What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 June 2022 15:02

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အိပ်စက်မှုပုံစံ (၄) မျိုး

အိပ်စက်အနားယူတဲ့အခါမှာ မှောက်အိပ်ခြင်း၊ သန္ဓေသားသဏ္ဍာန်အိပ်စက်ခြင်း (Fetal position)၊ ခန္ဓာကိုယ်တစ်ဝက်ထိုင် တစ်ဝက်လှဲလျောင်းတဲ့ ပုံစံနဲ့ အိပ်စက်ခြင်း၊ လက်မောင်းပေါ်ခေါင်းအုံးအိပ်စက်ခြင်း များဟာ နံရိုး၊ ကြွက်သားနဲ့ အာရုံကြောများကို ထိခိုက်စေပါတယ်။

ဘေးတစောင်းအိပ်ခြင်း၊ ပက်လက်အိပ်ခြင်း များဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံများဖြစ်ပြီး အိပ်ယာ နဲ့ အိပ်ခန်း ပတ်ဝန်းကျင် ဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒီအချက်တွေကို သေချာသတိထားလိုက်နာပြီး အိပ်စက်မယ်ဆိုရင် နံရိုး၊ကြွက်သားနဲ့ အာရုံကြောထိခိုက်မှုတွေကို လျှော့ချနိုင်သလို အိပ်စက်ခြင်းရဲ့ အကျိုး ထိရောက်မှုကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

အဆိုးရွားဆုံးအိပ်စက်မှုပုံစံ(၄)မျိုး

၁။ သန္ဓေသားသဏ္ဍာန်(Fetal Position) အိပ်စက်ခြင်း

ဒီပုံစံဟာ ကျောကိုကွေး ခေါင်းကိုအရှေ့ဘက်ကိုင်း တင်ပါးကိုညွတ်ထားပြီး ဒူးကုပ်ထားတဲ့ အနေအထား တစ်နည်းအားဖြင့် မိခင်ဗိုက်ထဲမှာ သန္ဓေသား တည်ရှိနေတဲ့ ပုံစံနဲ့ အိပ်စက်ခြင်းဖြစ်ပါတယ်။ ဒီအနေအထားကိုကြည့်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာဟာ ပုံမှန်မဟုတ်တဲ့အနေအထားမှာ ရှိနေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်မှုမရှိဘူးလို့ ဆိုရမှာပါ။ ဒီလိုပုံစံနဲ့ ကြာရှည်စွာ အိပ်စက်မယ် ဆိုရင် အောက်ဖော်ပြထားတဲ့ ပြဿနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။

ဒူး နဲ့ တင်ပါးတစ်ဝိုက်မှာရှိတဲ့အရွတ်တွေ ရောင်ရမ်းလာပြီး အဆိုနေရာ က အဆစ်နေရာများ ရေရှည်ကွေးညွတ်ထားရတာကြောင့် ဒူးနာခြင်း ဝေဒနာ ဖြစ်လာနိုင်ပါတယ်။

ဒီပုံစံအနေအထားမှာ နောက်ကျောကွေးညွတ်မှုဒဏ်ကြောင့် ခါးအောက်ပိုင်း နေရာမှာ ရောင်ရမ်းနာကျင်ခြင်းတွေဖြစ်နိုင်ပြီး ခါးကြွက်သားဆန့်ခြင်းနဲ့ တောင့်တင်းမှုများ ဖြစ်လာနိုင်ပါတယ်။

ကျောရိုးသဏ္ဍာန်မူမမှန်ခြင်း (Spinal Deformities)။

လည်ပင်းကြွက်သားများ ဆက်တိုက်ကွေးထားရတာကြောင့် ရောင်ရမ်းခြင်း မှ တစ်ဆင့် လည်ပင်းနာခြင်းဖြစ်နိုင်တဲ့အပြင် ၎င်းကြွက်သားများ တောင့်တင်းခြင်း၊ အပေါ်ပိုင်းကျောရိုးကို ဖိအားပိုမိုသက်ရောက်ခြင်းများ လည်းရှိနိုင်ပါတယ်။ ခါးဆစ်အရိုးနုပြားကျွံခြင်း(Herniated Disk) ခံစားနေရတဲ့ လူနာများ အနေနဲ့ ကျန်းမာရေးအရမသင့်လျော်တဲ့ Fetal Position အနေအထားနဲ့ အိပ်စက်မိမယ်ဆိုရင် နာကျင်မှုကို ပိုမိုဆိုးရွားစေမှာဖြစ်ပါတယ်။

၂။ မှောက်အိပ်ခြင်း

မှောက်လျက်အနေအထားနဲ့ အိပ်စက်ခြင်းဟာလည်း ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အိပ်စက်မှုပုံစံတစ်ခုဖြစ်ပါတယ်။ မှောက်အိပ်ခြင်းဟာ အသက်ရှူတာကို အဟန့်အတားဖြစ်စေသလို ပုံမှန်မဟုတ်တဲ့ကျောရိုးကွေးညွတ်မှုကိုလည်း ဖြစ်စေ ပါတယ်။ မှောက်အိပ်တဲ့အချိန် ခေါင်းကိုအောက်စိုက်ထားခြင်းဟာလည်း ကွေးညွတ်မှုပုံစံတစ်မျိုးကိုဖြစ်စေပါတယ်။

