What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 May 2018 13:58

ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းဆောင်ရွက်ပါက MIC ၏ သတ်မှတ်ချက် (၇) ချက်လိုအပ်

ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းဆောင်ရွက်ပါက MIC ၏ သတ်မှတ်ချက် (၇) ချက်လိုအပ် google.com

ပြည်တွင်း၌ ပုဂ္ဂလိကဆေးရုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်မည်ဆိုပါက (MIC)၏ သတ်မှတ်ထားသည့် စည်းကမ်းချက် ခုနှစ်ချက်နှင့်အညီ ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကောင်မရှင် (MIC) မှသိရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ( ၁၅ / ၂၀၁၇ ) အပိုဒ် (ဃ) အပိုဒ်ခွဲ (၉) ပါကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြုချက်ရယူဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လုပ်အပ်သည့်စံသတ်မှတ်ချက် များတွင်ဖော်ပြထားသည်။

အဆိုပါအမိန့်ကြော်ငြာစာအရ ပြည်တွင်း၌ ပုဂ္ဂလိကဆေးရုံလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှပ်နှံမည့်သူများအတွက် သတ်မှတ်ချက်များသည်

(၁) ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊

(၂) ကူးစက်ရောဂါမပြန့်ပွားစေရေးနှင့် စွန့်ပစ်ပစ္စည်း များကို သတ်မှတ်ထားသောစံနှင့်အညီ စနစ်တကျစွန့်ပစ်ရေးတို့အတွက် ဆောင်ရွက်ထားရမည်ဖြစ်သည်။

(၃) သန့်ရှင်းသောသောက်ရေ၊ သုံးရေလုံလောက်စွာ ရရှိစေရေး အတွက်စီစဉ်ဆောင်ရွက်ခြင်း၊

(၄) ရေနှင့်မိလ္လာစနစ်ကို စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊

(၅) ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် စနစ်တကျစီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

(၆) ကောင်းမွန်သော ဆယ်သွယ်ရေးစနစ်၊ လျှပ်စစ်မီး ( ၂၄ ) နာရီပတ်လုံးရရှိရေးအတွက် စီစဉ်ဆောင်ရွက် ထားခြင်းနှင့်

(၇) သေဆုံးသူ လူနာများအတွက် သတ်မှတ်ထားသည့် အစီအစဉ်များ၊

စသည့် စံသတ်မှတ်ချက် (၇) ချက်ကို ပြည့်စုံအောင် ဆောင်ရွက်ထားရမည် ဟု ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ သိရသည်။

MIC အနေဖြင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် -

(၁) လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊

(၂) အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊

(၃) အမျိုးသားဝင်ငွေနှင့် အခွန်တိုးတတ်ရရှိနိုင်မှု၊

(၄) ပြည်တွင်းပြည်ပဈေးကွက် အခြေအနေ၊

(၅) ပြည်တွင်းစားသုံးရန်လိုအပ်ချက်၊

(၆) နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊

(၇) ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ။

(၈) တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံမှုဖြစ်ခြင်းနှင့်

(၉) တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်းသိရပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ ရင်းနှီးမြှပ်နှံမှု ကော်မတီများက ရင်းနှီးမြှပ်နှံမှုပမာဏ ဒေါ်လာငါးသန်း (သို့) ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) ရုံးများကို ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်တွင် ကာလရှည်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ စီမံကိန်းကို ပြင်ဆင်ပြီး ပြန်လည်သုံးသပ်လျက်ရှိကြောင်း သိရပါတယ်။

Source: Eleven

Read: ဈေးကွက်အတွင်း FDA မှတွေ့ရှိသောအန္တရာယ်ရှိ အစားအသောက် (၇) မျိုး

ဈေးကွက်အတွင်း FDA မှတွေ့ရှိသောအန္တရာယ်ရှိ အစားအသောက် (၇) မျိုး

Read times Last modified on Tuesday, 08 May 2018 14:08
Rate this item
(0 votes)