What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 August 2022 13:33

စိတ်ဖိစီးမှုများရင် ဒါလေးတွေ လုပ်ကြည့်ပါ

နာရီပေါင်းများစွာ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း လှုပ်ရှားနေတာပဲဖြစ်ဖြစ် တစ်ခါတလေ ဖြေလျှော့ဖို့နဲ့ စိတ်ဖိစီးမှု ခံစားချက်တွေကနေ သက်သာအောင် ပြုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

အမြဲတမ်း တင်းကျပ်နေပြီး စိတ်ဆတ်နေရင် ဒေါသထွက်လွယ်လာပြီး စိတ်လည်းမတည်ငြိမ်တော့ပါဘူး။ သင့်စိတ်က အမြဲတမ်း စိုးရိမ်သောကဖြစ်ပြီး မေ့ပျောက်ဖို့ ခက်ခဲနေရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီဆော ဟော်မုန်းပမာဏ များလာမှာသေချာပါတယ်။

အဲဒီအခါ ရေရှည်အတွက် သွေးတိုးနဲ့ နှလုံးရောဂါ စတဲ့ ကျန်းမာရေး ပြဿနာဆိုးများ ဖြစ်စေနိုင်ပါတယ်။ မကြာခဏဆိုသလို အနည်းငယ် စိတ်ဖိစီးမှု ခံစားရတာက ပုံမှန်ဆိုပေမယ့် တင်းကျပ်မှနေဲ့ ဖိအားတွေ ဖယ်ရှားနိုင်အောင် မှန်ကန်စွာ ညီညွတ်မျှတဖို့နဲ့ ကိုယ်၊ စိတ် ဖြေလျှော့ဖို အရေးကြီးပါတယ်။

စိတ်ဖိစီးမှု ကင်းဝေးတဲ့ စိတ်ကိုရရှိအောင် အခုဖော်ပြမယ့် ဖြေလျှော့နည်းများအတိုင်း လိုက်နာကြည့်လိုက်ပါ။

အာရုံစိုက်ပါ

စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်သောက ဖြစ်လာတိုင်း လုပ်နေတဲ့အရာကို ရပ်နားပြီး အချိန်အနည်းငယ်ယူကာ ဝင်သက်ထွက်သက်ကို အာရုံစိုက်လိုက်ပါ။

ဝင်သက်၊ ထွက်သက်ကို ဖြေးဖြေးချင်း နက်ရှိုင်းစွာ ရှူပါ။ သင့်ရှူရှိုက်မှုများကို ထိန်းချုပ်ပါ။

အဲဒီလို ဆောင်ရွက်ရာမှာ သက်သောင့်သက်သာ ရှိဖို့လိုပါတယ်။ ဒါကြောင့် ကုလားထိုင်မှာထိုင်ပါ ဒါမှမဟုတ် ဆိုဖာဖြစ်စေ၊ အိပ်ရာမှာ ဖြစ်စေ ခြေထောက်များ ဆန့်တန်းပြီး လှဲနေပါ။ အသက်ရှူခက်ခဲစေနိုင်တဲ့ တင်းကျပ်တဲ့ အဝတ်အစား တွေကို ဖယ်ရှားပါ ဒါမှမဟုတ် ခပ်ပွပွဝတ်ပါ။

သုံးမိနစ်မှ ငါးမိနစ်အထိ ဒါမှမဟုတ် စိတ်တည်ငြိမ်မှု ရတဲ့အထိ ဝင်သက်၊ ထွက်သက်ကို အာရုံစိုက်ပါ။

viber1.jpg

အားကစား လုပ်ပါ

စိတ်ဖိစီးမှု လျှော့ချရာမှာ အားကစားဟာ သင့်ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုလည်း အလွန်အထောက်အပံ့ ဖြစ်ပါတယ်။

ယောဂလေ့ကျင့်တာ ဒါမှမဟုတ် ရေကူးတာလိုမျိုး အားသိပ်မစိုက်ရတဲ့ အားကစားတွေက သင့်စိတ်ကို ရှင်းလင်းစေပြီး တစ်ချိန်တည်းမှာ ကြံ့ခိုင်မှုရှိစေပါတယ်။ ဒါ့အပြင် လူကြီးတွေအတွက် ဆေးရောင်ခြယ် စာအုပ်တွေလိုမျိုး သတိနဲ့ရှုမှတ်နည်းကုထုံးမှာ ပါဝင်တဲ့အခါ ဖိစီးမှုကင်းဝေးတဲ့ စိတ်ကို ရရှိတယ်လို့ တွေ့ရှိထားပါတယ်။

‘ဟင့်အင်း’ ဆိုပြီး ငြင်းတတ်အောင် သင်ယူပါ

အခွင့်အရေး အားလုံးကို ‘ဟုတ်ကဲ့’ လို့ ပြောတတ်ပေမယ့် တစ်ခါတလေ ‘ဟင့်အင်း’ လို့ ပြောလည်းရပါတယ်။ သင့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေက ပြောလာတဲ့ အစီအစဉ်နဲ့ အကြံပြုချက်တိုင်းကို သဘောတူနေရင် ငြီးငွေ့ပင်ပန်းပြီး မနိုင်ဝန် ထမ်းမိစေနိုင်ပါတယ်။

အနည်းငယ် ပင်ပန်းပြီး စိတ်ဖိစီးနေရင် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး သာယာတဲ့ ညနေခင်းကို နှစ်သက်ရာ ရုပ်ရှင်ကြည့်ပြီး ရေပူနဲ့ရေချိုးကာ ဖြေလျှော့လိုက်ပါ။

ရည်မှန်းချက်များ ချမှတ်ပါ

ရည်မှန်းချက်ကို အလွန်မြင့်မားစွာ ချမှတ်ထားရင် အလွယ်တကူ စိတ်ဖိစီးနိုင်ပါတယ်။ ဆိုလိုတာက အောင်မြင်မှုမရရင် မိမိကိုယ်ကို ကျရှုံးသူလို့ မြင်လာပြီး အပြုသဘောထား ဖြစ်မလာတော့ပါဘူး။

အဲဒီလို မသတ်မှတ်ဘဲ လက်တွေ့ကျတဲ့၊ အောင်မြင်နိုင်တဲ့ ရည်မှန်းချက်များနဲ့ လွယ်ကူအောင် ချမှတ်ပါ။ အလောတကြီး ပြုလုပ်စရာမလိုဘဲ အချိန်ယူနိုင်တယ် ဆိုတာ သတိပြုပါ။

ကျွန်ုပ်တို့အားလုံး အောင်မြင်ချင်ပေမယ့် အချိန်တိုအတွင်း အများကြီးအားစိုက်မိရင်တော့ သင့်ကိုယ်သင် ပိတ်ဆို့လိုက်သလို ဖြစ်တတ်ပါတယ်။

Source: Chubb

Myanmar Health Products Guide

viber.jpg

Read times
Rate this item
(1 Vote)