What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 November 2017 13:50

တည်သီး ကို ၃နှစ်အောက်ကလေးများ မကျွေးသင့်

တည်သီး ကို ၃နှစ်အောက်ကလေးများ မကျွေးသင့် google.com

မြန်မာအခေါ်”တည်သီး”ကို ၃နှစ်အောက်ကလေးငယ်တွေကို လုံးဝမကျွေးသင့်ပါဘူး။

အဆင်မသင့်ရင် အသက်ပါဆုံးရှုံးရတဲ့အထိဖြစ်နို်င်တဲ့ သာဓကတွေကို ဖော်ပြပေးလိုက်ပါတယ်။

”တည်သီး”ဟာ ကလေးငယ်တွေအတွက် အစာအိမ်မှာ ကျောက်တည်စေနိုင်ပြီး ရာသီဥတု အခြေအနေနှင့် မကိုက်ညီချိန်တွင် စားသုံးမိပါက ကလေးငယ်မှ အသက်ရှု မဝဖြစ်ကာ ကိုယ်ခံအားမကောင်းချိန်တွင် သတိမေ့မျှောခြင်း သတိပြန်မလည် လာသည် အထိ ဖြစ်စေ၍ အသက်ပါဆုံးရှုံးနိုင်ကြောင်း သတိပေး ရေးသားထားတာ တွေ့ရပါတယ်။

ငယ်ရွှယ်တဲ့ ၃ နှစ်အောက် ကလေးငယ်တွေရဲ့ အတွင်းကလီဇာ ခံနိုင်ရည်အားနှင့် ကလေး၏ အစား အသောက် အမျိုးမျိုးကို သတိပြု ရှောင်ကျဉ်၍ အဟာရနှင့် ကိုက်ညီသော အစားအစာ များကို ရွှေးချယ်ကျွေးတတ်ဖို့သည် မိဘတိုင်း၏ အရေးကြီးသော အချက်ဖြစ်သည်။

နောက်အရေးကြီးတဲ့ အချက်မှာတော့ ကလေးဖြစ်စေ/လူကြီးဖြစ်စေ တည်သီးစားပြီး နွားနို့/ ပင်လယ်အစား အစာ ဟူသမျှကို (အထူးသဖြင့်ဂဏန်း)/စိမ်းစားဥ/ပဲနို့ ရည်နှင့် ပဲပြားစသဖြင့် စားခဲ့မိလျှင် ဝမ်းထဲက ကလီစာတွေ ပျက်စီးတတ်ကြောင်း သတိပေးတားမြစ် ဖော်ပြထားပါတယ်။

အဓိကပြောချင်တာကတော့ ၃နှစ်အောက် ကလေးငယ်များကို အဓိက ကျန်းမာရေးအတွက် သတိပြုဖော်ပြ ထားသည်။

တည်သီးတွင် ဆိုးကျိုးများရှိသလို ကောင်းကျိုးများလည်းရှိ၍ မဆင်မချင်စားသုံးလျှင် သင့်တင့်မှု မရှိသော အစားအစာနှင့် တွဲဖက်၍ စားမိလျှင် ဘေးအန္တရာယ် ကိစ္စရပ်များစွာ ရှိ၍ ငယ်ရွယ်သည့် ကလေးငယ်များ အား အဓိကဦးစားပေး သတိပြု ဆင်ချင်သင့်ကြောင်း ရည်ညွှန်းပြောဆိုပါသည်။

မိမိကလေးငယ်ကို စားဖူးတယ်ရှိအောင်/သူစားတတ်မလားမသိဘူး ဆိုပြီး စမ်းကျွေးမိတာမျိုး ရှိတတ်လို့ သတိပြုရန် ကျန်းမာရေးအတွက် မျှဝေလိုက်ပါတယ်။

Source: tameelay

Read times
Rate this item
(1 Vote)