What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 June 2022 13:45

အမျိုးသမီးတွေ ဓမ္မတာ မ မှန်တာ စိုးရိမ်စရာကောင်းလား

အမျိုးသမီးတွေဓမ္မတာမမှန်တာစိုးရိမ်စရာကောင်းလားမကောင်းလားဆိုတာရှင်းပြစေချင်ပါတယ်။

အမျိုးသမီးများ လစဉ်ဓမ္မတာမှန်မှန်ဆင်းမှ သွေးသားသန့်စင်းပြီး အသားအရေကြည်လင်ပါတယ်။ ရာသီလာတဲ့ရက်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။

ပုံမှန်အားဖြင့် ၃ရက်လောက် နဲ့ပြီးသွားလောက်ပြီး။ သွေးအားကောင်းတဲ့ သူများကတော့ ၅ ရက်လောက်တော့ကြာပါတယ်။ တစ်ချို့ကတော့ ၂လ၊ ၃လလောက်မှတစ်ကြိမ်သာ ဓမ္မတာလာလေ့ရှိပါတယ်။

ဓမ္မတာမမှန်တဲ့အကြောင်းအရင်းများစွာရှိပါတယ်။ တစ်ချို့ကြတော့သွေးအားနည်းတာ၊ ဟော်မုန်းမတူညီတာ၊ ကိုယ်ဝန်ရှိတာ စသည့်ဖြင့် အကြောင်းအရင်းများစွာ ရှိပါတယ်။

သွေးအားနည်းတဲ့သူများအတွက် သွေးအားကောင်းစေရန် ဆေးများသောက်ရန်လိုအပ်သလို၊ သွေးအားကောင်းစေတဲ့ အစားအစားများလည်း စားသုံးရန်လိုအပ်ပါတယ်။

သွေးအားနည်းတာကို ဘယ်လိုသိနိုင်မလဲဆိုတော့ လက်ဖဝါးတွေဖြူဖွေးနေမယ်။ နောက်ပြီး မျက်ခမ်းစပ်အတွင်းသားများ ၊ နှုတ်ခမ်းသားတွေဖြူဖက်ဖြူရော်ဖြစ်နေမယ်ဆိုရင်တော့ သွေးအားနည်းနေပါပြီး။

နောက်တစ်ခုကတော့ ဓမ္မာတာလာတဲ့အခါ ပုံမှန်ထက်ကျော်ပြီး ရက်များစွာ ရာသီသွေးပေါ်ခြင်းကလည်း သွေးအားနည်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

သွေးအားကောင်းအောင်နေထိုင်စားသောက်ခြင်းဖြင့် ရာသီသွေးပြန်ပေါ်လာနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေသောအခါတွင်လည်း သွေးအားနည်းတက်ပြီး ရာသီသွေးထိန်တက်ပါတယ်။

ဟော်မုန်းဓာတ်မတူညီရင်တော့၂လ၊ ၃လ နေမှ ရာသီသွေးပေါ်တက်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။

စိုးရိမ်လို့ဆေးခန်းသွားသောအခါ ဟော်မုန်းဓာတ်သောက်ဆေးသာ ညွှန်ကြားမယ်ဖြစ်ပါတယ်။

တစ်ကယ်လို့ ဆေးခန်သွားပြီးဆေးစစ်ကြည့်တဲ့အခါ ဗိုက်ထဲမှာ အလုံးရှိနေမှသာ စိုးရိမ်ရပါတယ်။

ဘာလို့ဗိုက်ထဲအလုံးဖြစ်နေလဲဆိုတော့ရာသီသွေးကုန်အောင်မဆင်းဘဲ ကျန်နေသောကြောင့်ဖြစ်တယ်။

ဘာလို့အဲ့လို့ဖြစ်တာလဲဆိုတော့ ရာသီလာတဲ့အချိန်မှာ ခေါင်းလျှော်တာ၊ မတည့်သော အစားအစားများ စားတာကြောင့် ရာသီသွေးထိန်ပြီး ဗိုက်ထဲတွင် အလုံးဖြစ်ပေါ်စေပါတယ်။

အနေအထိုင်၊ အစားအသောက် ဆင်ခြင်သည့်ကြားထဲက ရာသီသွေးထိန်နေပါက စိုးရိမ်စရာမရှိပါဘူး။ အမျိုးသမီးများ ရာသီသွေးမှန်ပြီး စိုးရိမ်စရာများကင်းပြီးပျော်ရွှင်ကျန်းမာပါစေ။

kalay

Read times
Rate this item
(0 votes)