမ်-ထိုး” ပါ။ “ထည့်” ကတော့ ပိုးလောက်လန်း မပေါက်ဖွားစေနိုင်တဲ့ အဘိတ် (Abate) ဆေးမှုန့်ကို၊ ရေတိုင်ကီ၊ စဉ့်အိုး၊ ရေလှောင်ကန်တွေထဲ “ထည်”့ ပေးခြင်းဖြင့်၊ ရက်သတ္တပတ် (၆) ပတ်မှ (၈) ပတ်အထိ ခြင်မပေါက်ဖွားနိုင်တော့ပါဘူး။ “စိမ်” ကတော့ ဆေး “စိမ်” ခြင်ထောင်နဲ့ လိုက်ကာတွေ သုံးဖို့ပါ။ နောက် “ထိုး” ကတော့ ကာကွယ်ဆေး “ထိုး” ဖို့ပါ။ ဒါပေမဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက အကန့်အသတ်ကြီးတာမို့ ရေပန်းမစားဘဲ မြန်မာမှာလည်း မတင်သွင်းသေးပါဘူး။

ပိုးလောက်လန်းနှိမ်နင်းနည်းနဲ့ ကာကွယ်နည်းတွေကို နေရာအားလုံးမှာ မလုပ်နိုင်လျှင်တောင်၊ အဓိက ဦးစားပေးလုပ်သင့်တာက ခြင်ကျားကိုက်လေ့ရှိတဲ့ နေ့အချိန်မှာ ကလေးတွေ နီးနီကပ်ကပ်နေတဲ့ နေရာတွေမှာပါ။ ဥပမာ ကလေးငယ်တွေ စုဝေးပြီး၊ ကူးစက်မူအဓိက ဖြစ်လေ့ရှိတဲ့ ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ၊ မူကြိုကျောင်းနဲ့ ကျူရှင်တွေ စတာတွေမှာ ပိုလုပ်ပေးသင့်ပါတယ်။

အခုလို ပိုးလောက်လန်းနှိမ်နင်း ကာကွယ်တဲ့ကြားက ခြင်ကျားပေါက်လာတာတချို့ ရှိနိုင်တာအတွက်လည်း အကိုက်မခံရအောင် အထက်မှာပြောခဲ့တဲ့ ခြင်ထောင်ကို ခြင်ကျားကိုက်တဲ့ နေ့လည်မှာပါ ထောင်အိပ်တာ၊ ခြင်မခိုနိုင်ရေး လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက် ဖွင့်ထားတာအပြင် ဆက်ကာကွယ်သင့်တဲ့နည်းတွေ ရှိပါတယ်။ ဒါတွေကတော့ ခန္ဓာကိုယ်အများစု ဖုံးကာထားနိုင်အောင် အကျီၤလက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ဝတ်တာ၊ ခြင်မကိုက်တဲ့ဆေး (Repellents) ဖြန်းတာ၊ လူးတာ၊ ခြင်ဆေးခွေ ထွန်းတာ စတာတွေပါ။

အခုလိုကာကွယ်တဲ့ကြားက သွေးလွန်တုပ်ကွေး ဖြစ်လာလျှင်တော့ မပြင်းထန်တဲ့အဆင့်မှာ၊ ပုံမှန်ကုသပေးနည်းကိုလည်း ခွဲခြားသိထားသင့်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ အဖျားအတွက် ပါရာစီတမောကိုသာ သောက်သုံးသင့်ပါတယ်။ အကိုက်အခဲလည်း သက်သာစေတဲ့ အဆင့်မြင့် အဖျားကျဆေး (ဥပမာ Ibuprofen၊ Aspirin၊ Diclofenac စတာ) တွေကို သွေးလွန်တုပ်ကွေး အချိန်မရွေး ဖြစ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ လုံးဝမသုံးသင့်ပါဘူး။ အကြောင်းက ဒီဆေးတွေက သွေးကျဲမူဖြစ်စေတာကြောင့် သွေးလွန်တုတ်ကွေးမှာ သွေးယိုစိမ့်မူ ပိုဖြစ်စေပြီး အန္တရာယ်ကြီးလွန်းလို့ပါ။

ဒါ့အပြင် မက်ကလောင် ဖောက်တာ၊ ခြစ်တာ (အပ်နဲ့ အရေပြားကိုဖောက်တာ၊ အကြွေစေ့လိုသတ္တုအပြားနဲ့ အရေးပြားကို ခြစ်တာ) စတာမျိုးတွေလည်း မှာယွင်းယုံကြည်ပြီး လုံးဝ မလုပ်သင့်ပါဘူး။ အကြောင်းက လက်တွေ့မှာ နာကျင်ဒဏ်ကြောင့် အော်ဟစ်ရပြီး ချွေးပါပြန်ကာ၊ အဖျား ခေတ္တကျနိုင်စေပေမဲ့၊ ရောဂါကို မသက်သာစေပါဘူး။ ဒါ့အပြင် အရေးပြား ပွန်းပဲ့ဒဏ်ရာတွေကတဆင့် ပိုးဝင်ပြီး၊ သွေးလွန်တုပ်ကွေးဒဏ်အပြင်၊ သွေးဆိပ်တက်တာပါ အန္တရာယ်ကြီးလာနိုင်တာမို့ပါ။ တချိန်ထဲမှာ သွေးလွန်တုပ်ကွေးမှာ ရေဓါတ်ဆားဓါတ် တစုံတရာ ဆုံးရူံးနိုင်တာအတွက် ဓါတ်ဆားထုတ် တကယ်မလိုဘဲ၊ အိမ်သုံးဆား သကြားတွေကို ရေနဲ့ဖျော်ပြီး အတော်အသင့် သောက်နိုင်သလို (အလွန်အကျွံမလို)၊ အစားအသောက် (ဥပမာ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ဖျော်ရည်) တွေထဲ ထည့်စားခြင်းဖြင့် ပုံမှန်ပြန်ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး၊ ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

Read times
Rate this item
(0 votes)