What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 February 2018 15:34

တစ္လအတြင္းအသားျဖဴမည့္ နည္းလမ္း (၄ )ခ်က္

တစ္လအတြင္းအသားျဖဴမည့္ နည္းလမ္း (၄ )ခ်က္ google.com

ပ်ိဳေမတို႔ေရ အသားအေရေကာင္းမြန္တဲ့သူက တစ္ပန္းသာတယ္ဆိုတာ တကယ္ပါပဲေနာ္။

ပ်ိဳေမတို႔ရဲ႕ အသားအေရဟာ ေနဒဏ္၊ ေလဒဏ္ေတြေၾကာင့္ ညိဳမဲေနတာေတြ၊ အသားအေရာင္မညီညာတာေတြနဲ႔ တျခား အသားအေရဆိုင္ရာ ျပႆနာေတြ အမ်ားၾကီး ရွိေနတတ္ပါတယ္။ ဒါေပမယ့္လည္း အခုေဖာ္ျပေပးမယ့္ နညး္လမ္းေလးေတြကိုသာ ေသေသခ်ာခ်ာ လိုက္နာေပးမယ္ဆိုရင္ေတာ့ အခ်ိန္တိုအတြင္းမွာ က်န္းမာျဖဴဝင္းတဲ့ အသားအေရ ရရိွလာမွာပါ။

(၁) ေရမ်ားမ်ားေသာက္ေပးျခင္း

ေရဟာ အသားအေရအတြက္ အထူးေကာင္းမြန္တဲ့ သဘာဝေဆးေကာင္းတစ္လက္ ျဖစ္ပါ တယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ အသားအေရၾကည္လင္လွပျခင္း၊ အမဲစက္နဲ႔ အေရးအေၾကာင္းေတြမျဖစ္ေအာင္ ကာကြယ္ေပးျခင္း၊ အရြယ္တင္ႏုပ်ိဳေစျခင္းစတဲ့ အက်ိဳးေက်းဇူးေတြအျပင္ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ အဆိပ္အေတာက္ေတြကို ေျဖေပးတာေၾကာင့္ အသားအေရကို အထူးလွပေစပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔အေနနဲ႔ အခ်ိန္တိုအတြင္း ျဖဴဝင္းျပီး ၾကည္လင္ဝင္းပတဲ့ အသားအေရကို ရရွိခ်င္ရင္ေတာ့ ပထမဆံုးအဆင့္ အေနနဲ႔ ေရမ်ားမ်ား ေသာက္ေပးရပါမယ္။

(၂) က်န္းမာေရးႏွင့္ ညီညြတ္စြာ စားေသာက္ျခင္း

က်န္းမာေရးႏွင့္ ညီညြတ္စြာစားေသာက္ျခင္းဟာ ခႏၶာကိုယ္က်န္းမာေစရံုသာမက အသားအေရကိုလည္း အထူးလွပေစပါတယ္။ အဝါေရာင္နဲ႔ လိေမၼာ္ေရာင္ရွိတဲ့ အသီးအႏွံေတြ၊ Vitamin C ၾကြယ္ဝတဲ့ အသီးအရြက္ေတြဟာဆိုရင္ အသားအေရကို ျဖဴဝင္းေစတဲ့ အစားအစာေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ က်န္းမာေရးနဲ႔ ညီညြတ္စြာ စားေသာက္ျခင္းကလည္း အသားျဖဴခ်င္တဲ့ ပ်ိဳေမတို႔အတြက္ အရမး္ကုိအေရးၾကီးပါတယ္။

(၃) ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္ေပးျခင္း

ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးတာဟာလည္း အသားအေရကို အထူးလွပေစတဲ့ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါ တယ္။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ခႏၶာကိုယ္က ေသြးလည္ပတ္မႈအားကို ေကာင္းေစတာေၾကာင့္ ေသြးထဲမွာရွိတဲ့ အညစ္အေၾကးေတြကို အတြင္းပိုင္းကေန သန္႔စင္ေပးပါတယ္။ စိတ္ဖိစီးမႈကိုလညး္ ေလ်ာ႔ပါးေစတာေၾကာင့္ အရြယ္တင္ႏုပ်ိဳေစတဲ့အျပင္ အသားအေရကို ၾကည္လင္ဝင္းပေစပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးဖို႔လည္း မေမ့လိုက္ပါနဲ႔ေနာ္။

