What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 July 2022 15:18

မုန်လာဥနီ စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးအာနိသင်များ

မုန်လာဥနီ စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးအာနိသင်များ Google.com

မုန်လာဥနီ စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးအာနိသင်များကို ဖော်ပြပေးလိုက်ပါတယ်။

၁. မုန်လာဥနီ မှာ ကယ်လိုရီဓာတ်အနည်းငယ်သာပါဝင်တဲ့အတွက် ဝတဲ့လူတွေ နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

၂. အစာအိမ် အစာချေအား ကောင်းမွန်တိုးတက်စေပြီး နှလုံး၊ အသည်း တို့ရဲ့ လုပ်ဆောင်ချက်တွေကို အားကောင်းစေပါတယ်။

၃. မုန်လာဥနီမှာ ဗီတာမင် E ပါဝင်တဲ့အတွက် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

youtube1.jpg

၄. နာကျင်ကိုက်ခဲခြင်း၊ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ဖိစိးမှုတွေ၊ အိုမင်းရင့်ရော်မှုတွေကို လျော့နည်းစေတဲ့ ဓာတ်တွေ ပါဝင်တယ်။

၅. Vitamin A ပါဝင်တဲ့အတွက် မျက်လုံးအားကို ကောင်းမွန်စေတယ်၊ ပြီးတော့ အရိုးကြွပ်ရောဂါ၊ အရိုးနဲ့ ဆက်စပ်တဲ့ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးတယ်။

၆. Potassium ဓာတ်ပါဝင်တဲ့အတွက် ကိုလက်စထောဓာတ်ကို လျော့ကျစေတယ်။

၇. နှလုံးအဆီဖုံးခြင်းကို လျော့ကျစေတယ်၊ နှလုံးသည်းခြေပေါက်ခြင်းကို ကာကွယ်ပေးပြီး နှလုံးအားကို ကောင်းမွန်စေပါတယ်။

၈. အသားရေလှပစေတယ်၊ အသံပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေပါတယ်။

၉. မုန်လာဥနီမှာ အလွန်ကောင်းမွန်တဲ့ beta-carotene ဓာတ်ပါဝင်တဲ့ အတွက် ဆဲလ်အသစ်တွေကို ပြန်လည်ရှင်သန်စေပြီး အရေပြားဆိုင်ရာ ရောဂါတွေနဲ့ပတ်သက်ပြီး ကောင်းမွန်စေပါတယ်။

youtube.jpg

Read times
Rate this item
(2 votes)