ဒီအချက်တွေအားလုံးဟာ လည်ပင်းကြွက်သား ရောင်ရမ်းနာကျင်ခြင်းနဲ့ ခါးနာခြင်းများကို ဖြစ်စေပါတယ်။ မှောက်အိပ်မယ်ဆိုရင် အကြာကြီးမအိပ်သင့်ပါဘူး။ သင်ဟာ မှောက်အိပ်မယ်ဆို ရင် အချိန်ခဏလောက်သာ အိပ်သင့်ပါတယ်။ အဲဒီလို အိပ်တဲ့ အခါမှာလည်း ပိုပြီးတော့ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ရင်ဘတ်(သို့) ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံးခံပြီးအိပ်သင့်ပါတယ်။

၃။ ခန္ဓာကိုယ်တစ်ဝက်ထိုင်တစ်ဝက်လှဲလျောင်းတဲ့ပုံစံအိပ်စက်ခြင်း

ရိုးရိုးလေးပဲ တွေးကြည့်ပါ။ သင့်အနေနဲ့ ခန္ဓာကိုယ်တစ်ဝက်ကိုထိုင်ပြီး တစ်ဝက်ကို လှဲလျောင်းကာ သင့်ရဲ့အောက်ပိုင်းဟာ အိပ်ယာ(သို့) ဆိုဖာပေါ်မှာ ရှိနေလျက် ခါးအောက်ပိုင်းမှာ ခေါင်းတစ်လုံး ခံထားမယ်။ ပြီးရင် ဖုန်းသုံးနေ မယ်(သို့) စာအုပ်ဖတ်နေမယ်(သို့) TV ကြည့်နေမယ်ဆိုပါစို့။ ဒါဟာ သင့်ရဲ့လည်ပင်းကို အချိန်များစွာကြာအောင် ကွေးညွတ်ထားရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီလိုပုံစံအနေအထားနဲ့ ကြာရှည်စွာထိုင်မယ်ဆိုရင် ကျောရိုးပေါ်မှာ ဖိအားသက်ရောက်မှု မြင့်လာမှာဖြစ်ပြီး ပုခုံးနာကျင်ရောင်ရမ်းမယ့်အပြင် ဒီလို အနေအထားထိုင်ချိန် ကျောရိုးကွေးထား ခြင်းကြောင့် ခါးအောက်ပိုင်း နာကျင်ခြင်း ကို ခံစားရမှာဖြစ်ပါတယ်။

၄။ လက်မောင်းပေါ်ခေါင်းအုံးအိပ်ခြင်း

လက်မောင်းအပေါ်ပိုင်းကို ခေါင်းအုံးထား ခြင်း(သို့) ထိုင်ခုံလက်ရန်းလို မျက်နှာပြင် တစ်ခုပေါ်ကို လက်မောင်းချထားခြင်းကြောင့် လက်ရဲ့ အရေးအကြီးဆုံးအာရုံကြောတစ်ခုဖြစ်တဲ့ ရေဒီယမ်အာရုံကြော (Radial Nerve) တည်ရှိရာ နေရာကို ကြာရှည်စွာဖိအား သက်ရောက်စေပါတယ်။

မှောက်အိပ်ခြင်းကြောင့် အကျိုးဆက် ပြဿနာတစ်ခုကတော့ Wrist Drop လို့ ခေါ်တဲ့ မှောက်အိပ်ထားတဲ့လက်တစ်ဖက်ဟာ အပေါ်ကို မ လို့ မြှောက်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ ရေဒီယမ်အာရုံကြောပေါ်ကို အချိန်ကြာရှည်စွာ ဖိအားသက်ရောက်ခြင်းရဲ့ နောက်ဆက်တွဲရလဒ်ဖြစ်ပါတယ်။ ဒါကို နောက်တစ်မျိုး အနေနဲ့ Saturday Night Palsy (သို့) Honeymoon Palsy လို့လည်း ခေါ်ပါသေးတယ်။

ဒါပေမယ့် ဒီပြဿနာဟာ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်တာ ကြောင့် ကုသမှုမလိုဘဲ သူ့အလိုလို ပြန်သက်သာနိုင်ပါတယ်။ ပြန်သက်သာလာ နိုင်တဲ့ ကြာချိန်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါ ဘူး။ ပုံမှန်အား ဖြင့် (၃)ပတ်-(၄)ပတ် လောက်ဆို ပျောက်ကင်းသက်သာလာတတ်ပါတယ်။ ပြန်လည်သက်သာလာဖို့အချိန်အတွင်းမှာ လက်ကောက်ဝတ်၊ လက်၊ လက်ဖျံ ကြွက်သား တို့ကို သန်မာစေပြီး ကြွက်သားကြုံလှီခြင်းနဲ့ လက်ကောက်ဝတ် အရိုးအဆစ်များ အလုပ်မလုပ်ခြင်း ကို ကာကွယ်ပေးတဲ့ တချို့လေ့ကျင့်ခန်းများ လုပ်ဆောင်ဖို့ ဆရာဝန်က အကြံပြုမှာဖြစ်ပါတယ်။

အရက်(သို့)ဘီယာ အလွန်အကျွံသောက်သုံးပြီး ဘားကောင်တာစားပွဲပေါ်မှာ လက်မောင်းပေါ် ခေါင်းမှောက်လျက်အိပ်ပျော်သွားတတ်တဲ့သူများ၊ ချစ်သူအသစ် ရတဲ့အချိန် ကိုယ့်လက်မောင်းပေါ်မှာ အိပ်စက် စေပြီး မနက် ရောက်တဲ့အခါ လက်ကိုအပေါ် မ မတင်နိုင်ဘဲ Wrist Drop နဲ့ နိုးထလာတဲ့ လူများကို အစွဲပြုပြီး Saturday Night Palsy / Honeymoon Palsy ဆိုတဲ့ အခေါ်အဝေါ်များ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

samitivejhospitals

Read times
Rate this item
(0 votes)