What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 March 2018 11:35

ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေသူများအတွက် ဆောင်ရန်၊ရှောင်ရန်လေးများ

ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေသူများအတွက် ဆောင်ရန်၊ရှောင်ရန်လေးများ google.com

ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေပြီ ဆိုရင်တော့ စီမံကိန်းတွေ အများကြီး ချမှတ်ထားဖို့ လိုပါတယ်။ အဓိက ပြင်ဆင်ရမှာကတော့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေပါ။

သာမန်နေထိုင်မှု ပုံစံကနေ ကျန်းမာတဲနေထိုင်မှုပုံစံပြောင်းလိုက်တာက ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်လာစေပါတယ်။ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်ဖို့ဆိုတာကလည်း ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိနေဖို့ လိုပါသေးတယ်။ ဒီလိုရရှိဖို့အတွက် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်နဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းထားရမှာပါ။

ဆရာဝန်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ပေးပြီး ကိုယ်ဝန်ရရှိဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာ ရှောင်ကျဉ်ရမယ့် အစားအစာနဲ့ ဆေးဝါးတွေကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

ရှောင်ကျဉ်ရမယ့် အစားအစာများ

  • စီးကရက်၊ အရက်နဲ့ မူးယစ်ဆေး
  • ကဖိန်းဓာတ်(ကော်ဖီ၊ အနက်ရောင်လက်ဖက်ရည်၊ ကိုလာ၊ချောကလက်)
  • မချက်ပြုတ်ရသေးတဲ့ အသားငါးအစိမ်းများ
  • မချက်ပြုတ်ရသေးတဲ့ ကြက်ဥ
  • ဆားပါတဲ့ ကြာရှည်ခံ အစားအစာများ
  • သကြားအလွန်အကျွံသုံးစွဲထားတဲ့ အစားအစာများ
  • တာရှည်ခံ အစားအစာများ

နာတာရှည်ရောဂါရှိသူများ ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရေရှည်စွဲသောက်နေရတဲ့ ဆေးဝါးတွေမှာ ကိုယ်ဝန်ရရှိစေဖို့ အနှောင့်အယှက်ပေးပါတယ်။

ရှောင်ကျဉ်ရမယ့် ဆေးဝါးများ

  • သွေးဖိအားနဲ့ ပတ်သက်တဲ့ ဆေးများ
  • မူးယစ်ဆေးဝါးများ
  • ဓာတ်မတည့်တာကို ပျောက်ကင်းစေတဲ့ ဆေးများ
  • နာကျင်မှုတွေကို သက်သာစေတဲ့ ဆေးများ
  • ဝက်ခြံနဲ့ ပတ်သက်တဲ့ ဆေးများ
  • အိပ်ဆေးများ

စစ်ဆေးရန်

သန္ဓေသားလောင်းရဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်ဝန်စဆောင်ချိန် (၁၇)ရက်မြောက်မှာ စတင်ဖြစ်ပေါ်တာပါ။ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်လာဖို့အတွက် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ဆရာဝန်တွေဆီ ပြသဆွေးနွေးပြီး လိုအပ်တဲ့ အကြံဥာဏ်များကို ရယူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ လိုအပ်တဲ့ ကျန်းမာရေး အတွက် ဆရာဝန်တွေဆီမှာ စစ်ဆေး ပေးနိုင်ပါတယ်။ ဒီလို စစ်ဆေးတဲ့အခါမှာလည်း ဇနီးမောင်နှံ(၂)ဦးစလုံး ပါဝင်ဖို့ လိုပါတယ်။

Source: Kalay

Read: Abruptio Placentae (ကိုယ်ဝန်ဆောင်များ အချိန်မတိုင်မီအချင်းကွာခြင်း)ဆိုတာ ဘာလဲ။

https://www.healthproducts.com.mm/articles/item/584-what-is-abruptio-placentae.html

Related image

Read times Last modified on Monday, 19 March 2018 15:58
Rate this item
(0 votes)