What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 July 2022 15:54

မျက်စိညောင်းညာခြင်းကို ကုသနည်း

မျက်စိညောင်းညာခြင်းကို ကုသနည်း

အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

တခြားအကြောင်းရင်းတွေက စိတ်ဖိစီးမှု များတာ ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ ၊ ရေဓာတ်ခမ်း ခြောက်တာ ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင်ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်ပါတယ်။

မျက်စိ ညောင်းညာသော အဓိက လက္ခဏာများ

- မျက်စိကို ဖွင့်ထားရင် လေးလံပြီး မသက်မသာ ခံစားရခြင်း။

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း ၊ မသက်မသာဖြစ်ခြင်း။

viber1.jpg

- မျက်စိခြောက်သွေ့တာ ၊ မျက်စိနာတာ ၊ မျက်ရည်ကျတာ ။

- ခေါင်းကိုက်တာနဲ့ အလင်းရောင် ထိတွေ့ရင် ကျိန်းစပ်စပ်ဖြစ်ခြင်း။

မျက်စိညောင်းညာမှု သက်သာစေရန် ပြုလုပ်ပုံ

- ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။

- လတ်ဆတ်သော သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

- နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

- အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။

- ရေခဲ သေတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးပါ။

- ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

- မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

viber.jpg

Read times Last modified on Friday, 15 July 2022 10:58
Rate this item
(0 votes)