What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 February 2020 13:07

ဓမ္မတာသွေးဆင်းခြင်း ( ရာသီသွေးဆင်းခြင်း) အကြောင်း သိကောင်းစရာ

အမျိုးသမီးများ အရွယ်ရောက်လာချိန်မှစပြီး အသက် ၄၅ - ၅၀ သွေးဆုံးကိုင်တဲ့အထိဖြစ် ရှောင်လွှဲလို့မရတဲ့ လစဉ် ဖြစ်ပေါ်တတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

ရာသီသွေးလာခြင်းကို အမျိုးသမီးအများစုက စက်ဆုပ်တတ်ကြပြီး ပထမဆုံးစတင်ဖြစ်ပွားချိန်တွင် စိုးရိမ်ကြောက်ရှက် မှုများဖြစ်ပေါ်တတ်ကြပါတယ်။ ဓမ္မတာစက်ဝိုင်းလာပုံခြင်း အမျိုးသမီများ တစ်ဦးနဲ့ တစ်ဦးမတူညီနိုင်တဲ့အပြင် ရာသီဖြစ်ပေါ်တဲ့အခါ ၃ ရက် မှ ၇ရက် အထိဖြစ်ပေါ်တတ်ပါတယ်။

 

လစဉ်ကြုံနေရတဲ့ ကိစ္စဆိုပေမဲ့ ပေါ့စ စွာနေထိုင်ပြုမှု ခြင်းဖြင့် အသက်အန္တာရယ်ကို ထိခိုက်လာနိုင်ပါတယ်။ ရာသီသွေးဆင်းချိန်နည်းတာ (သို့) ဓမ္မတာသွေးစီးဆင်းမှု နည်းခြင်းတို့ဖြစ်ပေါ်လာရင်တော့ ဂရုစိုက်ဖို့လိုအပ်တယ် တခါတရံ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။



ဓမ္မတာသွေးဆင်းခြင်း လက္ခဏာများ

စိုးရိမ်စိတ်များတာ ၊ ပူပန်မှုများတာ ၊ ဒေါသထွက်လွယ်တာ ၊ လေပွတာ ၊ ကိုယ်အလေးချိန်တတ်တာ ၊ စိတ်ဓာတ် ကျ / တတ် မြန်တာ ၊ အကြောင်းမဲ့ ဗိုက်အောင့်တာ ၊ ရင်သားတင်းမာလာတာ ၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲတာ နဲ့ ပင်ပန်းနွမ်းနယ်တာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကုသမှုအနေဖြင့် ပေါ့ပေါပါးပါး ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးတာ ၊ အစားအသောက်ကို ပြောလဲစားတာ နဲ့ လိုအပ်ရင်တော့ ဆရာဝန်ရဲ့ လမ်းညွန်ချက်အတိုင်း ဆေးဝယ်သောက်သုံးနိုင်ပါတယ်။

 

ဓမ္မတာသွေးစီးဆင်းမှု နည်းရခြင်း

တစ်ရက် နဲ့ နှစ်ရက်ဘဲသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးတာ ၊ သံဓာတ်အားနည်းတာ တို့ကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။

 

Medical Laboratories (ဓာတ်ခွဲစမ်းသပ်ခန်းပေါင်း ၁၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Medical Laboratories

 

အချိန်အခါ မဟုတ်ဘဲ ရာသီသွေးစီးဆင်းရခြင်း

အချိန်အခါ မဟုတ်ဘဲ ရာသီသွေးစီးဆင်းခြင်းက တခါတရံစိုးရိမ်ဖွယ်ရာများ ဖြစ်ပေါ်တတ်ပါတယ်။ ဟော်မုန်းတွေ မညီမျှဖြစ်တာ ( ဟော်မုန်းတွေ မညီမျှဖြစ်တာကလည်း သားဥအိမ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်) ၊ ကိုယ်ဝန် (သို့) ကိုယ်ဝန်ဆိုရာ ပြဿနာ များရှိတာ ၊သားအိမ်ထဲ အသားလုံးတည်နေတာ (အသားလုံးတည်ခြင်းက အိမ်ထောင်မရှိသော အမျိုးသမီ နဲ့ ကလေးလုံးဝမမွေးသော အမျိုးသမီးများ) နှင့် မျိုးရိုးရှိသော အမျိုးသမီးမျာသာ အများဆုံးဖြစ်ပွားနိုင်ပါတယ်။

 

ဒါအပြင် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း နဲ့ အပျော်အပါးလိုက်စားခြင်းကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာ ၊ ကင်ဆာရောဂါဖြစ်တာ ၊ ပိန်းလွန်းတာ ၊ သားအိမ်ပြဿနာဖြစ်ပေါ်တာ နဲ့ စိတ်ဖိစီးမှုများတာ ကြောင့်လည်းဓမ္မတာသွေးစီးဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။


Written By Health Products Directory

 

(Zawgyi)

=====



 






 



 



 



 



Read times
Rate this item
(1 Vote)