(၄) ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ျခင္း

အသားအေရကို အတြင္းပိုင္းကလည္း ဂရုစိုက္ဖို႔လိုအပ္သလို၊ အျပင္ပိုင္းကလည္း ဂရုစိုက္ဖို႔လိုအပ္ပါတယ္။ အထူးသျဖင့္ ေနေရာင္ထဲမွာ အသားအေရကို အလြန္ပ်က္စီးေစႏိုင္တဲ့ ခရမ္းလြန္ေရာင္ျခည္ေတြနဲ႔ အျခားဓာတ္ေတြ အမ်ားၾကီးရွိေနပါတယ္။ ဒါေၾကာင့္ အသားအေရကို ပ်က္စီးညိဳမည္းေစတဲ့ ေနေရာင္ျခည္ဒဏ္ကေန ကာကြယ္ေပးျပီး ျဖဴစင္ဝင္းပတဲ့ အသားအေရ ရရွိေစမယ့္ Body Lotion ေကာင္းေကာင္း သံုးေပးဖို႔လည္း လိုပါတယ္။

Source: SM

 

Unicode

 

တစ်လအတွင်းအသားဖြူမည့် နည်းလမ်း (၄ )ချက်
ပျိုမေတို့ရေ အသားအရေကောင်းမွန်တဲ့သူက တစ်ပန်းသာတယ်ဆိုတာ တကယ်ပါပဲနော်။ ပျိုမေတို့ရဲ့ အသားအရေဟာ နေဒဏ်၊ လေဒဏ်တွေကြောင့် ညိုမဲနေတာတွေ၊ အသားအရောင်မညီညာတာတွေနဲ့ တခြား အသားအရေဆိုင်ရာ ပြဿနာတွေ အများကြီး ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် နညး်လမ်းလေးတွေကိုသာ သေသေချာချာ လိုက်နာပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ ကျန်းမာဖြူဝင်းတဲ့ အသားအရေ ရရှိလာမှာပါ။
(၁) ရေများများသောက်ပေးခြင်း
ရေဟာ အသားအရေအတွက် အထူးကောင်းမွန်တဲ့ သဘာဝဆေးကောင်းတစ်လက် ဖြစ်ပါ တယ်။ ရေများများသောက်ပေးခြင်းဖြင့် အသားအရေကြည်လင်လှပခြင်း၊ အမဲစက်နဲ့ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးခြင်း၊ အရွယ်တင်နုပျိုစေခြင်းစတဲ့ အကျိုးကျေးဇူးတွေအပြင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖြေပေးတာကြောင့် အသားအရေကို အထူးလှပစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ အချိန်တိုအတွင်း ဖြူဝင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိချင်ရင်တော့ ပထမဆုံးအဆင့် အနေနဲ့ ရေများများ သောက်ပေးရပါမယ်။
(၂) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာစေရုံသာမက အသားအရေကိုလည်း အထူးလှပစေပါတယ်။ အဝါရောင်နဲ့ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံတွေ၊ Vitamin C ကြွယ်ဝတဲ့ အသီးအရွက်တွေဟာဆိုရင် အသားအရေကို ဖြူဝင်းစေတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်းကလည်း အသားဖြူချင်တဲ့ ပျိုမေတို့အတွက် အရမး်ကိုအရေးကြီးပါတယ်။
(၃) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာဟာလည်း အသားအရေကို အထူးလှပစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါ တယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က သွေးလည်ပတ်မှုအားကို ကောင်းစေတာကြောင့် သွေးထဲမှာရှိတဲ့ အညစ်အကြေးတွေကို အတွင်းပိုင်းကနေ သန့်စင်ပေးပါတယ်။ စိတ်ဖိစီးမှုကိုလညး် လျော့ပါးစေတာကြောင့် အရွယ်တင်နုပျိုစေတဲ့အပြင် အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့လည်း မမေ့လိုက်ပါနဲ့နော်။
(၄) နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း
အသားအရေကို အတွင်းပိုင်းကလည်း ဂရုစိုက်ဖို့လိုအပ်သလို၊ အပြင်ပိုင်းကလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နေရောင်ထဲမှာ အသားအရေကို အလွန်ပျက်စီးစေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ အခြားဓာတ်တွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် အသားအရေကို ပျက်စီးညိုမည်းစေတဲ့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပြီး ဖြူစင်ဝင်းပတဲ့ အသားအရေ ရရှိစေမယ့် Body Lotion ကောင်းကောင်း သုံးပေးဖို့လည်း လိုပါတယ်။
Source: SM



Read times
Rate this item
(0 votes)