What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 May 2019 16:15

ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်၊ ရှောင်ရန်

ကိုယ်ဝန်ဆောင်မိခင်များနှင့် မေမေများအတွက် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် အခမဲ့ နွေးနွေးထွေးထွေး ဆွေးနွေးနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဘယ်လိုအချက်လက္ခဏာတွေက ကိုယ်ဝန်ရှိနေပြီလို့ ယူဆလို့ ရမလဲ ၊ ဘယ်အချိန်မှာ ကိုယ်ဝန်စအပ်သင့်လဲ ၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘယ်လိုပြုမှုနေထိုင်သင့်လဲ ၊ ကိုယ်ဝန်ဆောင်မိခင်များတွင် အဖြစ်များသော အစားအသောက်အယူအဆလွဲများ ၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ထိုးသင့်သော ကာကွယ်ဆေး (သို့) မထိုးသင့်သော ကာကွယ်ဆေး ၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွားတတ်သော လက္ခဏာများ အစရှိတဲ့ အချက်အလတ်တွေကို ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ ဟော်ပြောပွဲကို My Doctor မှာ ဦးစီးပြီးပြုလုပ်ပေးသွားမှာ ဖြစ်ပြီး ဆွေးနွေးပွဲကိုတော့ သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာမြပွင့်ဖြူ မှ သိရှိသင့်သော အချက်အလက်တွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို ရွှေလမင်းအထူးကုဆေးရုံကြီး(လမ်းမတော်) တွင် မေလ ၂၅ ရက်နေ့ ၂၀၁၉ (စနေနေ့) ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပြီး လူဦးရေ အကန့်အသတ်ရှိတာကြောင့် ဖုန်းနှင့် ဆက်သွယ်ပြီး စာရင်းပေးဖို့ လိုပါတယ်။

 

ပွဲတက်ရောက်သူများအတွက် -

(၁) ဆရာမကြီးဒေါက်တာမြပွင့်ဖြူနှင့် နွေးနွေးထွေးထွေး အမေး ၊ အဖြေ အစီအစဉ်

(၂) My Doctor နှင့် Partner Companies များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်မည့် အစီအစဉ်

(၃) ညနေ အဆာပြေ စားရန် အကျွေးအမွေး အစီအစဉ် စသည်ဖြင့် အစီအစဉ်ကောင်းများစွာ ပါဝင်မှာ ဖြစ်ပါတယ်

 

နေ့ရက် ။ ။ မေလ ၂၅ ရက်နေ့ (စနေနေ့)

အချိန် ။ ။ ညနေ့ ၂:၃၀ နာရီ မှ ညနေ ၅ နာရီထိ

 

နေရာ ။ ။ Shwe La Min Hospital ရွှေလမင်းဆေးရုံ ၊ အမှတ်(၁၅/၁၉) ဇော်ဂျီလမ်း ၊ လမ်းမတော် ၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ။ ။ 09-977 835 686 ။

 

>> စာရင်းပေးသွင်းရန် << (သို့မဟုတ်) 09-977 835 686

Read times
Rate this item
(0 votes)