What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 November 2020 11:30

ပြည်တွင်း အကြောအဆစ် မျိုးဆက်သစ်ပညာရှင်များ အများအပြား ထပ်မံမွေးထုတ်ရန်လိုအပ်

ပြည်တွင်း အကြောအဆစ် မျိုးဆက်သစ်ပညာရှင်များ အများအပြား ထပ်မံမွေးထုတ်ရန်လိုအပ် myotaw.news

ပြည်ပနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် အကြောအဆစ်ကုသသည့် ပညာရှင်များ အရေ အတွက် နည်းပါးနေသည့်အတွက် မျိုးဆက် သစ်ပညာရှင် အများအပြား ထပ်မံမွေးထုတ်ရန် လိုအပ်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်မှစပြီး အကြောအဆစ်ပညာရှင်များ ပြုစုမွေးထုတ် ခဲ့သော်လည်း ယခုလက်ရှိအချိန်အထိ အကြောအဆစ် ကျွမ်းကျင်ပညာရှင် ၁၅၀ဝ ခန့်သာရှိပြီး ပြည်တွင်းရှိ လူဦးရေနှင့် အချိုးကျတွက်ချက်ပါက လူဦးရေသုံးသောင်းခွဲလျှင် အကြောအဆစ်ပညာရှင် တစ်ဦးနှုန်းသာ ရှိသည်။

 

ပြည်ပနိုင်ငံများတွင် လူအယောက်တစ်ထောင်လျှင် အကြောအဆစ်ပညာရှင် တစ်ဦးနှုန်းထားရှိကာ ကုသပေးနေပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အချိုးကျထားရှိနိုင်စေရန် နှစ်ပေါင်းများစွာ ကြိုးစားရဦးမည်ဖြစ်ကြောင်း၊ အကြောအဆစ်ကုသသည့် ပညာရပ်သည် ပြည်သူများအတွက် အရေးပါသော ကျန်းမာရေးစောင့်ရှောက်မှု ပညာရပ်တစ်ခုဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင် အကြောအဆစ် ကုသပညာရပ် သင်ကြားပို့ချသော တက္ကသိုလ်များစွာ ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံ အကြောအဆစ် ကုသပညာရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင်လည်း အသက်အရွယ်မရွေး လေဖြတ်ခြင်း၊ လှုပ်ရှားမှုများလွဲချော်ခြင်းနှင့် အခြား မတော်တဆဖြစ်ခြင်း စသည့် အကြောင်းအမျိုးမျိုး ကြောင့် အကြောအဆစ်များ ချို့ယွင်းသွားပါက နီးစပ်ရာ အကြောအဆစ်ပညာရှင်များထံ အကြံဉာဏ်တောင်းခြင်း၊ ကုသမှုခံယူခြင်းများ ပြုလုပ်သင့်ကြောင်း ယင်းက အကြံပြုပြောကြားသည်။

myotaw.news

Read times
Rate this item
(0 votes)