ဗိုက်အောင့်တယ်ဆိုတာ ခန္ဓာကိုယ်ကြီးက သူ့ကို ဂရုစိုက်ပေးဖို့ တောင်းဆိုတဲ့ သင်္ကေတ တစ်ခုဖြစ်ပြီး ဗိုက်အောင့်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။
ဇာတ်ကားကောင်းခန်းရောက်နေလို့ ဆက်တိုက်ကြည့်နေမိတာပဲဖြစ်ဖြစ်၊ အလုပ်တွေ များနေလို့ပဲဖြစ်ဖြစ်၊ ဂိမ်းထဲမှာ battle ဆိုင်နေလို့ပဲဖြစ်ဖြစ် ထမင်းစားဖို့ မေ့လျော့ တတ်ကြပါတယ်။
အကျိုးဆက်အနေနဲ့ ဗိုက်အောင့်တဲ့ဝေဒနာကိုလည်း ခံစားရပါတော့တယ်။
ဗိုက်အောင့်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁. အစားများခြင်း
အလုပ်တွေများနေလို့ နေ့လည်စာ လွတ်သွားပြီး ညစာကျမှ တဝကြီး ပေါင်းစား ရတဲ့အခါ အစားများပြီး ဗိုက်အောင့်တတ်ပါတယ်။
ဒါကြောင့် အလုပ်ဘယ်လောက်များများ အစားကိုပုံမှန်စားပေးပါ။ နောက်ပြီး အဆာလွန်ချိန်ကျမှ တနင့်တပိုးစားတာမျိုးကိုလည်း ရှောင်ကြဉ်ပါ။
အကောင်းဆုံးကတော့ (၄) နာရီခြား တစ်ခါလောက် အစားစားပေးတာပါပဲ။
အဲဒီထက်ကျော်ပြီးမှ စားမယ်ဆိုရင်တော့ အစားများပြီး ဗိုက်အောင့်ဖို့ ရာခိုင်နှုန်း များပါတယ်။
READ - အစာအိမ် အောင့်ခြင်း၊ ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်းတို့၏ အကြောင်းရင်းများ
၂. အစာစားတာနောက်ကျခြင်း
ခန္ဓာကိုယ်မှာ ဇီဝနာရီရှိသလို အစာအိမ်မှာလည်း ဇီဝနာရီရှိပါတယ်။ ဇီဝနာရီက ပုံမှန် အစာစားချိန်တွေကို မှတ်သားထားပြီး အစာစားချိန်ရောက်ရင် ဦးနှောက်ကို လှမ်းသတိ ပေးတတ်ပါတယ်။
အစာစားချိန် ကျော်လွန်တဲ့ထိ အစာမစားဘူးဆိုရင် အစာအိမ်က ဆန္ဒပြတဲ့သဘောနဲ့ ဗိုက်အောင့်တတ်ပါတယ်။
နောက်ပြီး အစာစားချိန်ကျော်လွန်ပြီးမှ အစာစားမယ်ဆိုရင်လည်း ဗိုက်အောင့်စေနိုင်ပါ သေးတယ်။
နောက်ပြီး နောက်ကျမှ ညစာ (သို့) နေ့လည်စာ စားရမယ်ဆိုရင်လည်း အစပ်များတဲ့ အစားအစာ၊ အချိုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပေးပါ။
၃. အစာအိမ်အချဉ်ပေါက်ခြင်း
ဗိုက်က ရိုးရိုးအောင့်တာ မဟုတ်ဘဲ ပူလောင်ခြင်းနဲ့ ခေါင်းမူးဝေခြင်းတို့ကိုပါ ခံစား နေရပြီဆိုရင်တော့ ဒါဟာအစာအိမ်အချဉ်ပေါက်တာ ဖြစ်နိုင်ပါတယ်။
အရက်အလွန်အကျွံသောက်ခြင်းနဲ့ ibuprofen လို့ခေါ်တဲ့ ဆေးဝါးတစ်မျိုးကို သုံးစွဲခြင်းက အကြောင်းရင်း ဖြစ်နေနိုင်ပါတယ်။
အစာအိမ်အချဉ်ပေါက်ဝေဒနာသက်သာစေဖို့ smoothie လိုမျိုး အစာကြေလွယ်တဲ့ ဖျာ်ရည်သောက်တာတို့၊ ဆေးမြစ်စိမ်ရေနွေးကြမ်း သောက်တာတို့ လုပ်ပေး သင့်ပါတယ်။
အရက်တို့၊ အစပ်များတဲ့အစားအစာတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
၎. ဝမ်းချုပ်ခြင်း
တချို့လူတွေက သူတို့ဝမ်းချုပ်နေလို့ ဝမ်းချုပ်နေမှန်းတောင် မသိကြပါဘူး။
တစ်နေကုန်လို့ အိမ်သာတစ်ခေါက်သွားဖြစ်လား၊ မသွားဖြစ်လားဆိုတာကိုတောင် သတိမထားမိတတ်သူတွေ များပါတယ်။
ကောက်ညှင်းပါတဲ့အစားအစားတွေ အများကြီးစားမိတာတို့၊ လက်ဖက်ရည်၊ လက်ဖက်သုပ်အလွန်အကျွံ စားမိတာတို့က ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းရင်းတွေ ထဲမှာ ပါ ပါတယ်။
ဝမ်းချုပ်နေမယ်ဆိုရင် ဗိုက်လည်း အောင့်တတ်စေပြီး သက်သာစေဖို့ကတော့ အမျှင်ဓာတ်ပါတဲ့ ဟင်းဟီးဟင်းရွက်၊ အသီးအနှံတွေ များများစားပေးတာတို့၊ ရေများများ သောက်တာတို့ လုပ်ပေးသင့်ပါတယ်။
၅. နှလုံးအားနည်းခြင်း
နှလုံးအားနည်းနေမယ်ဆိုရင်လည်း ရင်ဘတ်အောင့်တဲ့လက္ခဏာကိုသာမက ဝမ်းဗိုက်အောင့်တဲ့ လက္ခဏာတွေကိုလည်း ပြသလာမှာပါ။
နှလုံးအားနည်းခြင်းရဲ့လက္ခဏာထဲမှာ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ပါဝင်နေနိုင်ပါတယ်။
ဒါကြောင့်အထက်ဖော်ပြပါလက္ခဏာတွေ တွေ့ရှိရပြီဆိုရင်တော့ နှလုံးအားနည်း နေပြီလို့ ယူဆပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
READ - အစာအိမ်အနာဖြစ်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရနိုင်သလဲ
Source: tameelay