What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 December 2017 10:03

သွေးပေါင်ချိန်ကျသော ကိုယ်ဝန်ဆောင်များ ကြိုတင်ကာကွယ်ရန်လို

သွေးပေါင်ချိန်ကျသော ကိုယ်ဝန်ဆောင်များ ကြိုတင်ကာကွယ်ရန်လို google.com

ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးများသည် ပုံမှန်ဆိုသလို သွေးပေါင်လျော့နည်းခြင်းနှင့် ကြုံတွေ့နိုင်သည်။

ဟော်မုန်းများနှင့် သွေးလည်ပတ်မှု ပြောင်းလဲခြင်းတို့ကြောင့် သွေးပေါင်လျော့နည်းနိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ပထမဆုံးလပတ်ကာလနှင့် ဒုတိယသုံးလပတ်ကာလတို့၌ ယင်းအခြေအနေနှင့် ကြုံတွေ့နိုင်သည်။

ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်လျော့ခြင်းကြောင့် သိသာသော ကျန်းမာရေးပြဿနာမရှိသော်လည်း ကာကွယ်ရန်လိုသည်။

ကိုယ်ဝန်ဆောင်တစ်ဦး၏ စွမ်းအင်ပမာဏ၊ စိုးရိမ်ကြောက်ရွံ့ မှု၊ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှု အခြေအနေတို့အပေါ် မူ တည်၍ သွေးပေါင်အပြောင်းအလဲ အနည်းငယ်ရှိနိုင်သည်။

READ - ကိုယ်ဝန်ဆောင်များ ခရီးသွားရာတွင် ဆောင်ရန်၊ ရှောင်ရန်များ

ကိုယ်ဝန်ဆောင်သည့် ပထမဆုံး ၂၄ ပတ်အတွင်း သွေးပေါင် လျော့နည်းနိုင်သည့် ဓာတ်မတည့်သော တုံ့ပြန်မှုများ၊ ရောဂါပိုးဝင် ခြင်း၊ အိပ်ရာထဲတွင် အချိန်အကြာကြီး နားနေခြင်း၊ ရေဓာတ်ခန်း ခြောက်ခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ခန္ဓာကိုယ်တွင်းသွေးထွက် ခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးအခြေအနေများ စသော အချက် များကြောင့် သွေးပေါင်လျော့နည်းနိုင်သည်။

ကိုယ်ဝန်ဆောင်ကာလ အတွင်း ဆရာဝန်နှင့် ပုံမှန်စစ်ဆေးသင့်သည်။

သွေးပေါင်လျော့နည်းခြင်း လက္ခဏာများတွင် ခေါင်းမူးခြင်း၊ ရုတ်တရက် ဦးခေါင်းထဲ မိုက်ခနဲဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရေသောက်သော်လည်း ရေငတ်ခြင်း၊ အသားအရေ ဖျော့တော့ အေးစက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း စသော လက္ခဏာများ ပါဝင်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် သွေးပေါင်လျော့ နည်းခြင်းကို ကာကွယ်ရန် လမ်းလျှောက်ခြင်းကဲ့သို့ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ရန်၊ အစားအသောက်ကို အာဟာရပြည့်ဝစွာ ကျန်းမာရေးနှင့်အညီ စားသောက်ရန်လိုသည်။

ဆရာဝန်နှင့် ပုံမှန် ပြသပြီး ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုအပ်သော ဖြည့်စွက် အားဆေးများ သောက်သုံးရန်လိုသည်။

READ - ကိုယ်ဝန်ဖျက်ချခြင်း၏ နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်များ

Source: 7day daily

Read times
Rate this item
(1 Vote)